Coin - Super Credit Card

Posted in
No comments
Saturday 16 November 2013 By htwe naing

credit cards တွေ၊ ကဒ်တွေ အများကြီး မကိုင်ချင်တဲ့ သူတွေ အတွက် Coin ကအဆင်ပြေ မှာပါ။ ဒီ Coin Electronic Card ထဲမှာ ကဒ်ပေါင်း ၈ကဒ်ထိ ထည့်ထားလို့ ရမှာပါ။
သင့်ရဲ့ ပိုက်ဆံအိတ်ကို Digital Version ပြောင်းဖို့ Google နဲ့ Apple လိုကုမ္ပဏီ ကြီးတွေက ကြိုးစား နေကြပါတယ်။ ဒါပေမယ့် နောက်ကုမ္ပဏီ တစ်ခုကတော့ ဒီထက် လက်တွေ့ကျ တဲ့နည်း တစ်ရပ်ကို ကြိုးစား နေပါတယ်။ သင့်အိတ် ထဲမှာ ရှိသမျှ credit cards တွေအားလုံးကို စုပြီး တစ်ကဒ်တည်း One Super Card အဖြစ် ထားဖို့ပါတဲ့။

Coin

Coin ဆိုတာက credit card လို card-device လေးတစ်မျိုး ဖြစ်ပြီး ၂၀၁၄နွေရာသီမှာ စဖြန့်မှာပါ။ ရိုးရိုး သာမန်ကဒ် ပုံစံအတိုင်း အသုံးပြု ရမှာ ဖြစ်ပြီး သာလွန်တဲ့ အချက်က ဒီကဒ်တစ်ကဒ် တည်းမှာ credit card၊ debit card၊ gift card စတာတွေ ၈ခုအထိ ထည့်ထားလို့ ရမှာပါ။ Coin ရဲ့ပုံစံကလည်း Credit Card အတိုင်း ပါးပါးလှပ်လှပ် လေးဖြစ်ပြီး Credit Card သုံးမယ် ဆိုရင် ဘယ်ကဒ်ကို သုံးမလဲ ဆိုတာ button လေးကို နှိပ်ပြီး ရွေးပြီး swipe ဆွဲလိုက်ရုံ ပါပဲ။ အသုံးပြု သူတွေက mobile app ကနေ တဆင့် card information တွေကို Coin ထဲထည့်ရမှာပါ။ သူက low-power Bluetooth ကိုသုံးပြီး ကိုယ့်ဖုန်းမှာ credit-card reader ကိုတပ်ပြီး၊ swipe လုပ်လိုက်ရုံနဲ့ သင့်ကဒ်ရဲ့ အချက်အလက် တွေက ၀င်သွားမှာပါ။ နောက်ထပ် သဘောကျစရာ ကောင်းတဲ့အချက်က Coin ကိုပျောက်မှာ မပူရတာပါ။ Coin နဲ့သင့် Smartphone နဲ့က ချိတ်ဆက် ထားမှာ ဖြစ်ပြီး သင့်ဖုန်းက Coin ကိုရှာမတွေ့ တာနဲ့ အချက်ပေး မှာပါ။ ငွေရှင်းပြီး ကဒ်ကို ပြန်ယူဖို့ မေ့တတ်တဲ့ သူတွေ အကြိုက်တွေ့ ကြ မှာပါ။ သူ့ရဲ့ ဘတ်ထရီ သက်တမ်းကလည်း ၂နှစ် ခံပါတယ်။

coin

Coin ကို $100 နဲ့ဝယ်ယူ နိုင်ပြီး စောစောဝယ်တဲ့ သူတွေ အတွက်တော့ $50 နဲ့ရောင်းချ ပေးမှာပါ။ PayPal မှာအလုပ်လုပ် ခဲ့ဖူးတဲ့ developer ဖြစ်တဲ့ Kanishk Parashar တည်ထောင် ထားတဲ့ ဒီကုမ္ပဏီရဲ့ နည်းပညာက အသစ်အဆန်း တော့မဟုတ် ပါဘူး။ အရင်ကလည်း Flint က ဒါမျိုး စမ်းသပ်ခဲ့ ဖူးပါသေးတယ်။ ဒါပေမယ့် Pre-Order Campaign မှာသတ်မှတ် ထားတဲ့ ပမာဏ $50,000 ကမိနစ် လေးဆယ်နဲ့ ပြည့် သွားတာကို တွေ့ရတော့ အလုပ် ဖြစ်နိုင်တဲ့ သဘောမှာ ရှိနေပါတယ်။




Coin

အာလူး
www.mymclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။