how to repair dead boot all sony xperia with sony pc companion

No comments
Tuesday 19 November 2013 By htwe naing

ကျွန်တော်တို့ ဒီနေ့ sony xperia ဖုန်းတွေမှာ boot ပြန်မတက်တော့တဲ့ အခါ sony pc companion နဲ့ ဘယ်လို boot ပြန်တက်အောင် လုပ်ကြမလဲ ? လုပ်နည်းလေးကလွယ်ပါတယ် internet connection ကောင်းကောင်းသာရှိဖို့ပဲလိုပါတယ် ဒီနည်းလမ်းကိုမပြောခင် ကျွန်တော်လျှာနည်းနည်းလောက်ရှည်ပါရစေ ကျွန်တော် အပါအဝင်သာမန် mobile user တော်တော်များများ အတွက်အသုံးဝင်တဲ့နည်းလေးပါ စကားပုံတစ်ခုလို (သိသူဖော်စား မသိသူဆိုင်ပို့) ပေါ့" ဆိုင်ပို့လိုက်တာကောင်းပါတယ် "ဆိုတဲ့ user တွေအတွက်လဲအသုံးဝင်ပါတယ် boot သေသွားပြီဆိုမှတော့ ဆိုင်ပို့ရတော့မှာပေါ့ flash tool လဲမကယ်နိုင်ပါဘူး။ တစ်ကယ်တန်းကြတော့ လုပ်နည်းကကိုယ်လက်ထဲမှာပဲရှိတယ် ဆိုတာပါပဲ( sony ဖုန်းတွေအသစ် ဝယ်လာတဲ့အခါ ဘူးလေးထဲမှာ တစ်ခြား accessory တွေအပြင် CD လေးတစ်ချပ် ပါလာတာကို သတိမထားမိကြလို့ပါ။ ဒီနေရာမှာတစ်ခုမေးစရာရှိပါတယ် "ကျွန်တော်/မ ဖုန်းကတော့ သူငယ်ချင်းစီက ပြန်ဝယ်ထားတာ second hand ပြန်ဝယ်ထားတာ ဘာ CD မှပါမလာဘူး" ဆိုတဲ့ user တွေလဲစိတ်မပူပါနဲ့ ဖုန်းကို power ပိတ် usb နဲ့ pc မှာ connect လုပ်ပြီးပြန်ဖွင့်လိုက်ရင်" install pc companion  "ဆိုတဲ့စာလေးကိုနှိပ် ပေးလိုက်ရင် pc မှာ install လုပ်ပေးပါလိမ့်မယ်)   အဲဒီ sony pc companion  လေးက pc ထဲက media files တွေကို ဖုန်းထဲကူးထည့်လို့ရသလို boot သေနေတဲ့ ဘယ် sony ဖုန်းမဆို boot ပြန်တက်လာအောင်လဲ လုပ်လို့ရပါတယ်။ samsung ဖုန်းတွေမှာလဲ ပါပါတယ် samsung kies လို့ရေထားပါတယ် samsung kies နဲ့လည်းရပါတယ် ဒါပေမဲ့ ကျွန်တော်တို့လို သာမန် user တွေအစင်မပြေပါဘူး။ samsung ကဘာဖြစ်လို့လဲဆိုတော့  ဖုန်းဝယ်လာတုန်းက register code တောင်းတော့ဘယ်လိုလုပ်သိတော့မှာလဲ သေရော ကျွန်တော် sony ကို samsung ထက်ကြိုက်ပါတယ် ဘာကြောင့်ကြိုက်ရသလဲဆိုတော့ samsung ဖုန်တစ်လုံး boot သေသွားပြီဆိုရင် pc မှာ usb ကိုမသိတော့ဘယ်လိုမှလုပ်လို့မရပါဘူး။ သိတဲ့သူရှိရင် အားကိုးပါတယ်။ sony ကတော့ boot သေသွားပြီဆိုရင် pc မှာ usb ကိုမသိတော့တာလဲပူစရာ မလိုပါဘူး။ ကဲလျှာရှည်တာလဲများသွားပြီ (မိကျောင်းသားရေ ) ဒီနည်းလမ်းလေးက mail ထဲက ကို harrymg နဲ့ တစ်ခြားသူတွေလဲ သိရအောင် စလိုက်ကြရအောင်
potter <pottermg87@gmail.com>


to me

မင်္ဂလာပါ အကို 
          ကျွန်တော်ရဲ့ xperia Z က ပြန်တက်မလာတော့လိုပါ။ Root Exlporer ကနေ မြန်မာဖောင့်ကို သွင်းပြီး တစ်ချို့ ဖောင့်တွေကို move sd card လုပ်လိုက်ပြီး permission ပေးဖို့မေ့သွားတော့ reboot ပြန်တက်မလာဘဲ sony xperia screen ပဲ ခဏခဏ ပေါ်နေပါတယ်။  ဖုန်းဆိုင်ကိုပြဖို့က နယ်မှာရောက်နေတော့ ပြင်တဲံ့ဆိုင်မရှိဘူးဖြစ်နေတယ်။ ကျေးဇူးပြုပြီးဘယ်လိုလုပ်ရမလဲ ဆိုတာပြောပြပေးပါ အကို။ အခုဖုန်းတက်မလာတော့ ဘာမှလုပ်မရဖြစ်နေလို့ဘာ။

၁။ပထမ ဆုံး sony pc companion ကို ဒီမှာ ယူလိုက်ပါ။
၂။ sony pc companion ကို pc မှာ install လုပ်ပါ။ install လုပ်ပြီး sony pc companion ကိုပြန်ပိတ်ထားပါ။
၃။ဖုန်းကို power ပိတ်ထားပါ battery ဖြုတ်လို့ရတဲ့ ဖုန်းဆို battery ဖြုတ်ပြီးပြန်တက်ထားပါ။
၎။ power ပိတ်ထားတဲ့ဖုန်းကို power ပြန်ဖွင့်ပြီး usb ကြိုးနဲ့ pc မှာ connect လုပ်ပါ။ usb ကြိုးနဲ့ connect လုပ်တဲ့အချိန်မှာ pc ကဖုန်း usb ကိုသိလိုက် မသိလိုက် ဖြစ်နေပါလိမ့်မယ်။
၅။ pc မှာ sony pc companion ကိုဖွင့်ပါ။ တစ်ကယ်လို့ ကိုယ်သုံးတဲ့ pc companion က update version ရှိတယ်ဆိုရင် သူ့အလိုလို download ဆွဲပြီး version အသစ်ကို install လုပ်ပေးပါလိမ့်မယ် install လုပ်ပြီး pc companion ပြန်ပွင့်လာတဲ့အထိ ခဏလေးစောင့်ပေးလိုက်ပါ။
၆။pc companion ပြန်ပွင့်လာရင် support zone ဆိုတဲ့ အကွက်ထဲက start ဆိုတာကို နှိပ်ပါ။

၇။start ဆိုတာကို နှိပ်ပြီးရင် နောက်ထက် Phone / Tablet software update မှာ start နှိပ်ပါ။


၈။start နှိပ်ပြီးရင် စာလုံးအပြာရောင်နဲ့ repair my phone / tablet ကိုနှိပ်ပါ။
 ၉။repair my phone/ tablet နှိပ်ပြီးရင် battery 80% ရှိရမယ် လို့ရေးထားတဲ့ စာရဲ့ အေအောက်နားက လေးထောင့် အကွက်လေးကို အမှန်ခြစ်ပေးပြီး next ကို သွားပါ။ battery အားပြည့်နေရင်ပိုကောင်းပါတယ်။
 ၁၀။ next ပြီးသွားရင် အောင်က ပုံမှာလို 1. start   2. prepare 3. update 4. finish ဆိုပြီး ထက်ပေါ်လာရင် continue ကိုနှိပ်ပါ။
 ၁၁။continue ပြီးရင် နောက်ထက် personal data will be lost ဆိုပြီးရေးထားတဲ့စာရဲ့ အောက်နားက အကွက်လေးထဲမှာ အမှန်ခြစ်ပေးပြီး next ကို click ပါ။


၁၂။ next ကို click ပြီးလို့ နောက်တစ်ဆင့်ရောက်ရင် အပေါ်ကလိုပဲ အောက်နားက အကွက်မှာ အမှန်ခြစ် ပေးပြီး continue ကို click ပါ။

၁၃။ click ပြီးရင် အောက်ကပုံ လို repair လုပ်မဲ့ phone ကို ရွေခိုင်းပါလိမ့်မယ်

၁၄။ ကိုယ့်ဖုန်း model ကောနာမည်ကော ပြပေးထားပါတယ် ကိုယ့်ဖုန်းကဘယ်ဟာလည်းဆိုတာရွေပြီး next ကို click ပါ။ပြီးသွား လို့ confirm ဖြစ်ပြီဆိုရင် downloading ဆိုပြီး ဆက်လုပ်နေပါလိမ့်မယ် အောက်ကပုံကိုကြည့်ပါ။
၁၅။အဲဒီ downloading အဆင့်ကို ရောက်ရင် internet connection ကျမသွားအောင် ဂရုစိုက်ပါ။ connection ကျသွားရင် support zone ကနေပြန်စပါ။နောက်တစ်ခုသတိထားရမှာက usb ကြိုးကို လုံးဝလုံးဝ မထိပါနဲ့ သာသာ ယာယာ ပဲထိုင်ကြည့်နေပါ။ ဒါတွေ အားလုံး ပြီးသွားရင် သူငယ်ချင်းရဲ့ boot ပြန်မတက်တဲ့ ဖုန်းလေး နောက် ၃၀ မိနစ်အတွင်း boot ပြန်တက်လာပါလိမ့်မယ်........လိုတာပိုတာ လေးကတော့ လုပ်ရင်းကိုင်ရင်း ကြည့်လုပ် လိုက်ကြပါတော့

ဒီလို နည်းလမ်းလေးတွေ သိလာအောင် ဖုန်းတွေ root လုပ်တက်လာအောင် အမြဲတမ်းကူညီပြီး ဖုန်းတွေယူလာပေးတဲ့ ကျွန်တော့ရဲ့သူငယ်ချင်း (ရဲမင်း) အသက် ၃၀( မပြည့်တပြည့် )အား သာဓု... သာဓု... သာဓု

အားလုံးပဲအစင်ပြေကြပါစေ။



Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။