Biohacker Implants Smartphone-Sized Sensor Into His Arm
Posted in knowledge
No comments
Friday, 8 November 2013 By htwe naing
ကိုယ့်ရဲ့
လက်မောင်းသား ထဲကို စမက်ဖုန်း အရွယ်အစားလောက် ရှိတဲ့ seneor တစ်ခုကို
ထည့်သွင်းလိုက်ပြီး ဒီsensor ကကိုယ်ဘာဖြစ် နေသလဲ ဆိုတာ အချိန်နဲ့ တပြေးညီ
ခြေရာခံ စောင့်ကြည့် ပေးနေမှာပါ။
Biohacker
တစ်ယောက်ဟာ စမတ်ဖုန်း အရွယ် ရှိတဲ့ sensor ကိုသူ့လက်မောင်း သားထဲ
ထည့်သွင်း ထားပါတယ်။ အောက်ကပုံက နောက်ဆုံး ထွက် Saw ဇာတ်လမ်းထဲက
မဟုတ်ပါဘူး။ ဒါဟာ Biohacker Tim Cannon ရဲ့ဓာတ်ပုံပါ။ လူသားနဲ့ စက်ကို
ကိုယ်တိုင် ပေါင်းစပ်သူလို့ အဓိပ္ပာယ် ရတဲ့ "DIY Cyborg" ဆိုတာ သူ့ရဲ့
အမည်ပြောင် ပါပဲ။ သူက စမတ်ဖုန်း အရွယ်အစား လောက် ရှိတဲ့ Circadia 1.0
computer chip ကိုသူ့လက်ဖျံ အရည်ပြား အောက်မှာ ထည့်သွင်း ထားခဲ့တာ
ဖြစ်ပါတယ်။
Cannon
က "Circadia 1.0 ဟာကျွန်တော် နေမကောင်း ဖြစ်တော့မယ်လို့ သူတွက်မိရင်
ကျွန်တော့်ကို text message တစ်စောင် ပို့ပေး တယ်" လို့ Vice’s Motherboard
ကိုပြောပါတယ်။ ဒီကိရိယာက ဖျားနာခြင်း ဖြစ်စေတဲ့ အကြောင်းရင်း တွေကို
တွက်ချက် ဆုံးဖြတ်ပေး နိုင် တယ်လို့ ဆိုရမှာပါ။ နောက်လာမယ့် sensor တွေရဲ့
version တွေမှာ သွေးခုန်နှုန်း ကိုပါ ဖော်ပြပေး နိုင်ဖို့ ရှိနေပြီး ၀မ်းသာ
စရာက အရွယ် သေး လာသလို ကြောက်မက်ဖွယ် ပုံသဏ္ဍာန်လည်း နည်းသထက် နည်းလာမှာ
ဖြစ်ပါတယ်။ ဖောင်းထွက် နေတဲ့ ကိရိယာ၊ ဒဏ်ရာရ အရေ ပြားနဲ့ ချုပ်ရိုး
ကြမ်းကြမ်း တွေက မသိသာဘူး ဆိုရင်တောင်မှ ဒီလုပ်ငန်းစဉ်ဟာ ဆေးဘက်ဆိုင်ရာ
နည်းအရတော့ အတည်ပြုခြင်း မခံရသေး ပါဘူး။ ဒါကြောင့် Cannon ကခန္ဓာ ပြုပြင်
မွမ်းမံမှု ဘက်က ဦးဆောင်သူ တချို့ကို ဒီခွဲစိတ်မှုမှာ ပါဝင်ကူညီ ကြဖို့
စည်းရုံး ခဲ့တာပါ။ ဒါတင်မက သေးပါဘူး။ သူဟာ သက်ရှိခွေးရဲ့ ကိုယ်ထဲ မှာလည်း
ဒီကိရိယာကို မေ့ဆေး မသုံးပဲ ထည့်သွင်းခဲ့ ပါသေးတယ်။
"ကျွန်တော်တို့
ခန္ဓာကိုယ် တွင်းမှာ ဖြစ်ပျက်နေ တာတွေကို ကျွန်တော်တို့ လူနေမှု ၀န်းကျင်က
အလိုအလျောက် တိတိကျကျကို သိနေသင့် တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ ဥပမာ
ပေါ့ဗျာ ကျွန်တော် စိတ်ဖိစီးမှု အရမ်း များနေတဲ့ နေ့တွေမှာ ဆိုရင်ဒီ
Circadia ကကျွန်တော့် အိမ်ကို ဆက်သွယ်ပြီး ကျွန်တော် အိမ်ပြန်ရောက် တာနဲ့
စိတ်ဖြေလျှော့ လောက်တဲ့ တစ်ခုခုကိုကို ပြင်ဆင်ထား ပါလိမ့်မယ်။
မီးမှိန်မှိန်လေး ထွန်းထားတာ။ ရေနွေးနဲ့ ချိုးလို့ရအောင် စပ်ပေးထားတာ
မျိုးပေါ့ဗျာ။" လို့ Cannon ကပြောပါတယ်။ Cannon ကပထမဆုံး chip series ထုတ်
လုပ်မှုကို နောက်လ အနည်းငယ် အကြာမှာ စနိုင်ဖို့ မျှော်လင့် ထားပြီး ဒီလို
လုပ်နိုင်ဖို့ $500 ၀န်းကျင် ကျသင့်မယ်လို့ ပြောပါတယ်။ ဒါပေ မယ့်
ခန္ဓာကိုယ်ထဲ ကိရိယာ ထည့်သွင်းခြင်းဟာ အတည်ပြု မခံရ သေးတဲ့ အတွက်
စိတ်ဝင်စားတဲ့ hacker တွေအနေနဲ့ ဒါကို အတည်ပြု နိုင် အောင် ခန္ဓာ ပြုပြင်
မွမ်းမံ အဖွဲ့အစည်းနဲ့ ဆက်သွယ်ဖို့ လိုအပ် ပါလိမ့်မယ်။ ဒီအပိုင်းမှာ
ဆရာကြီး ဖြစ်တဲ့ Steve Haworth ကတော့ Cannon ရဲ့ခွဲစိတ် ဆရာဝန်နဲ့
ဆက်သွယ်ပြီး ဒီလုပ်ငန်းစဉ် အတွက် $200 ပူးပေါင်း ပါဝင်မယ့် အကြောင်း
ပြောခဲ့ပါတယ်။
www.mymclub.net
Related posts
Share this post
0 comments: