Samsung မှ “Galaxy Grand 2” ကို ကြေညာ

Posted in
No comments
Monday, 25 November 2013 By htwe naing

တောင်ကိုရီးယား အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူကြီး Samsung ကတော့ လက်ရှိ Galaxy Grand ရဲ့ မျိုးဆက်သစ် ‘Galaxy Grand 2’ ကို မိတ်ဆက်ပွဲထုတ်လိုက်ပါပြီ။ Grand ကတော့ လက်ရှိပြည်တွင်း ဈေးကွက်မှာ GSM ရော CDMA ပါရပြီး ဈေးနှုန်းအသင့်အတင့်နဲ့ သုံးနိုင်တဲ့ Samsung ဖုန်းတစ်လုံး ဖြစ်တာကြောင့် လူကြိုက်များလျက် ရှိပါတယ်။
သိသိသာသာ ပြောင်းလဲသွားတဲ့အချက်ကတော့ ပုံမှာမြင်ရတဲ့အတိုင်းပဲ ဒီဇိုင်းပုံစံဟာ နောက်ဆုံးထွက် Galaxy Note 3 နဲ့ ဆင်တူနေပါတယ်။ သားရေကျောဖုံးနဲ့ ဖြစ်ကာ ထောင့်စွန်းပတ်လည်မှာလည်း ချုပ်ရိုးချုပ်သားတွေနဲ့ ဒီဇိုင်းထွင် ဖန်တီးထားပါတယ်။
သုံးစွဲထားတဲ့ မျက်နှာပြင်ကတော့ Grand တုန်းက အတိုင်း LCD ပဲ ဖြစ်ကာ ၅.၂၅လက်မ အရွယ်အစားနဲ့ Resolution 1280×720 ရုပ်ထွက် ဖြစ်ပါတယ်။ CPU (ပရော်ဆက်ဆာ) ကတော့ 1.2GHz Quad-core နဲ့ RAM ကိုလည်း 1.5GB သုံးစွဲ ထားကာ ဖုန်းတွင်းမှတ်ဥာဏ် 8GB စီစဉ် ပေးထားပါတယ်။ မလုံလောက်သေးရင် ထပ်မံချဲ့ထွင်နိုင်ဖို့ microSD ကဒ်ထည့်ဖို့ နေရာလည်း ပါဝင်ပါသေးတယ်။
တပ်ဆင်ထားတဲ့ Battery ကလည်း ပိုကောင်းလာပြီး 2600 mAh ပါ။ သူ့ရဲ့ နောင်တော် Galaxy Grand ထက် အစစ သာလွန်ကောင်းမွန်အောင် ဖန်တီးထုတ်လုပ် လိုက်တာ ဖြစ်ပြီး Dual-SIM (SIM ကဒ် နှစ်ခု) ထည့်သွင်း သုံးစွဲနိုင်မှာပါ။ အန်းဒရွိုက် OS 4.3 (Jelly Bean) နဲ့ မောင်းနှင်မှာ ဖြစ်ကာ ကင်မရာကတော့ 8MP အရည်အသွေးနဲ့ တပ်ဆင်ထားပါတယ်။ အဖြူ၊ အနက်နဲ့ ပန်းရောင် ဆိုပြီး ကာလာသုံးမျိုးနဲ့ ထုတ်လုပ် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
သူတို့ဆီမှာတော့ ပွဲထုတ်ကြေညာလိုက်ပြီ ဆိုတော့ မြန်မာနိုင်ငံကိုလည်း နှစ်ပတ်လောက် နေရင် ရောက်လာနိုင်ကြောင်း ခန့်မှန်းရပါတယ်။

Ref: gsmarena
credit- www.mmconsumerguide.com

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။