Cymothoa exigua
Posted in knowledge
No comments
Friday, 29 November 2013 By htwe naing
ကယ်လီဖိုးနီးယား
ပင်လယ်ကွေ့က Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ်
နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က
အစားထိုး ၀င်နေလိုက် ပါတယ်။
ပုံပြင်လေး
တစ်ပုဒ် အရင် ပြောပြမယ်။ ငါးတစ်ကောင်က ဘားတစ်ခု ထဲကို လာတယ် ဆိုပါစို့။
ဘားကောင်တာက လူက ဘာသောက် မလဲလို့ မေးလိုက်တယ်။ ဒါပေမဲ့ ငါးက ဘာမှ မပြောဘူး။
ဒါနဲ့ လူကြီးက ဟေ့ကောင် မင်းလျှာကို ကြောင်စား သွားသလား ဟေလို့
မေးလိုက်တယ်။ ငါး ကလဲ တစ်ရူးတစ်စ ယူပြီး ရေးပြ လိုက်တယ်။ မဟုတ်ဘူး။ တကယ်က
isopod စားသွား တာတဲ့။ အိုကေ။ ဒီဟာသက ခင်ဗျား အတွက် အူ ကြောင်ကြောင်
ဖြစ်ချင် ဖြစ်နေမယ်။ ဒါပေမဲ့ လျှာကိုစားတဲ့ isopod ဆိုတာကြီး ကတော့ ရယ်စရာ
မကောင်း ဘူးလား။ ဟုတ်ပါတယ်။ ကယ် လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua
တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်နေပါတယ်။ သူတို့က ငါးရဲ့လျှာကို
စားလိုက်ရုံ သာ မက နေရာအစား ၀င်ယူလိုက် ပါသေးတယ်။ အဲ့ဒီ သက်ရှိ လျှာကို
ငါးက တကယ် အသုံးပြုလို့ ရပါတယ်။ အရင် လျှာအဟောင်း လိုပဲ အစာ တွေ ၀ါးတဲ့အခါ
အာခေါင် ထိပ်က သွားသေး သေးလေး တွေနဲ့ အတူ အကူအညီ ပေးပါတယ်။

ဒီထူးဆန်းတဲ့
တိုက်ခိုက်မှုဟာ သတ္တ၀ါ လောက မှာတော့ အခုထိ သိသမျှ ထဲက တစ်ခုတည်းသော ဖြစ်ရပ်
ဖြစ်ပါတယ်။ C. exigua တွေက တခြားငါး တွေရဲ့ လျှာတွေကိုလဲ တိုက်ခိုက် ပေမဲ့
ဒီနှင်းဆီရောင် snapper ငါးတစ်မျိုး ဆီမှာပဲ ခန္ဓာကိုယ် အစိတ်အပိုင်း
တစ်ခုအဖြစ် နေ ထိုင်နိုင်တာ ဖြစ်ပါတယ်လို့ Arizona တက္ကသိုလ်က marine
biologist Rick Brusca ကဆိုပါတယ်။ သူက တခြား လျှာစား isopods အ များကြီး
ရှိတာတောင်မှ C. exigua ကပဲ အဲ့လို လုပ်နိုင်တာလို့ ထပ်မံ ပြောပါသေးတယ်။
တကယ်လို့များ အချစ်ပုံပြင် တစ်ပုဒ်ကို ယုံမယ် ဆိုရင် ပြောပြချင် ပါသေးတယ်။
ဒီ isopods တွေဟာ protandrous hermaphrodites တွေ ဖြစ်ပါတယ်။ ဆိုလိုတာက
သူတို့က ပထမ အထီး အဖြစ် မွေးလာပြီး နောက်တော့မှ အမအဖြစ် ပြောင်းသွား ပါတယ်။
ဒီမျက်လှည့်က C. exigua တွေငါးပါးဟပ်ထဲ ရောက်သွားမှ ဖြစ်တာ ပါ။ ပထမ ၀င်တဲ့
တစ်ကောင်က အမအဖြစ် အရင်ပြောင်း ပါတယ်။ ပြီးတော့ ပါးဟပ်ကနေ လည်ချောင်း
ကတဆင့် တွားသွားလို့ လျှာမှာ တွယ်ကပ် နေ ပါတယ်။ အဲနောက်တစ်ကောင် ထပ်ရောက်လာ
တဲ့အခါ သူမကို ကိုယ်ဝန်ပေးဖို့ အထီးဖြစ် သွားပါတယ်လို့ Brusca
ကဆိုပါသေးတယ်။ ဒီအ မကောင်ဟာ လျှာမှာ သူမရဲ့ ခြေချောင်း အစုံပေါင်း
များစွာနဲ့ တွယ်ကပ် ပါတယ်။ တစ်ခုခြင်း ဆီက ကင်းမြီးကောက်ရဲ့ အဆိပ်ဆူး
တွေနဲ့ တူတဲ့ အာရုံကြော မကြီးတွေ ပါဝင် ပါတယ်။ ဒီနေရာမှာ သူမ နေလို့
မိတ်လိုက်ပြီး တဲ့အခါ ကျန်ရှိတဲ့ ဘ၀ သက်တမ်းကို snapper နဲ့အတူပဲ
ကုန်ဆုံးစေ တော့မှာ ဖြစ်ပါတယ်။

သူမ
ကြီးထွား လာတာ နဲ့အမျှ တခြား ကပ်ပါးကောင် တွေလိုပဲ ငါးရဲ့ လျှာပေါ်မှာ
ကပ်လို့ သွေးစုပ် ယူပါတယ်။ Brusca ကအဲ့အကောင် တွေ မှာ မေးရိုးငါးခု
ရှိပါတယ်။ အဲ့ဒီမေးရိုး တွေထဲက တစ်စုံဟာ stiletto နဲ့တူတဲ့ ကိရိယာ
တွေလိုပါပဲ။ ရှည်လျားတဲ့ အပ်မျှင် လေးတွေ ဖြစ်ပြီး ငါးရဲ့ တစ်ရူးတွေကို
နဲနဲလေး ဟနေစေ ပါတယ်။ တခြားဟာ တွေကတော့ အအေး သောက်တဲ့ ပိုက်တွေလို အဲ့နေရာ
ကနေ သွေးတွေ စုပ်ယူ ပါတယ်။ ဒီလိုနဲ့ ကပ်ပါးကောင်ဟာ ငါးလျှာရဲ့ ဇီဝိန်ကို
နှုတ်ယူ ပါတယ်။ အစကနေ အဆုံး ဖြေးဖြေးချင်း နောက်ဆုံး ကြွက်သား အငုတ်က
လွဲလို့ ဘာမှ မကျန်တော့တဲ့ အထိပါ။ ဒီအငုတ် မှာတော့ သူမရဲ့ နောက်ဆုံး
ခြေသုံး၊လေးစုံကို ကုပ်တွယ်ပြီး ငါးရဲ့လျှာ အဖြစ်ကို သိမ်းယူ လိုက်တာပါပဲ။
ဒီလိုနည်းနဲ့ isopod ကသူရဲ့ အိမ်ရှင်ငါးကို သူမ ကလေးတွေ ကြီးပြင်းတဲ့ အထိ
အသက်ရှင် နေစေပါ တယ်လို့ Brusca ကဆိုပါ သေးတယ်။ ကလေးတွေ ကြီးလာတဲ့
အချိန်မှာတော့ လျှာက မရှိတော့ ပါဘူး။ သူမ တစ်ကောင်ထဲ သိမ်းဆည်းထားတဲ့
အာဟာရနဲ့ အသက်ရှင် ပါတယ်။ ကလေးတွေ ဘယ်လိုဖြစ် သွားသလဲ ဆိုတာ ကိုတော့ သိပ္ပံ
ပညာရှင်တွေ တိတိကျကျ မသိသေး ပါဘူး။ Brusca ရဲ့အယူအဆ အရ အိမ်ရှင်ငါးက
တခြားငါး တွေနဲ့ စုဝေး သွားလာနေတဲ့ အချိန်မှာ ကလေးတွေကို အပြင်ရောက်
စေမယ်လို့ ဆိုပါတယ်။ ဒါမှ ပစ်မှတ်ငါး များများ ရမယ် မဟုတ်လား။

နောက်တစ်ခန်း
ကတော့ တိုင်တန်းနစ် သဘောင်္ နစ်တဲ့ ဇာတ်ဝင်ခန်းနဲ့ တူပါတယ်။ isopod အမဟာ
သူမရဲ့ မျိုးပွားတဲ့ ကိစ္စ ပြီးဆုံးချိန်မှာ ငါး ကို လွတ်ပြီး ထွက်ပြေး
သလား၊ မျိုချလိုက် သလား ဆိုတာ မသေချာ သေးပေမဲ့ သူမက ငါးကို ထားခဲ့ပြီး
ထွက်သွား ပါတယ်လို့ Brusca က ဆို ပါတယ်။ ကဲခင်ဗျားတို့ပဲ စဉ်းစားကြည့်။
လျှာ မရှိတဲ့ ငါးဘယ်လို အသက်ရှင် မလဲဗျာ။ ဒါက ကပ်ပါး လောကမှာ တကယ်
ဖြစ်ပျက်တာပါ။ ငါး က isopod တွေကောင်းကျိုး အတွက် ဓားစားခံ ဖြစ်သွား တာပါ။
C.exigua ကဘာလို့ နှင်းဆီရောင် rose snapper တွေကိုပဲ ဒီလို လုပ် သလဲ
ဆိုတာတော့ အခုထိ မသိသေးပါဘူး။ တခြားငါး တွေကိုတော့ အဲ့လို မလုပ်ဘဲ သူတို့
မျိုးပွားတဲ့ အလုပ်ကို ပြီးမြောက် စေပါတယ်။ ဒါက rose snapper ရဲ့လျှာက
သူများထက် ပိုခံနိုင်ရည် နည်းနေလို့ ဖြစ်နိုင်တယ်လို့ Brusca ကပဲ
ပြောပါတယ်။ တခြား ငါးတွေလို သွေးကြော ကောင်းကောင်း မရှိတာ ကြောင့်လည်း
ဖြစ်နိုင်တာပဲလို့ သူက ဆိုပါတယ်။ ဒီမှာ သင်ယူ လေ့လာစရာ တွေကတော့ isopod
အမတွေဟာ အစာ တင်မက သူမ ကလေးတွေ ကြီးထွားဖို့ အကာအရံလည်း လိုပါတယ်။ တခြား
မျိုးစိတ် တွေလိုပဲ သူမကလည်း သူမ မျိုးဆက်ကို ချန်ခဲ့ရမှာ ဖြစ်ပါတယ်။
သူမရဲ့ mission accomplished ဖြစ်သွား ချိန်မှာ ဒီသဘောင်္ကို နှစ်မြှပ်
လိုက်တာပါ။ ဟုတ်ပါတယ်။ ဒီသနားစရာ ကောင်းတဲ့ snapper လေးကိုပါ။ တခြား
ကပ်ပါးကောင် တွေရဲ့ သားကောင် တွေလိုပါပဲ။ ဒါပေမဲ့ ပါးစပ် ဟောင်းလောင်းနဲ့
သက်တမ်း မစေ့ဘဲ သေရ တာလေး ကတော့ ဆိုးပါတယ်။

www.mymclub.net
Related posts
Share this post
0 comments: