Carrie (2013)
Posted in knowledge
No comments
Sunday, 3 November 2013 By htwe naing
သဘာဝလွန်
စွမ်းရည်ကို အသုံးချပြီး ကျောင်းကပွဲ တစ်ခုရဲ့ ပွဲသိမ်းခါနီး အချိန်မှာ
ပွဲလာ တွေကို သွေးချောင်း စီးစေခဲ့ ရုံသာမက၊ မီးလောင် တိုက်သွင်း ပစ်ခဲ့တဲ့
ဆယ်ကျော်သက် မလေး Carrie အကြောင်း ဖတ်ကြည့်ပါဦး။
MPPA: Rated R for bloody violence, disturbing images, language and some sexual content.
Directed by: Kimberly Peirce
Written by: Lawrence D. Cohen, Roberto Aguirre-Sacasa, Stephen King (novel)
Cast: Chloe Grace Moretz, Julianne Moore, Gabriella Wilde, Portia Doubleday, Ansel Elgort, Alex Russell, Zoë Belkin
Telekinesis
(စိတ်စွမ်းအင်နဲ့ အရာဝတ္ထု တွေကို ရွေ့လျားစေ နိုင်တဲ့ မွေးရာပါ အထုံ)
ကိုအသုံးချပြီး ကြည်နူးစရာ ကျောင်းကပွဲလေး တစ်ခုရဲ့ ပွဲသိမ်းခါနီး
အချိန်မှာ ပွဲလာ တွေကို သွေးအလိမ်း လိမ်းနဲ့ သွေးချောင်းစီး စေခဲ့ရုံ သာမက၊
မီးလောင် တိုက်သွင်း ပစ်ခဲ့တဲ့ ဆယ်ကျော် သက် မလေး Carrie ရဲ့ဇာတ်လမ်း
ကိုတော့ ၁၉၇၆ ကထွက်ရှိ ခဲ့တဲ့ မူရင်း Carrie ဇာတ်ကား ကြည့်ဖူးတဲ့ သူတွေ
ဆိုရင် သူမ နာမည် ကြားလိုက် တာနဲ့ ဇာတ်ကား ထဲက Scene တွေ တော်တော်
များများကို အမှတ်ရမိ ကြမှာပါ။ ဒါနဲ့မူရင်း Horror ဇာတ်ကားနဲ့ ဘာတွေ
ကွာခြား သွားလဲ သိရအောင် ဒီနှစ် Holloween ပွဲတော် အမှီ October 18 မှာ
ရုံတင် သွားတဲ့ အသစ် စက်စက် Carrie (2013) ရဲ့ဇာတ်လမ်း သွားလေး ကို အရင်ဖတ်
ကြည့်ရအောင်။
Carrie
White ဟာသူမရဲ့ မိခင် Margaret White နဲ့အတူ Chamberlain မြို့ရဲ့
ဆိတ်ငြိမ်တဲ့ ရပ်ကွက် လေး တစ်ခုမှာ နေထိုင်တဲ့ အထက်တန်း ကျောင်းသူလေး
တစ်ဦးပါ။ အေးတိ အေးစက် နိုင်တဲ့ သူမရဲ့ အပြုအမူ တွေ၊ အရှက်အကြောက် ကြီးတဲ့
သူမရဲ့ ပုံစံ တွေကြောင့် ကျောင်း ပတ်ဝန်းကျင် မှာလည်း အတန်းဖော် တွေက အရော
တ၀င် ဆက်ဆံ ကြတာမျိုး မရှိတော့ Carrie ဟာ နုနယ် တဲ့ အရွယ်မှာ ကတည်းက
အပယ်ခံ ဘ၀မျိုးကို ရောက်ခဲ့ တယ်လို့ ပြောရမှာပါ။ သူမ ဒီလိုဖြစ် ရတာလည်း
တခြားကြောင့် မဟုတ်ပါဘူး။ ဘာသာရေး အယူ သီးပြီး သမ္မာကျမ်း တော်လာ မဟုတ်တဲ့
အရာ မှန်သမျှကို အကုသိုလ် အဖြစ် ယူဆလေ့ ရှိတဲ့ မိခင် Margaret ရဲ့တင်းကျပ်
တဲ့ ကွပ်ကဲမှု အောက်မှာ ကြီးပြင်းခဲ့ ရလို့ပါဘဲ။ ဘယ်လောက် ထိ ဆိုးရွား သလဲ
ဆိုရင်တော့ ယုတ်စွ အဆုံး သဘာဝ ဖြစ်ရိုး ဖြစ်စဉ် တစ်ခုဖြစ်တဲ့ သမီးဖြစ်သူ
အပျိုဖော် ၀င်လို့ ဓမ္မတာ လာတာ ကအစ အပြစ် တစ်ခု အနေနဲ့ ယူဆပါ သတဲ့။
တကယ်တမ်းတော့
Margaret ရဲ့အယူသီး မှုဟာ သူမရဲ့ စိတ်ရောဂါ ဝေဒနာ တစ်ခုကို လူမသိအောင်
ဖုံးဖိထား တဲ့အနေနဲ့ ဘာသာရေးကို ဗန်းပြထား ခြင်းသာ ဖြစ်ပါတယ်။ ဒီလို
စိတ်မနှံ့တဲ့ မိခင်မျိုးနဲ့ ကြီးပြင်း လာခဲ့ရတဲ့ ကလေးမ Carrie ဟာလည်း
သူ့ကိုယ်သူ အပျိုဖော် ၀င်လို့ ၀င်မှန်းတောင် မသိအောင် ထိုင်းမှိုင်း ပုံက၊
သွေးမြင်ပြီး အထိတ် တလန့်နဲ့ ကျောင်းရဲ့ အ၀တ် လဲခန်း ထဲမှာ အော်ဟစ် အကူ အညီ
တောင်းတာမျိုး တွေလုပ်မိတော့ နဂိုတည်းက သူမကို ပစ်ပယ် ချင်ကြ၊
အနိုင်ယူပြီး အသာစီး ချင်ကြတဲ့ အတန်းဖော် မိန်းကလေး တွေကြားမှာ အရှက်တကွဲ
ဖြစ်ရတော့ တာပေါ့။ ငိုကြီး ချက်မ ဖြစ်နေတဲ့ Carrie လေးကို ၀ိုင်းဟား
ကြရုံမက၊ အမျိုး သမီးသုံး ပစ္စည်းတွေနဲ့ ပစ်ပေါက်သူ ကပေါက်၊ အသား လွတ်
ဝိုင်းနိုင်ကြသူ တွေထဲမှာမှ အဆိုးဆုံး ကတော့ ရုပ်ချော သလောက် စိတ်ပုပ်တဲ့
ဆတ်ကော့ လက်ကော့ မလေး Chris ပဲပေါ့။ ရေချိုးဝတ် မလုံ့ တလုံနဲ့ ငိုယို
အော်ဟစ်နေတဲ့ Carrie ရဲ့ ဖြစ်အင်ကို ဗီဒီယို မှတ်တမ်း တင်ပြီး Facebook
ပေါ်က တောင် ဖွလိုက် ချည်သေး။ ဒီလို စနောက် ကျီစယ် ခဲ့လို့ ဘယ်သူ ဘယ်ဝါ
အတွက်မှ အကျိုးမရှိ တဲ့အပြင်၊ Chris တစ်ယောက် ဒီဖြစ်အင်မှာ ပါခဲ့တဲ့ တခြား
အာဂ ကောင်မလေး တွေနဲ့အတူ Prom ည “ကပွဲ” ကို တက်ရောက် ခွင့် ပိတ်ပင်ခံ
လိုက်ရတာဘဲ အဖက်တင် ခဲ့ပါတယ်။ ဒါကို မကျေချမ်း နိုင်သေးတဲ့ Chris ဟာ Carrie
ကြောင့် သူမ အပြစ်ပေး ခံရတယ် ဆိုတဲ့ အငြိုး အတေး ထားပြီး၊ Carrie ကို
တစ်သက် တာ မေ့မရ နိုင်မယ့် သင်ခန်းစာ မျိုးကိုပေးဖို့ စတင် ကြံရွယ်ပါ
တော့တယ်။
သူမရဲ့
အကြံအစည် ကတော့၊ Sue ဆိုတဲ့ မိန်းကလေးရဲ့ နောက်ကွယ်က ထောက်ပံ့မှုနဲ့ Prom
တက်ခွင့် ရခဲ့တဲ့ Carrie ကိုပွဲတက် အ၀တ် အစား တွေနဲ့ လူပုံလည်မှာ လှအောင်
ပြင်ဆင် ထားတဲ့ အချိန်ကျမှ ၀က်သွေးနဲ့ လောင်းပြီး အရှက်ခွဲ ဖို့ဘဲ
ဖြစ်ပါတယ်။ တစ်ပါးသူ ထိခိုက် နစ်နာအောင် ကျီစယ် တာမျိုးက ဒီပွဲမှာတော့
မထင်မှတ်ဘဲ ကြီးမားတဲ့ အကျိုး သက်ရောက်မှုမျိုး ရှိနိုင်တာကို မျက်ဝါး
ထင်ထင် မြင်ရတော့မှာပါ။ ဘာကြောင့်လဲ ဆိုတော့ Chris နဲ့အတူ Prom ပွဲကို
တက်ရောက် လာမယ့် တခြား ဧည့်သည်တွေ မသိသေးတဲ့ မွေးရာပါ လျို့ဝှက်ချက် တစ်ခုက
Carrie ဆီမှာ ရှိနေတယ်လေ။ အရာဝတ္ထု တွေကို စိတ်စွမ်းအင်နဲ့ ရွေ့လျား
စေနိုင်တဲ့ Telekinesis စွမ်းအား မျိုးကို Carrie ဆိုတဲ့ သူမ အထုံ
တစ်ခုနေနဲ့ ပိုင်ဆိုင်ထားရုံ မကဘဲ၊ ဒေါသပေါက်ကွဲမှု အလျောက် ဒီစွမ်းအား ရဲ့
အကျိုး ဆက် ကလည်း မတွေးဝံ့ စရာ ပိုများတတ် တာမျိုးပါဘဲ။ Carrie တစ်ယောက်
မကြုံဖူးတဲ့ အံ့သြမှု မျိုးတွေ၊ စိတ် လှုပ်ရှား မှုတွေ အပြည့်နဲ့ ကြည်နူးစရာ
Prom ည “ကပွဲ” လေးကို အများတန်းတူ ဆင်နွှဲ တက်ရောက် လာခဲ့ပြီးနောက်၊ သူမ
မျှော်မှန်းထားတဲ့ အပျာ်မျိုးတွေ Chris ရဲ့လက်ချက်နဲ့ ရုတ်ချည်း ဆိတ်သုန်း
သွားခဲ့ချိန် မှာတော့၊ Chris နဲ့အတူ သူမအပေါ် ရက်စက်မှု အကြိမ်ကြိမ် ကျူးလွန်
ထား သူတွေကို Telekinesis စွမ်းအား တစ်ခု အသုံး ချပြီး သူမနည်း သူမဟန်နဲ့
ဘယ်လို လက်တုန့် ပြန်ဦးမလဲ ဆိုတာ ၁၉၇၆ မူရင်း Carrie ဇာတ်ကား မှာတုန်းက
Horror Fan တွေနဲ့ ရင်းနှီးပြီး ဖြစ်တဲ့ “သွေး အလိမ်းလိမ်း ကျောင်းကပွဲ
ညလေး” ကိုခေတ်အမြင်၊ ခေတ် အပြင် အဆင် မျိုးတွေနဲ့ တကျော့ပြန် ဖန်တီး တင်ဆက်
ထားပါကြောင်း။
Stephen
King ရဲ့တစ်ချိန်က နာမည်ကျော် Horror ၀တ္ထုကိုဘဲ သုံးကြိမ်မြောက် ပြန်လည်
မှီငြမ်းထားတဲ့ Carrie ဇာတ်ကား အသစ် မှာတော့ လက်ရှိ ရေပန်းစား နေတဲ့
ဆယ်ကျော်သက် သရုပ်ဆောင် Chloe Grace Moretz နဲ့ Carrie ဇာတ်ကောင် ကို
ပြန်အသက် သွင်းထားပြီး၊ Boys Don't Cry ဇာတ်ကား ရဲ့ ဒါရိုက်တာ Kimberly
Peirce ကနေ တမျိုးတဖုံ ဆန်းသစ်အောင် ရိုက်ကူး တင်ဆက် ထားပေမယ့် မူရင်း 76's
version ကိုမှီတဲ့ လက်ရာ မျိုးတော့ မဖြစ်ခဲ့ပါဘူး။ အရင်ခေတ်က
မသုံးနိုင်ခဲ့တဲ့ CGI အထူးပြုလုပ်ချက် တွေကို ဒီ Remake ဇာတ်ကားမှာ
သုံးပြသွား ခဲ့ပေမယ့် သင့်အနေနဲ့ အထူးတလည် အံ့အားသင့် စရာမျိုးနဲ့ စိတ်လှုပ်
ရှားစရာ ပြကွက် မျိုး တွေကိုတော့ မျှော်လင့် မထား ပါနဲ့။ ခေတ် လူငယ်
တွေကြားမှာ ရေပန်း စားတဲ့ Social Media တွေရဲ့ နောက် ဆက်တွဲ ဆိုးကျိုး
အဖြစ် Cyber Bully လုပ်ခံရ တာမျိုး တွေကို ခေတ်နဲ့ လိုက်ဖက် ညီအောင် တစေ့
တစောင်း ထည့်ရိုက်ပေး ထားပါတယ်။ ဒါပေမယ့် ဇာတ်လမ်း ဇာတ်ကွက်နဲ့ တင်ဆက်ပုံ
တွေအနေနဲ့ ကတော့ Teen Romance နဲ့ Horror ပေါင်းထားတဲ့ Twilight ဇာတ်ထုပ်
တွေ လောက်သာ ပရိသတ် ရင်ကို ရိုက်ခတ်နိုင် မှာဖြစ်ပြီး၊ မူရင်း ဇာတ်ကား
ခြေရာကို နင်းနိုင်ဖို့ Scene တွေတော်တော် များများကို အတုခိုး
ရိုက်ရင်းနဲ့ ထိတ်လန့်ဖွယ် ဇာတ်ကား တစ်ကား အဖြစ် ကနေ လွဲချော်ခဲ့ရပုံ
တူပါတယ်။
နောက်ပြီး
အဆိုးဆုံး ကတော့ သင်ဟာ ဒါရိုက်တာ Brian De Palma ရဲ့ မူရင်း ဇာတ်ကား
မှာတုန်းက မင်းသမီး Sissy Spacek ရဲ့ Carrie ဇာတ်ကောင် အသက်သွင်း ပုံတွေကို
ကြည့်ဖူးသူ ဆိုရင်တော့ Chloe Moretz နဲ့ ဒီ ဇာတ်ကောင် စရိုက်မျိုး အလျဉ်း
မအပ်စပ် တာကို စိတ်ထဲ ခံစားမိ နေပါလိမ့်မယ်။ တစ်ခု ထဲသော ထူးခြားချက်
ဆိုလို့ Margaret White ရဲ့ဇာတ်ကောင် စရိုက်ကို အရင်ဇာတ်ကား မှာတုန်းက
ထက်ပိုပြီး စိတ်ဝင်စား စရာဖြစ်အောင် မင်းသမီး Julianne Moore ကနေ ပညာပြ
သွားတာ ကိုဘဲ အကောင်း ဘက် ကနေ ပြောရမှာပါ။ အကယ်၍ သင်ဟာ မူရင်း ဇာတ်ကားကို
လုံးဝ မကြည့် ဖူးသူ တစ်ယောက် ဆိုရင်လည်း၊ ဒီဇာတ်ကား ထဲမှာ သင့်ကို အထိတ်
တလန့်နဲ့ အံ့အား သင့် စေမယ့် ပြကွက် မျိုးတွေ ဆောင်ကျဉ်း ပေးထားမှာ
မဟုတ်လို့၊ ခြုံပြော ရရင် Carrie (2013) ဇာတ်ကား ဟာ သင့်အတွက် ကြည့်ပျော်
ရှုပျော်ရှိပြီး တခဏတာ အတွင်း မေ့ပျောက် လွယ်တဲ့ Horror Remake ဇာတ်ကား
တစ်ကားသာ ဖြစ်ပါကြောင်း။
Augus
www.mymclub .com
Related posts
Share this post
0 comments: