How to Love Yourself (Part 2)
Posted in knowledge
No comments
Thursday, 14 November 2013 By htwe naing
မနေ့က
မိမိကိုယ်ကို ဘယ်လို ချစ်ခင်အောင် လုပ်မလဲ ဆိုတဲ့ နည်းလမ်း လေးတွေကို
တင်ပြခဲ့ ပါတယ်။ ဒါကတော့ မနေ့ ကရဲ့ အဆက်ပါ။ ဆက်ပြီး ဖတ်ကြည့် လိုက်ရအောင်။
၁၃။ သင့်ကိုယ်သင် နွေးထွေးပါ။
မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် မိမိချစ်သော သူများအား ဂရုစိုက်ခြင်းနဲ့ တူပေသည်။ ဆိုလိုရင်းမှာ သင့်ကိုယ်သင် ကျန်းမာအောင် ဂရုစိုက် မယ်ဆိုရင် သင့်မိသားစု အားလုံး စိတ်ချမ်းသာမည်။ သင်ကျန်းမာ ခြင်းကြောင့် သင့်အလုပ်များကို ကောင်းမွန်စွာ လုပ်နိုင်ခြင်းသည် သင့်ပတ် ၀န်းကျင် စိတ်ချမ်းသာမည် ဖြစ်သည်။ ထို့ကြောင့် သင့်ကိုယ်သင် ပိုချစ်ပါ။ ယုယပါ။ ပွေ့ဖက်ပါ။
၁၄။ သင့်ကိုယ်သင် သေချာစွာ သိပါစေ။
သင့်ရဲ့ အမူအရာ အားလုံးက သင့်ကိုယ်ပိုင် ဖြစ်ပါစေ။ အခြားသူ တစ်ဦးက ဘယ်ကဲ့သို့ ထင်လိမ့် မလည်းလို့ မတွေးပါနဲ့။ ရယ်မောပါ၊ ပျော် ရွှင်ပါ၊ သီဆိုပါ။ လူတိုင်းက သင့်လိုပဲ မိမိလုပ်သမျှ အခြားလူ ဘယ်လိုထင် မှာလည်းလို့ ပူပန်နေပါတယ်။
၁၅။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင်လုပ်နိုင်တယ်လို့ ယုံကြည်ပါ။

၁၆။သင့်ကိုယ်သင် ဖော်ပြနိုင်မယ့် စာလုံး ၅ လုံးရှာကြည့်ပါ။
လှတယ်၊ တော်တယ် လို့မပါပဲနဲ့ တခြားစာလုံး ရှာကြည့်ပါ။ ဥပမာ ကိုယ်ချင်းစာ တတ်တယ်၊ ကူညီ တတ်တယ်။
၁၇။ သင့်ချစ်သူကို ဘယ်လို ပုံစံမျိုး လိုချင်သလည်း ဆိုတာကို သေသေချာချာ တွေးကြည့်ပါ။ သင့်အတွေး တွေက သင်နဲ့ တိုက်ရိုက် အချိုးကျ ပါတယ်။
ု
၁၈။ အချစ်ကို လက်ခံတတ် အောင်လေ့ကျင့်ပါ။
အကယ်၍ သင့်ကို အလွန်တရာမှ ချစ်ခင် ကြင်နာတဲ့ လူပေါ်လာ ပြီဆိုရင် ထိုလူမျိုးနဲ့ ထိုက်တန်တယ်လို့ ခံယူပါ။ သင့်ကိုပေးတဲ့ အကြင်နာတွေ ဂရုစိုက်မှုတွေကို မျက်ကွယ် မပြုပဲ သင်နဲ့ထိုက်တန် တယ်လို့ ခံယူတတ် ပါစေ။ မိမိကိုယ်ကို တန်ဖိုးထား တတ်တဲ့လူ တစ်ယောက်ကို အခြား လူ တစ်ယောက်ကလည်း အမှန်တကယ် တန်ဖိုးထား ချစ်ခင်လာ နိုင်ပါတယ်။ သင့်ကိုယ် သင်လည်း ချစ်ခင် တတ်ပါစေ။

၁၉။ No လို့ပြောတတ်၊ ငြင်းတတ်အောင်လေ့ကျင့်ပါ။
သင်မလုပ် ချင်ပဲ အခြားသူ တစ်ယောက် စိတ်ကျေနပ်အောင် လုပ်ပေးရမယ့် အရာတွေကို No လို့ပြောနိုင် အောင်လေ့ကျင့်ပါ။ စိတ်မပါပဲ လုပ်ရတဲ့ အလုပ်တွေက သင်ကိုယ်တိုင်လည်း အကျိုးမ ရှိသလို အခြားသူလည်း အကျိုးမရှိပါဘူး။ ဒီအတိုင်း ငြင်းရမှာလည်း ခက်နေရင် လိမ္မာပါးနပ်စွာ ဖြေတတ်အောင် လေ့ကျင့်ပါ။ ဒါမျိုးပြော လို့ရပါတယ်။ ကျွန်တော့်ကို ခေါ်တဲ့အတွက် အထူး ၀မ်းသာပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော် မနိုင်နင်းပါဘူး။ လူတိုင်း စိတ်ကျေနပ်အောင် လိုက်လုပ်ပေးဖို့ သင့်မှာ တာဝန်မရှိပါဘူး။
၂၀။ သင်စိတ်ပါဝင် စားတာကိုလည်း လုပ်ပါ။
သင့်ကိုယ်သင် ပျော်ရွှင်အောင် ထားပါ။ မိမိ ဘာလုပ်ရတာ ကြိုက်လည်း ဆိုတာ သိပါစေ။ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ဟင်းချက်တာ၊ ဂစ် တာတီးတာ တစ်ခုခုကို သင်လုပ်ရင်း ပျော်ရွှင်နေ တယ်ဆိုရင် ထိုအရာကို အချိန်ပေး ပြီးလုပ်ပါ။ သင်ပျော်ရွှင်မှ ချစ်ခြင်းတရား၊ မေတ္တာ တ ရားကို ပိုမိုခံစား တတ်လာမှာပါ။
၂၁။ သင့်အချစ်ဆုံး သူငယ်ချင်းကို ဆက်ဆံသလို သင့်ကိုယ်သင် ဆက်ဆံပါ။
သင်က သင့်အချစ်ဆုံး သူငယ်ချင်းကို ကြင်နာစွာ ဆက်ဆံသလား။ ယုံကြည်စွာ ဆက်ဆံ သလား။ လေးစားစွာ ဆက်ဆံသလား။ သင့်သူ ငယ်ချင်းကို သင်ပေးနိုင် သလောက် ဘာကြောင့် သင့်ကိုယ်သင် မပေးနိုင် ရမှာလည်း။ သင့်ကိုယ်သင် ရှုံချတတ်တယ်၊ အပြစ်တင် တတ်တယ်၊ မုန်းတတ် တယ်ဆိုရင် ဒါတွေကို ရပ်တန်းက ရပ်လိုက်ပါ။ သင့်ကိုယ်သင် ကြင်နာပါ၊ လေးစားပါ၊ ချစ်ခင်ပါ။ သင့်ရင်ထဲက စကားကို သင် ကိုယ်တိုင် နားထောင်ပါ။

၂၂။ သင့်ကိုယ်သင် ဖြည့်စည်းပါ။
မိမိကိုယ်ကို စောင့်ရှောက်ခြင်း ဆိုတာ အရမ်းအရေး ကြီးပါတယ်။ စိတ်ကျန်းမာရေး အတွက် စာအုပ်ဖတ်ခြင်း၊ သီချင်း နားထောင်ခြင်း၊ တ ရားထိုင်ခြင်း၊ ပရဟိတ အလုပ်များ လုပ်ခြင်းနဲ့ မိမိစိတ်ကို ပျော်ရွှင် ငြိမ်းချမ်းအောင် ဖြည့်စည်း ရပါတယ်။ ကိုယ်ကျန်းမာ ရေးအတွက် လေ့ကျင့် ခန်း လုပ်ခြင်း၊ အာဟာရ ပြည့်ဝသော အစာများ စားခြင်း၊ ၀ိတ်ချိန်ထိန်းခြင်း၊ အသင်းအဖွဲ့ များတွင်ပါဝင် လှုပ်ရှားခြင်းနဲ့ မိမိကိုယ်ကို ကျန်းမာ အောင် ဖြည့်စည်းရပါတယ်။
၂၃။ အခြားသူနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်ခြင်းကို ရပ်တန့်လိုက်ပါ။
လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်း တွေရှိပါတယ်။ ကိုယ်ပိုင်အစွမ်း အစဆိုတာ လူတိုင်းမှာ ပါလာပါတယ်။ သင့်ရဲ့ အရည်အချင်းကို သင်ကိုယ် တိုင် အထင်မသေး သင့်ပါဘူး။ သင့်မှာ ရှိတဲ့အရာကို အကောင်းဆုံး တန်ဖိုးထား တတ်အောင် အရည်အသွေး တက်လာအောင် ကြိုးစားပါ။ သင့်အရည် အချင်းကို ယုံကြည်ပြီး အခြားသူနဲ့ နှိုင်းယှဉ်ခြင်းကို ရပ်တန့်ပါ။ သင်ဟာ သင်ပါပဲ။ အခြား ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူး ဆိုတာ နားလည်ပါ။
၂၄။ ပြည့်စုံလွန်းတဲ့သူ ဖြစ်ရန် ကြိုးစားနေတာ ကိုရပ်တန့်လိုက်ပါ။
ပြည့်စုံတဲ့ လူဆိုတာ မရှိပါဘူး။ သင်လုပ်နိုင်တဲ့ အရာကို အကောင်းဆုံးသာ ကြိုးစားပါ။ ပြည့်စုံခြင်းထိ မရောက်ဘူး ဆိုရင်တောင် ဒါက ရှုံး နိမ့်ခြင်း မဟုတ်ပါဘူး။

Related posts
Share this post
0 comments: