Mac OS X မှာ Admin password ကို ဘယ်လိုဖျက်မလဲ အပိုင်း ( ၁ )

Posted in
No comments
Sunday 17 November 2013 By htwe naing

cmd+S 

Mac OS X မှာ Admin password ကို ဘယ်လိုဖျက်မလဲ အပိုင်း ( ၁ )
#How to Reset Lost Admin Password on Mac OS X ( without internet connection )
password မေ့တာဆိုတာ မကြာခဏ တော်တော်များများမှာ ကြုံဘူးတဲ့ကိစ္စပါ။
Windows မှာ login admin password ပေးထားပြီး မေ့ခဲ့လျင်တော့ password reset လုပ်နိုင်တဲ့ boot cd တွေသုံးပြီး ဖျက်ပြစ်နိုင်ပါတယ်။
Mac OS X မှာရော ဘယ်လို reset လုပ်နိုင်သလဲဆိုတာကို password မသိတဲ့ Mac book pro တစ်လုံးကို သုံးဖို့ လိုလာတဲ့အခါမှာတော့ လိုက်ရှာကြည့်မိပါတယ်။ Windows မှာထက် လွယ်ကူတာ တွေရပါတယ်။ boot cd တောင်မလိုပဲ အလွယ်တကူ reset လုပ်နိုင်ပါတယ်း
အဆင့်တွေကတော့ ….
1. Access Single-User mode
computer ကို shutdown လုပ်လိုက်ပါ။ (restart မသုံးရပါ)။
power စတင်ဖွင့်လိုက်စဉ် OS X ရဲ့  Single User Mode ကိုဝင်ရန်
Command Key နဲ့  S Key ကို တွဲ့ ပြီးနိုပ်ထားပါ
အမဲရောင် (black screen ) single user mode ရောက် လျင် လွှတ်လိုက်ပါ။
root# ရောက်သည့်တိုင်စောင့်ပါ။
2. ရိုက်ရမယ့် command တွေကတော့ ….
Mount -uw / ပြီး return (enter) ခေါက်ပါ။
launchctl load/ System/Library/LaunchDaemons/com.apple.opendirectoryd.plist
တကြောင်းတည်း space ခြားပြီး ဆက်ရိုက်ရမှာပါ။ enter
ls /Users ပြီး enter
ls command ရိုက်ပြီးရင် .localized နဲ့  စတဲ့ စာတကြောင်း ပေါ်လာပါတယ်။ နောက်ဆုံး စာလုံးကတော့ username ဖြစ်ပါတယ်။ ဥပမာ … မှာ isosoft က username ပါ။
.localized Share smith. isosoft
dscl . passwd /Users/isosoft newpassword1 ရိုက် return ခေါက်ပါ။
newpassword1 က အသစ်ပေးမယ့် password အသစ်ပါ။
error message တစ်ခုပေးပါလိမ့်မယ်။
နောက်ဆုံး ရိုက်ရမယ့် command ကတော့ စက်ကို ပိတ်ရန်ဖြစ်ပါတယ်။
shutdown -h now <enter>
power ပြန်ဖွင့်လိုက်ရင် message တစ်ခုပေးပေမယ့် ပေးထားတဲ့ password အသစ်နဲ့  ဝင်လိုက်လို့  ရပါပြီ။
ဒီနည်းက internet ရှိဖို့ မလိုပါဘူး။ နောက် internet ရှိလျင် သုံးရမယ့် ဒီထက်လွယ်တဲ့နည်း အပိုင်း (၂) ကို နောက် post တစ်ခုမှာ တင်ပါဦးမယ်။ ။

www.apple4mm.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။