How to Love Yourself (Part 1)

Posted in
No comments
Thursday 14 November 2013 By htwe naing

လူတွေက တစ်စုံတစ်ယောက် ဆီက ရရှိလာမယ့် အချစ်မေတ္တာကို မျှော်လင့်ရင်းနဲ့ အချိန်တွေကို ဖြုန်းတီးမိတတ် ကြပါ တယ်။ တစ်စုံတစ်ယောက်ကို ချစ်မယ့် အစား မိမိကိုယ်ကို ချစ်ခင် လိုက်ပါ။
ကျွန်တော်တို့ တတွေက ကိုယ့်ကို ချစ်လာမယ့် သူကို စောင့်ဆိုင်းရင်း၊ ရှာဖွေရင်း၊ တောင့်တ ရင်းနဲ့ ဘ၀ရဲ့ အချိန် တော်တော် များများကို ကုန် လွန်ပစ် ခဲ့ပါတယ်။ အချစ်မရှိရင် ဘ၀က ပျောက်ဆုံး နေသလို ခံစားခဲ့ ကြပါတယ်။ တစ်စုံ တစ်ယောက်ကများ ကျွန်တော် တို့ဆီကို အချစ်တွေ နဲ့ ရောက်လာပြီး ကွက်လပ်ကို ဖြည့်ပေး လေမလား ဆိုပြီး စောင့်ဆိုင်းခဲ့ ကြပါတယ်။ ဒါမျိုးက လူတိုင်း ကြုံနိုင်တဲ့ ဘ၀ မဟုတ်ပါ ဘူး။ ကိုယ့် ကိုယ်ကို လေးစား တန်ဖိုးထား ချစ်ခင်တာ ကမှ အရေး အကြီးဆုံး အရာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ချစ်ခင်နိုင်မှ သူတပါး ကိုလည်း ချစ်ခင် ကြင်နာမှုတွေ မျှဝေပေး လို့ရမှာပါ။ အခြားလူ တစ်ယောက်က သင့်ကို ချစ်ခင် ကြင်နာနိုင် မလားဆိုပြီး မျှော်လင့် နေတာက အကယ်၍ သူတစ် ပါးက သင်လိုချင်တဲ့ အရာများကို မဖြည့်ဆည်း ပေးနိုင်ဘူး ဆိုရင် သင်ခံစား နေရတာ တွေက ပိုလို့ တိုးလာနိုင် ပါတယ်။

How to love yourself

အချစ်ခံ ရဖို့ ဆိုတာက သင့်ကိုယ်သင် ချစ်သလောက် သူတစ်ပါးကို အရင်ချစ်ခင်တတ် ရပါမယ်။ ဆိုလိုတာက သင့်ကိုယ်သင် တန်ဖိုးထား သလောက် သူတစ်ပါး ကလည်း သင့်ကို တန်ဖိုး ထားမှာပါ။ အရင်ဦးဆုံး သင့်ကိုယ်သင် ချစ်ခင်ပါ။ မိမိကိုယ်ကို တန်ဖိုးထား လေးစားလိုက် တာနဲ့ သင့်မှာ စွမ်းအားတွေ တိုးလာမှာပါ။ လူနေခြုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားပုံ လိုပါပဲ။ ဘ၀ အခြေအနေက ဘယ်လိုပဲ ဖြစ်ဖြစ် မိမိ ကိုယ်ကို လျှော့မတွက် ပါနဲ့။ ဒီနည်းလမ်းက သင့်ဘ၀မှာ ကောင်းသော အခွင့်အလမ်းတွေ ဖြစ်ပေါ်လာဖို့ လမ်းညွှန် ပြပါလိမ့်မယ်။ ဘ၀မှာ နေထိုင် ရတာ ဘာအဓိပ္ပါယ်မှ မရှိဘူး ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးပါနဲ့။ နေ့စဉ်နေ့တိုင်း လူတွေဟာ မွေးဖွား၊ သေဆုံးနေ ကြပါတယ်၊ ဒါကြောင့် ဘ၀ကြီးကို ကောင်းမွန်စွာ ဖြတ်သန်း ရအောင် မိမိကိုယ်ကို တန်ဖိုးထားပါ။ တစ်ခါတစ်လေ ကျွန်တော်တို့က တစ်ဦး တစ်ယောက် အပေါ်မှာ မှီတွယ်လွန်း အားကြီးစွာ ခံစားတတ် ပါတယ်။ အဲဒီလို ချစ်ခင်မှု မျိုးက ငါ ဒီကိစ္စကို ဒီလိုလုပ်လိုက်ရင် သူတော့ ငါ့ကို ကြိုက်ပါ့မလား။ သူငါ့ကို ဘယ်လို ထင်မလဲ။ အဲသလို မျိုးတွေ ခံစားပြီး ဘာမဆို သူ့ဘက် လိုက်ပြီး စဉ်းစားပေး နေပါတယ်။ ဒါတွေကို နောင်တစ်ချိန်မှာ နောင် တရ တတ်ကြ ပါတယ်။

How to love yourself

၁။ သူတစ်ပါးကို မေတ္တာနဲ့ ပြောဆို ဆက်ဆံပါ။
သူတစ်ပါးကို ကူညီခြင်းသည် မိမိ၏ ပျော်ရွှင်ခြင်းကို ရှာဖွေ တွေ့ရှိနိုင် ပါသည်။ ပရဟိတ အလုပ်လိုမျိုး မေတ္တာ သက်သက်နဲ့ သူတစ်ပါးကို ပေး တဲ့ အကြင်နာ တွေက မိမိမျက်နှာမှာ အပြုံးပန်းတွေ ပွင့်လန်း စေပါတယ်။

၂။ အကြင်နာ၊ ဂရုဏာ များနဲ့ ကူညီတတ်အောင် လေ့ကျင့်ပါ။
သင့်မှာရှိတဲ့ အရာများကို သူတစ်ပါးကို ဝေငှတတ် ခြင်းက သင့်ကို လူပီသ စေပါတယ်။ ကံမကောင်း အကြောင်း မလှတဲ့ ကလေးငယ်တွေ၊ လူ အိုတွေကို သင်တတ်နိုင် သလောက် ကူညီခြင်းဖြင့် သင့်ရဲ့ အကြင်နာများ တိုးပွားအောင် နေထိုင်ပါ။

၃။ ဒိုင်ယာရီ ရေးတဲ့ အလေ့အကျင့် လုပ်ပါ။
နေ့စဉ်မှတ်တမ်းရေးတာက မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတဲ့နည်းတစ်ခုပါပဲ။ သင့်ခံစားချက်တွေကို သင့်သူငယ်ချင်း မဟုတ်ပဲ နေ့စဉ် မှတ်တမ်းမှာ ဖွင့်ဟတာက အကောင်းဆုံးဖြေဆေးတစ်ခုပါပဲ။

How to love yourself

၎။ အတိတ်တွေကို လက်လွှတ်တတ်ဖို့သင်ယူပါ။
သင့်ဘ၀ကို နောက်တစ်ကြိမ် အသစ်ပြန်စနိုင်ပါတယ်။ ကြုံခဲ့ပြီးတဲ့ ပြဿနာတွေအတွက် နောင်တ တဖန်ပြန်လည် ပူဆွေးနေခြင်းမှ ရပ်တန့်ပြီး အပြင် လောကကြီးကို လေ့လာလိုက်ပါ။ သင့်ထက် ခက်ခဲပင်ပန်းတဲ့ ဘ၀တွေကို ရင်ဆိုင်ဖြတ်သန်း နေရတဲ့ လူပေါင်းများစွာ ရှိတယ်ဆိုတာ သင်မြင်ရင် သင့်ရဲ့ အမှားတွေ၊ ဖြစ်ပြီးသား ကိစ္စတွေ အပေါ်မှာ  ပူဆွေးနေပြီး ဖြေမဆည်နိုင် ဖြစ်နေမယ့် အစား  ဘ၀ကို နောက်တစ်ကြိမ် သ တ္တိရှိရှိနဲ့ ပြန်လည်ရင်ဆိုင်လိုက်ပါ။

၅။ မိမိကိုယ်ကို ခွင့်လွှတ်ပါ။
ပြဿနာ တွေကနေ  သင်ခန်းစာယူပါ။ မိမိကိုယ်ကို ခွင့်လွှတ်တတ် ပါစေ။ သင့်ကိုယ်သင် မှန်ထဲမှာ ကြည့်ပြီး  "ငါမင်းကို ခွင့်လွှတ်တယ်ကွာ" အဲသည်လို ပြောကြည့်ပါ။ ဒါက ရယ်စရာကြီး ဖြစ်နေတယ်ဆိုရင်  အော်ရယ်လိုက်ပါ။ ဒါဆိုရင် ဖြစ်နေတဲ့ ပြဿနာတွေ ကြားကနေ သင်ရယ်နိုင် သေးပါတယ်။ နေ့သစ်တိုင်းက အသစ်တစ်ဖန် ပြန်လည် စတင်ဖို့ အခွင့်အရေးပါပဲ။

၆။ မိမိစိတ်အားတက်စေမယ့် စကားစု (သို့) အရာတစ်ခုခုကို သင်နေ့တိုင်းမြင်နိုင်တဲ့နေရာမှာထားပါ။
မှတ်စုတို လေးတွေကို နံရံမှာ ကပ်ထားပြီး မိမိကိုယ်ကို စိတ်အား တက်အောင်နေ့စဉ် ရွတ်ဆိုပါ။ ဥပမာ မိမိကိုယ်သာ အားကိုးရာ။ ဒါမျိုးရေးပြီး စာကျက်မယ် ဆိုရင်တော့ သင့်ကိုယ်သင် အားကိုးမှ စာမေးပွဲအောင် မယ်ဆိုတာ အမြဲသတိရ နေမှာပါ။ သင်က ၀ိတ်ချနေတယ် ဆိုရင်တော့ ကိုယ်ဖြစ်ချင်တဲ့ မော်ဒယ်ဆိုဒ် ကိုကပ်ထားပါ။ ငါလည်း လေ့ကျင့်ခန်း လုပ်ပြီး တစ်နေ့ဒီလို ဖြစ်ရမယ် ဆိုပြီး လေ့ကျင့်ပါ။ သင့်အိပ်မက် တွေကို မမေ့အောင် လုပ်ကြည့်ပါ။

How to love yourself

၇။ မှန်ရှေ့မှာထိုင်ပြီး  သင့်ကို စိတ်ရှုပ်အောင်အမြဲလုပ်တဲ့လူကို မြင်ယောင်ကြည့်ပါ။
မှန်ရှေ့မှာ ထိုင်ပြီး  သင့်ကို အမြဲ နှောက်ယှက်တဲ့ လူပုံကို စိတ်ကူးပြီး ပုံဖော်ကြည့်ပါ။ ပြုံးပြပြီး ငါမင်းကို ဂရုမစိုက်ဘူး၊၊ ငါ့သဘောနဲ့ ငါ့ဘ၀ကို တည်ဆောက်မှာ လို့ပြောကြည့်ပါ။ သင့်ကို အခြားလူ လွှမ်းမိုး တာကို လက်မခံပါနဲ့။ သင့်ကိုယ်သင် ချောမော လှပတယ်လို့ ယုံကြည်ထားပါ။ ဒါ ဆိုရင် သင်ကြည့်နေတဲ့ သင်ကလည်း လှပနေမှာပါ။

၈။ သင်လိုချင်ခဲ့တယ်ဆိုတဲ့ အရာဝတ္ထုတွေ ၊ ခံစားချက်တွေကို ပြန်လည်စမ်းစစ်ပါ။
လူတိုင်း အိမ်ကောင်းကောင်း၊ ကားကောင်းကောင်း၊ ချစ်သူကောင်းကောင်း  အကောင်းဆုံး တွေကိုချည်း လိုချင်တာပါ။ ဒါပေမယ့် သင်လိုချင် တာထက် အမှန်တကယ် လိုအပ်တာကို စဉ်းစားကြည့်ပါ။ တခါတရံမှာ သင့်အတွက် အမှန်တကယ် လိုအပ်တာနဲ့ လိုချင်တာ တွေကို ခွဲခြားလို့ မ ရနိုင်ပါဘူး။ သေသေချာချာ တွေးကြည့်မယ် ဆိုရင်တော့ သင်လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားနိုင်မှာပါ။

၉။ နေ့စဉ်မှတ်တမ်းရေးပါ။
သင့်ဘ၀ အတွေ့အကြုံ တွေကို ဆိုးဆိုးကောင်းကောင်း ရေးချပါ။ သင့်နေ့စဉ် မှတ်တမ်း ထဲမှာ ကောင်းတာတွေ ရေးရင် သင့်မှာ ကောင်းတဲ့ အရာ တွေရှိခဲ့တယ်လို့ ခံစားရ စေမှာပါ။ ပြဿနာတွေ တွေ့ကြုံခဲ့ကြောင်း ရေးရင် သင်ဒါတွေ ကနေ သင်ခန်းစာ ယူတတ်လာမှာပါ။

How to love yourself

၁၀။ ဇွဲရှိပါ။
သင်လုပ်တဲ့ အလုပ်ကို ချစ်ခင်မြတ်နိုးပါ။ မိမိကိုယ်ကို ယှဉ်ပြိုင်၍ ဒီနေ့ထက် မနက်ဖြန် ပိုတော်အောင် ကြိုးစားပါ။ အခြားသူကို ချစ်ခင်ခြင်း သည် အရှိကို အရှိအတိုင်း လက်ခံခြင်း ဖြစ်သည်။ မိမိကိုယ်ကို လည်း အရှိကို အရှိအတိုင်း လက်ခံပြီး ကြိုးစားပါ။

၁၁။ အလုပ်စလုပ်တိုင်းမှာ  သင်ဖြစ်ချင်တဲ့ ပုံစံအတိုင်း လုပ်ပါ။
အကောင်းဆုံး ဆင်ခြင်စဉ်းစားပြီး အကောင်းဆုံး ကြိုးစားလုပ်ကိုင်ပါ။ ပိုကောင်းတဲ့ ရည်မှန်းချက် တွေကို ရည်မှန်းပြီး အလုပ်လုပ် တတ်သူ ဖြစ်ပါစေ။ အလုပ်ခွင်မှာ ရွှင်လန်း တက်ကြွပြီး စိတ်ပါဝင် စားစွာ ရှိပါစေ။

၁၂။ သင့်ရဲ့ အောင်မြင်မှုတွေနဲ့ သင့်ကိုယ်သင် ကန့်သတ်မထားပါနဲ့။
သင်ပြီးမြောက်အောင် လုပ်နိုင်တဲ့ အရာတွေ အတွက် ဂုဏ်ယူပါ၊ သင်မလုပ်နိုင် တာတွေ အတွက် ပူဆွေး မနေပါနဲ့။ အောင်မြင်လိုက်တဲ့ အရာ ကလည်း မှတ်တိုင် တစ်ခုဆိုတာ အမှတ်ရပါ။ ပန်းတိုင် မဟုတ်သေးပါဘူး။ သင့်ကိုယ်သင် တစ်စုံတစ်ခု လောက်အောင်မြင်ပြီး တာနဲ့ ဘ၀င် မြောက်ပြီး ရပ်တန့် မနေပါနဲ့။

How to love yourself

Nwe TharkiNwe Tharki

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။