Bing Search engine အကြောင်းသိကောင်းစရာ

Posted in
No comments
Tuesday 26 November 2013 By htwe naing

Bing ဆိုတာဘာလဲ သိသွားအောင် အခြေခံလောက် ပြောပြပေးပါမယ် Bing  search engine  ဆိုတာဟာ  Microsoft  မှ   လွင့်တင်ခဲ့တဲ့   search engine  တစ်ခုဖြစ်ပြီး  ၎င်းဟာ

Live search, Windows Live Search , နှင့်  MSN Search အနေဖြင့်အသုံးပြုရန်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း
မှာတော့   Bing  ဟာ  အရာရာပြီးပြည့်စုံတဲ့   search  engine  တစ်ခုဖြစ်   လာခဲ့ပြီး  Google  ,  Yahoo  တို့နှင့်
ယှဉ်ပြိုင်နိုင်ရန်   ကြိုးပမ်းနေဆဲ  search engine  တစ်ခုပဲ  ဖြစ်ပါတယ်။  Bing Search engine အား  2009  ခုနှစ်
မေလ  တွင်  Microsoft CEO Steve Ballmer မှ   စတင်ကြေညာ  မိတ်ဆက်ခဲ့ပြီး  ၎င်းရဲ့  အားသာချက်အချို့ကိုပါ
ပေါင်းစပ်   သရုပ်ပြ  ခဲ့ပါတယ်။  Bing  နှင့်ပတ်သက်၍  Preview  version  ကိုတော့   2009  ခုနှစ်   ဇွန်လတွင်
လွင့်တင်မိတ်ဆက်ခဲ့ပြီး  ဇွန်လ  3  ရက်နေ့မှာတော့   အပြီးသတ်လွင့်တင်နိုင်ခဲ့ပါတယ်။  ယခုနှစ်   ဇန်န၀ါရီ
လမှာတော့   Bing  အသုံးပြုနှုန်းဟာ  3.16  %  အထိရှိလာပြီး  တတိယလူသုံးအများဆုံး  Search  engine
ဖြစ်လာခဲ့ပါတယ်။
Bing  search  engine  ရှိ   နောက်ခံဓာတ်ပုံများဟာ  အမြဲတစေ  ပြောင်းလဲနေပြီး  ၎င်းဓာတ်ပုံများဟာ
ကမ္ဘာအနှံ့ အပြားရှိ   နာမည်ကြီးရှုခင်းဓာတ်ပုံများ၊  သဘာဝအလှပုံများ၊  အားကစားနှင့်   လေးစားဖွယ်ရာ
ပုဂ္ဂိုလ်များ အစရှိသည်တို့ကို  လွင့်တင်ပေးထားခြင်းဟာ Bing ရဲ့ ထူးခြားချက်  တစ်ရပ်ဖြစ်ပါတယ်။
ထို့ပြင်   ၎င်းရဲ့  နောက်ခံဓာတ်ပုံများကြောင့်   သတင်းအချက်အလက်များ  ရရှိစေရန်နှင့်   ဗဟုသုတ  တိုးပွားစေရန်
ရည်ရွယ်လွင့်တင်ထားခြင်း ဖြစ်တယ်လို့  သုတေသီများက ချီးမွမ်းပြောဆိုခဲ့ကြပါတယ်။
Bing  တွင်   ဓာတ်ပုံများရှာဖွေရာ၌  perview  အနေဖြင့်   ရှုခင်းအလှပုံများကို   ဝေေ၀ဆာဆာ
ဖော်ပြပေးထားတာကြောင့်   အသုံးပြုသူကို   ပိုမိုဆွဲဆောင်နိုင်ပါတယ်။  ဓာတ်ပုံပေါင်းမြောက်များစွာအား
အချိန်ခဏတာအတွင်း  ရှာဖွေပေးနိုင်ပြီး  အခြား  related  search  ခေါင်းစဉ်များကိုလည်း  Bing  ၏
ဘယ်ဖက်တွင်  ဖော်ပြပေးထားတာကိုတွေ့ရပါတယ်။
ဓာတ်ပုံအရွယ်အစား၊ layout  အပြင်အဆင်၊ အရောင်၊ စတိုင်၊ အစရှိသဖြင့်  အသေးစိတ်ပြင်ဆင်ရှာဖွေပေးနိုင်ပြီး
၎င်းအောက်ခြေ၌ Search History ကိုပါ တစ်ပါတည်း ထည့်သွင်းဖော်ပြပေးထားပါတယ်။
ထိုကဲ့သို့  အဆင့်မြင့်  search engine တစ်ခုဖြစ်သည့်  Bing ၏ အားသာချက်တွေကတော့
1.  Bing  တွင်   ဗီဒီယိုများကိုရှာဖွေရာတွင်   ဗီဒီယို၏  ကြာမြင့်ချိန်၊   စကရင်အရွယ်အစား၊  resolution  တို့ကို
အသေးစိတ်  ပြင်ဆင်အသုံးပြုနိုင်ပါတယ်။
2.  အားကစားနှင့်ပတ်သက်သောပွဲရလဒ်များကိုတိုက်ရိုက်ရှာဖွေနိုင်ပါတယ်။  ဥပမာအားဖြင့်   လက်ရှိထုတ်
လွင့်နေတဲ့   ကမ္ဘာ့ဖလားရလဒ်ကို   သိရှိလိုပါက  World  cup  score  ဟုရိုက်ထည့်ကာ  ရှာဖွေကြည့်ပါ။
ထိုအခါ  မည်သည့်အသင်းများယှဉ်ပြိုင်ခဲ့သည်   မည်သူနိုင်ခဲ့သည်ဆို တာကို   ရှင်းလင်းတိကျစွာပြန်လည်
ဖော်ပြပေးတာကို  တွေ့ရမှာ ဖြစ်ပါတယ်။
3.   Bing မှတဆင့်  stock ဈေးကွက်ကို  တိုက်ရိုက်ကြည့်ရှု  ရှာဖွေနိုင်ပါတယ်။
4.  သင်္ချာကိန်းဂဏန်းများကို   Bing  မှတဆင့်   တွက်ချက်ကာ  အဖြေရှာဖွေနိုင်ပါတယ်။  လွယ်လွယ်
ပြောရရင်တော့  ဂဏန်းပေါင်းစက်လို  အသုံးပြုနိုင်ပါတယ်။
5.  လေယဉ်လမ်းကြောင်း၊  သင်္ဘောလမ်းကြောင်းများကို   ကုမ္ပဏီအမည်ရိုက်ထည့်၍  တိုက်ရိုက်ရှာ
ဖွေနိုင်ပါတယ်။
6.  အဘိဓာန်အနေဖြင့်   အသုံးပြုရန်အတွက်ကတော့   မိမိသိရှိလိုသော  စကားလုံးကို   define
ခံကာရိုက်ထည့်  ရှာဖွေနိုင်ပါတယ်။
7.   Bing အား စာလုံးပေါင်းသတ်ပုံစစ်ဆေးပေးသည့်  Spelling check အနေဖြင့်အသုံးပြုနိုင်ပါတယ်။
8.   Bing  မှတဆင့်   ကျန်းမာရေးနှင့်ပတ်သက်သော  သတင်းအချက်အလက်များ  လေယဉ်လက်မှတ်
ဝယ်ယူရရှိနိုင်မည့်  လေဆိပ်လိပ်စာများကို  တိုက်ရိုက်ရှာဖွေနိုင်ပါတယ်...........

www.myanmarpyiyouth.blogspot.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။