Eric Schmidt comments on Myanmar's tele network
Posted in knowledge
No comments
Tuesday, 5 November 2013 By htwe naing
Google
ရဲ့အမှုဆောင် အရာရှိချုပ် Eric Schmidt ကမြန်မာနိုင်ငံရဲ့ ပြောင်းလဲဖို့
အားထုတ်နေတဲ့ မိုဘိုင်း ဆက်သွယ်ရေး အပေါ် ကျေနပ် အားရ ခဲ့ပေမယ့်
မြောက်ကိုရီးယား ကတော့ ခုထိ မပြောင်းလဲ သေးဘူးလို့ ဆိုခဲ့ပါတယ်။
Google
ရဲ့ Executive Chairman ဖြစ်သူ Eric Schmidt ပာာဒီနေ့ Chinese University
of Hong Kong မှာအဲဒီ ကျောင်းနဲ့ ပူးပေါင်း လုပ် ဆောင် နေတဲ့ ဒေသစွန့်ဦး
တီထွင်မှု အစီအစဉ် (local entrepreneurship program) တစ်ရပ်ကို
ဖွင့်လှစ်ပေး ခဲ့ပါတယ်။ လွတ်လပ် ပွင့်လင်း မှု ရှိတဲ့ အင်တာနက် ကသာ startups
တွေနဲ့ တီထွင်နိုင်မှုကို အထောက်အပံ့ ဖြစ်စေတယ် ဆိုတာကို ယုံကြည် ထားတဲ့
အမှုဆောင် အရာရှိ ချုပ်ပာာ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ တို့ကို
ရောက်တုန်း ကဆို ဒီနိုင်ငံတွေက အင်တာနက် အသုံးပြု နိုင်မှုကို မြင့်တင်ဖို့
တော်တော် စိတ်ဝင်စား ခဲ့ပါတယ်။ Schmidt ပာာသူကို ဘယ်သူမှ ဖုန်းပြန်မခေါ်
ကြဘူး။ ဘာလို့လဲ ဆိုတော့ ဒေသခံ အုပ်ချုပ်သူ တွေပာာ ဖုန်းမသုံး ကြလို့
လို့တောင် ပာာသ လုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားပာာ
ကမ္ဘာပေါ်မှာ သီးသန့် ခွဲအထွက်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေ
၂၃ သန်း၊ ဖုန်း ၁သန်းလောက် ရှိပေမယ့် သူတို့ပာာ နိုင်ငံတွင်း မှာပဲ
ပြောကြပြီး ပြင်ပကို ပြောလေ့ မရှိပါဘူး။ သင်ပာာ နိုင်ငံ အတွင်းနဲ့ အပြင်က
သတင်း အချက်အလက် တွေကို မရ နိုင်ပါဘူး။ ဒါပာာ အဲဒီနိုင်ငံ ကပြည်သူ တွေကို
ဆိုးဝါးလှ တဲ့တာဝန် မကျေမှု ပါပဲလို့ Schmidt ကပြောခဲ့ ပါတယ်။ အရာရှိချုပ်က
ဆက်လက် ပြီး သူရဲ့ အလည်အပတ်ပာာ အကျိုး သက်ရောက်မှု လုံးဝ မရှိဘူးရယ်
လို့လဲ ပြောလို့ မရပါဘူး လို့ဆက်ပြော ခဲ့ပါတယ်။ Kim Jong-un အစိုးရ ကို
အင်တာနက် အနည်းငယ်လောက် ပွင့်လင်း လွတ်လပ်ခွင့် ပေးဖို့ ကြိုးစားပြီး
မကြာခင်ပဲ တောင်ကိုရီးယားနဲ့ ပင်လယ် ရေပိုင်နက် အငြင်းပွား နေရာက
ပြေလည်ဖို့ ကြိုးစား ခဲ့ပါတယ်။ Schmidt ကတော့ သမိုင်းက ယင်းကို ပိုကောင်း
လာလား၊ ဆိုးသွားလား ဆုံးဖြတ်ပေး လိမ့်မယ် ဆို တာ ကျွန်တော် တွေးမိ
ပါတယ်လို့ ပြောသွားပါတယ်။

အခြားတစ်ဖက်
မှာတော့ မြန်မာနိုင်ငံပာာ Schmidt မတ်လက လာရောက် လည်ပတ်ပြီး နောက်ပိုင်း
တိုးတက်မှု တွေအများအပြား ရှိခဲ့ပါတယ်။ အစိုးရက ဆက်သွယ်ရေး
ပိုင်းဆိုင်ရာမှာ SIM card ဈေးနှုန်း တွေကို ဒေါ်လာ ၅၀၀၀ လောက်ကနေ ဒေါ်လာ ၂၀
လောက်ထိ လျှော့ချခဲ့ တာတွေကို အရာရှိချုပ်က ထောက်ပြခဲ့ ပါတယ်။ ရလဒ် အနေနဲ့
ကတော့ ဖုန်းလိုင်းတွေ ချက်ချင်း တိုးလာတဲ့ အတွက် network ပာာထိခိုက်
လာတာပါပဲ။ ဆိုတော့ ပြောချင်တာက မြန်မာနဲ့ မြန်မာနိုင်ငံ သားတွေပာာ
ဖုန်းပြောရတာကို ကြိုက်တယ်။ အံ့သြဖို့ ကောင်းတယ်။ သူတို့က ကျွန်
တော်တို့နဲ့ တူတူပဲလို့ ပြောခဲ့ပါတယ်။ ပြီးတော့ နောက်ထပ် စိတ်ဝင်စား
စရာကောင်းတဲ့ အချက်က ၂၀၀၄ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးက e-mail အသုံးပြု
မှုကို ပိတ်ပင် ခဲ့ပါတယ်။ အဲဒီတုန်းက Hotmail, AOL နဲ့ Yahoo တို့လို
နာမည်ကြီး တွေပဲ ရှိခဲ့တာပါ။ Gmail ကအဲဒီ အချိန် တုန်းက beta ဗားရှင်းမှာပဲ
ရှိပါသေးတယ်။ ဒါကြောင့် ပိတ်ပင်တဲ့ ဥပဒေမှာ Gmail မပါခဲ့ဘဲ Google
ပာာမြန်မာနိုင်ငံမှာ ၁၀၀ ရာခိုင်နှုန်း ဈေး ကွက် ခွဲတမ်း ရရှိခဲ့ ပါတယ်။
နောက်ပြီး ကျွန်တော် နောက်တာ မပာုတ်ပါဘူး။ မြန်မာ နိုင်ငံရဲ့ ထိပ်တန်း
အရာရှိတွေ အားလုံးလိုမှာ Gmail အ ကောင့် ရှိပါတယ်လို့ Schmidt ကထပ်ပြော
သွားပါတယ်။


Related posts
Share this post
0 comments: