New Study Suggests "Vikings had Slave sacrifice"

Posted in
No comments
Thursday, 7 November 2013 By htwe naing

Vikings တွေဆိုတာနဲ့ နဂါးခေါင်း တွေနဲ့ သစ်သားလှေ တွေကို စီးပြီး ပင်လယ်ပြင်မှာ သွားနေ ကြတဲ့ လူတွေကို ပြေးမြင် မိကြမှာပါ။ သူတို့ရဲ့ ဘ၀က ကြမ်းသလို စရိုက်နဲ့ ယဉ်ကျေးမှု ကလည်း ကြမ်းပါတယ်။
"How to Train Your Dragon" ထဲက လိုတော့ Vikings တွေဟာ ကျေးရွာ လေးတွေ ကိုယ်စီမှာနေ၊ ငါးတွေဖမ်း၊ တိရိစ္ဆာန်တွေ မွေးမြုပြီး အေးဆေး နေကြတယ် လို့တော့ မထင်လိုက် ပါနဲ့။ ဥရောပ ရေမျက်နှာပြင် ပေါ်မှာရော၊ ကုန်းပြင်တွေ ပေါ်မှာပါ လူသူအများ ကြောက်ရွံ့ရ အောင် လက်စောင်းထက် လှပါတယ်။ ၉ ရာစုကနေ ၁၁ရာစုအထိ Vikings တွေဟာ ဥရောပ တစ်လွှား သောင်းကျန်း ခဲ့ကြရာမှာ တချို့သော မှတ်တမ်းမှတ်ရာ များအရ သူတို့တွေဟာ သူတို့ ဖမ်းဆီးရ မိတဲ့ လူတွေကို အလုပ်သမား အဖြစ်လည်းကောင်း၊ လိင်ဖျော်ဖြေမှု အနေနဲ့လည်း ကောင်း၊ ကျွန်တွေအဖြစ် ဖမ်းဆီး လုပ်ဆောင်စေ ပြီးနောက် သူတို့ကို သူတို့ရဲ့သခင် သေရင် ခေါင်းဖြတ်ပြီး သခင်ဖြစ်သူ နဲ့တကွ မြုပ်နှံကြ ပါတယ်တဲ့။

Ancient Viking

ဒီအယူအဆကို Norway က University of Oslo မှလေ့လာ သူများက သက်သေများ နှင့်တကွ ရှာဖွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ တက္ကသိုလ်က Archaeologist ဖြစ်သူ Elise Naumann နဲ့လေ့လာသူ အချို့က Vikings အကြောင်း လေ့လာ ခဲ့ရာမှာ Vikings တွေခေတ်က သေဆုံးခဲ့တဲ့ Flakstad, Norway ကအရိုးစု အလောင်း ၁၀လောင်းကို စစ်ဆေးပြီး နောက်မှာ ဒီအယူအဆက မှန်ကန်တယ်လို့ သတင်း ထုတ်ပြန် ခဲ့ပါတယ်။ သူတို့ဟာ အလောင်း ၁၀ လောင်းက ဘာတွေကို ကြည့်ပြီး အဲဒီလို ယူဆ လက်ခံလိုက် ကြတာလဲ ဆိုတာ စဉ်းစား စရာပါ။ ပထမဦးဆုံး အလောင်း နှစ်ခုထက် ပိုမြုပ်ထားတဲ့ ဂူတွေကို တူးဖော်ပါတယ်။ အဲဒီမှာ ထူးဆန်းတာက အုတ်ဂူ တစ်ခုမှာ အရိုးစု တစ်ခုစီသာ ဦးခေါင်းပါ ကြတာပါပဲ။ အဲဒါကြည့်တာနဲ့ Vikings တွေနဲ့ ပတ်သက်တဲ့ အယူအဆကို လက်မခံ ကြသေးပါဘူး။ သူတို့ဟာ ဦးခေါင်း မပါတဲ့ အ ရိုးစု တွေဆီက Nitrogen နဲ့ Carbon Isotopes တွေစစ်ကြ ပါတယ်။ အရိုးစုတွေ ဆီက DNA တွေစစ်ဆေး ကြပါတယ်။ အားလုံး စစ်ဆေးပြီး နောက်မှာတော့ ဦးခေါင်း မပါတဲ့ အရိုးစုတွေ မှီဝဲတတ်တဲ့ အစားအစာ ပုံစံမျိုးနဲ့ ဦးခေါင်းပါတဲ့ အရိုးစုတွေ စားသုံးတဲ့ အစားအစာ ပုံစံမျိုး မတူ တာကို တွေ့ပြီးနောက် DNA အရ အရိုးစု တစ်ခုနဲ့ တစ်ခုဟာ ဘာမှ သွေးသား မတော်စပ် တာကိုလည်း တွေ့ရှိခဲ့ ကြပါတယ်။

Assume as Ancient Viking're behaded

တွေ့ရှိချက် တွေအရ ကောက်ချက်ချ ကြတာ ကတော့ Vikings တွေဟာ Slave sacrifice ကျွန်စတေးခြင်း အရ နိမ့်ပါးတဲ့ ကျွန်တွေကို သူ တို့သခင် သေဆုံးတဲ့ အခါ သတ်ပြီး ဦးခေါင်းကို ဖြတ်ကာ ဘ၀ကူး လက်ဆောင် အနေနဲ့ ထားပြီးနောက် သူတို့ရဲ့ ကိုယ်လုံးကိုတော့ သခင် နဲ့အတူ ထည့်ုမြုပ်ထား ကြပါတယ်တဲ့။ အဲဒီ Vikings တွေရဲ့ Slave sacrifice ကို Arabic ခရီးသွား Ibn Fadlan ရဲ့မှတ်တမ်း မှာလည်း တွေ့နိုင် ပါတယ်။ သူ့ရဲ့ မှတ်တမ်း ထဲမှာတော့ Viking ခေါင်းဆောင် တစ်ယောက်ရဲ့ အလောင်း မြုပ်နှံမှု အခမ်းအနားမှာ မိန်းမကျွန် ငယ်ငယ် တစ် ယောက်ကို သတ်ပြီး အဲဒီခေါင်းဆောင် နဲ့အတူ မြုပ်ပစ်တာကို ရေးသား ထားပါတယ်။ Vikings တွေရှင်သန် ခဲ့တာဟာ နှစ်ပေါင်းရာထောင် ချီခဲ့ပါပြီ။ သူတို့ရဲ့ ယဉ်ကျေးမှု တွေထဲမှာ လူတွေကို သတ်ပြီး ပူဇော်ခြင်း ပါဝင်တာ အဆန်းတော့ မဟုတ်ပါဘူး။ အဲဒီခေတ် အခါက တစ်က မ္ဘာလုံး လိုလို အဲဒီလိုပဲ ဖြစ်နေကြ တာပါပဲ။ ဘယ်လို ဖြစ်ဖြစ် ဒီယူဆချက်ကို ရှာဖွေ တွေ့ရှိသူ Eilse Naumann ကတော့ Vikings ဂူတွေ ကို လိုက်တူးပြီး ရှာဖွေဦး ပါမယ်လို့ ဆိုထား တာကြောင့် နောက်နောင်မှာ ဒီထက် စိတ်ဝင်စား ဖွယ်တွေ တွေ့ဖို့ရှိ လာမယ်လို့ သတင်း ပါးရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။

Viking

Paing Hmu KoPaing Hmu Ko

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။