Supernatural Powers A Human Can Possess
Posted in knowledge
No comments
Friday, 8 November 2013 By htwe naing
စိတ်ဖတ်တာ၊
ဈာန်ကြွတာ၊ အရာဝတ္ထု တွေကို မထိမကိုင်ဘဲ ရွေ့အောင်လုပ်တာ အစရှိတဲ့
သဘာဝလွန် စွမ်းရည်တွေကို သိပ္ပံ နည်းကျ ရှင်းပြဖို့ ခက်ပေမယ့်လည်း
မရှိဘူးလို့တော့ ဆိုလို့မရ ပါဘူး။
တချို့
လူသား တွေက မွေးရာပါ သဘာဝလွန် ထူးခြား စွမ်းအင်တွေ ပါလာပြီး တချို့ကတော့
ကျင့်စဉ် တွေနဲ့ ထူးခြား စွမ်းအင်တွေ ရရှိအောင် ကြိုးစား ကြပါတယ်။ အောက်မှာ
ဖော်ပြထား တာတွေ ကတော့ လူသား တွေမှာ ရှိနိုင်တဲ့၊ ရှိနိုင် တယ်လို့
ယူဆရတဲ့ အံ့ဖွယ် စွမ်းအင်၁၀မျိုး အကြောင်း ဖြစ်ပါ တယ်။
၁။ Mind Control - စိတ်ကို ထိန်းချုပ်ခြင်း
ရှေးရှေး တုန်းက လူသား တွေဟာ သူတို့ရဲ့ စိတ်နဲ့ ကိုယ်ကို ထိန်းချုပ် စေစား နိုင်တယ် ဆိုတာ တွေဖတ် ဖူးကြ မှာပါ။ အရှေ့ တိုင်း မှာဆိုရင် များစွာသော ယောဂီ တွေနဲ့ ဂုရုကြီး တွေဟာ သူတို့ရဲ့ ရုပ်နဲ့ စိတ်ကို ပြင်းထန် တဲ့ ကျင့်စဉ်တွေ ယောဂတွေ ကျင့်လို့ ထိန်းချုပ် စေစား ပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် သူတို့က လူသားတွေ ရောက်ရှိ နိုင်တဲ့ နားလည် နိုင်တဲ့ အခြေအနေ တစ်ခု ထက်ကို ကျော်လွန် ရောက်ရှိ သွားတာ ဖြစ်နိုင် ပါတယ်။

၂။ Telepathy - စိတ်ဖြင့် ဆက်သွယ်ခြင်း
တယ်လီပသီ ဆိုတာ တစ်ယောက်ကို တခြား တစ်ယောက်က ဘာကြားခံ ပစ္စည်းမှ မသုံးပဲ စိတ်ချည်း သက်သက် ဆက်သွယ် တာ ဖြစ်ပါတယ်။ ဒါကို သဘာဝ ထက် လွန်တယ်ပဲ ပြောရ မှာပေါ့။ သာမန်လူ တွေက ဒီစွမ်း အားကို ခဏ တဖြုတ် တစ်ခါ တစ်လေ ရတတ် ပါတယ်။ ဒါပေမဲ့ telepathists တွေ (စိတ်ဖြင့် ဆက်သွယ် နိုင်စွမ်းရှိသူတွေ) ကတော့ သာမန်လူ တွေထက် ပိုပြီး အကြိမ် များစွာ ဖြစ်ပေါ် တတ် ပါတယ်။

၃။ Levitation - ဈာန်ရခြင်း
ဈာန်နဲ့ လေပေါ်ဝဲတာ ခုတလော Dynamo တို့ကြောင့် ပြန်ခေတ်စား လာပါတယ်။ မှော်ဆရာ တွေက သူတို့ရဲ့ သဘာဝလွန် အစွမ်းကို ပြဖို့ ဈာန်ကြွ ကြပါတယ်။ မြေဆွဲ အားကို ဆန့်ကျင်ပြီး လေမှာ ပျံဝဲပြ တာပါ။ ကျွန်တော် တို့ကတော့ သူတို့ကြောင့် မျက်စိပြူး ပါးစပ် အဟောင်း သား ဖြစ်သွား ဖို့ပဲ တတ်နိုင် ပါတယ်။

၎။ Pyrokinesis - စိတ်ဖြင့် မီးဖြစ် စေခြင်း
Pyrokinesis ဆိုတာ မွေးရာပါ အရာဝတ္ထု တွေကို စိတ်နဲ့ မီးလောင် စေနိုင်တဲ့ အစွမ်းကို ဆိုလို ပါတယ်။ ဒီအစွမ်း ကို ပုံပြင်တွေ ဇာတ်လမ်းတွေ ထဲမှာ မကြာ ခဏ ကြား ဖူးမှာပါ။ ရာမယနလို Mahabharata လိုရာ ဇ၀င်၊ ဇာတ်နိပါတ် တွေမှာ ဒီအစွမ်း ရှိတဲ့ သူရဲကောင်း တွေအကြောင်း ပါလေ့ ရှိပါတယ်။

၅။ See Through Illusions - အရာရာကို ထိုးထွင်း သိမြင်ခြင်း
ကျွမ်းကျင်သူ တွေရဲ့ အဆိုအရ ဒီလူတွေ ဟာအမှန် တရားကို တခြား လူတွေ ထက် ပိုသိလွယ် ပါတယ်။ ခင်ဗျားက ဘယ်လိုပဲ ဖုံးကွယ် ပါစေ သူတို့က သိတာ ပါပဲ။ ဒါက တကယ့်ကို သာမန် ထက် ထူးခြား တယ် မဟုတ်လား။

၆။ See Spirits - ၀ိညာဉ်တွေ ကိုမြင်နိုင်ခြင်း
ဒီဟာက ဟောလိဝုဒ် ရုပ်ရှင်ကား တွေ အကြောင်း မဟုတ် ပါဘူး။ အပြင် တကယ့် လူသား တွေပါ။ ကမ္ဘာအရပ် ရပ်မှာ တချို့ လူတွေဟာ ၀ိညာဉ် တွေကို မြင်နိုင် ဆက်သွယ်နိုင် (စကားတောင် ပြောနိုင်တဲ့) စွမ်းအားကို ပိုင်ဆိုင် ပါတယ်။ ကျွမ်းကျင်သူ တွေကတော့ ဒီလူသား တွေ ဟာ သေဆုံး ပြီးတဲ့ လောကနဲ့ ရှင်သန်ဆဲ လောက ကို ဆက်သွယ် သူတွေပါ လို့ဆိုပါ တယ်။

၇။ Telekinesis - အရာဝတ္ထု တွေကို စိတ်ဖြင့် ရွေ့လျား စေခြင်း
ဒါက ပစ္စည်း တွေကို မထိမကိုင် ပဲနဲ့ စိတ်ချည်း သက်သက် ဖြင့်သာ ရွှေ့လျား စေတာကို ဆိုလို ပါတယ်။ ဒါကို မျက်လှည့် ဆရာတွေ လုပ်ပြ တာ မြင်ဖူး မှာပါ။ ရုပ်ရှင်ဆိုရင် နောက်ဆုံး ထွက် Carrie မှာဒါကို ရိုက်ပြ ထားတာ ကိုမြင်ရ မှာပါ။ ရှေးကတည်း ဒီစွမ်းအင် ကိုပိုင်ဆိုင် သူတွေ များစွာ ရှိတာ သမိုင်း ကြောင်း အထင် အရှား ရှိပါတယ်။ အကျော် ကြားဆုံး တစ်ယောက် ကို ပြောပါ ဆိုရင် Russia က Nina Kulagina (30 July 1926 – April 1990) ပါ။

၈။ Psychometry - အလိုလို သိစိတ်
အလိုလို သိစိတ်လို့ ဒီနေရာ မှာဆို ပေမဲ့ စိတ်ပညာ စာအုပ်တွေ ထဲက အလိုလို သိတဲ့ စိတ်ကို ပြောမှာ မဟုတ် ပါဘူး။ ကျွန်တော် ပြောချင် တာက တကယ့်ကို စပါယ်ရှယ် သိစိတ် တစ်မျိုးပါ။ ဒီပါဝါကို ကမ္ဘာ ပေါ်မှာ လူ အနည်းစု ကပဲ ပိုင်ဆိုင် ပါတယ်။ သူတို့မှာ လူ တစ်ယောက် နဲ့ ထိလိုက်တာ ဒါမှ မဟုတ် အဲ့လူရဲ့ ပစ္စည်း တစ်ခုခုနဲ့ ထိလိုက်တာနဲ့ အဲ့လူ အကြောင်း အလိုလို သိသွားတဲ့ စွမ်းအင် ရှိကြပါ တယ်။

၉။ Astral Projection - ရုပ်ပြောင်း စိတ်ခွာ ၀ိညာဉ် လွှင့်ခြင်း
ဒီအစွမ်းကို ပိုင်ဆိုင် သူတွေမှာ သူတို့ရဲ့ နာမ်စိတ်ကို ထိန်းချုပ် နိုင်စွမ်း ရှိပါတယ်။ တချို့လူတွေ ယုံကြည် တာက ခန္ဓာကိုယ်က တစ်နေရာ မှာ ဖြစ်နေချိန် မှာ ၀ိညာဉ်ကို တစ်ခြား နေရာသို့ ပို့လွှတ် နိုင်ပါ တယ်။ ရှေးအိန္ဓိယ ယောဂီတွေမှာ ဒီစွမ်းအား ပိုင်ဆိုင် တယ်လို့ ယုံကြည် ကြပါ တယ်။ နှစ်ပေါင်း များစွာ တရားထိုင် ခြင်းဖြင့် သမာဓိ အဆင့် အမြင့်ဆုံး ရောက်ရှိ ချိန်မှာ ဒီစွမ်းအား ကို ပိုင်ဆိုင် ရရှိစေ တယ်လို့ ဆိုပါတယ်။ (ဒီနေရာမှာ တရား ထိုင်တယ် ဆိုတာ meditation ကို မြန်မာလို ဘာသာ ပြန်တာ ပါ။ ဘာသာ ရေးနဲ့ မရောထွေး စေလိုပါ။ ယောဂ ကျင့်စဉ်လို စိတ်ကျင့် စဉ်လို သဘောမျိုး ဖြစ်နိုင် ပါတယ်။)

၁၀။
Immortality (or Regeneration) - ထာဝရ အသက် ရှင်ခြင်း သို့မဟုတ် အသစ်
ပြန်လည် ဖြစ်ပေါ် ခြင်း လူတွေမှာ အသစ် ပြန်လည် ဖြစ်နိုင်တဲ့ စွမ်းအားမျိုး
ပိုင်ဆိုင်ရင် မသေ နိုင်တဲ့ စွမ်းအင်ရှိ တယ်လို့ပဲ ပြောရ မှာပါ။
တချို့လူတွေ သူတို့ရဲ့ စိတ် စွမ်းအင်ကို အသုံးပြု ပြီးတော့ သူတို့
ကိုယ်ခန္ဓာကို သူတို့ ဘာသာ လျင်မြန်စွာ ကုစား နိုင်စွမ်း ရှိပါတယ်။ ထိခိုက်
ပွန်းပဲ့ ဒဏ်ရာ တွေကိုဒီ စွမ်းအားကို သုံးလို့ မိနစ် အနည်း ငယ် အတွင်း
ပျောက်ကင်း စေပါတယ်။ တချို့ကတော့ တခြားလူ တွေကိုလည်း ကုသ ပျောက်ကင်း
စေပါတယ်။
Mai Shine
www.mymclub.net
Related posts
Share this post
0 comments: