The Hobbit- The Desolation of Smaug (2013)

Posted in
No comments
By htwe naing

 
မနက်ဖန် တနင်္ဂံနွေ အားလပ်ရက်လေးမှာ ကျွန်တော့ရဲ့ blog လေးကိုလာလည်ကြတဲ့ သူငယ်ချင်းတွေ စိတ်အပန်းဖြေလို့ရအောင် The Hobbit- The Desolation of Smaug (2013) လေးတင်ပေးလိုက်ပါတယ် ကျွန်တော် ငယ်ငယ် လေးထဲက အခုလိုရုပ်ရှင် ကားကောင်းကောင်းလေးတွေ တွေ့ရင် ဝယ်ပြီးအိမ်မှာ အမြတ်တစ်နိုး သိမ်းထားလေ့ရှိပါတယ်  တစ်ခါတစ်လေးပျင်းရင် ပြန်ကြည့်ဖြစ်ပါတယ်
(မှတ်ချက်== မြန်မာကားလုံးဝမပါ)

မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာကားမကြိုက်ရ ကောင်းလားဆိုပြီးကျွန်တော့ကို အပြစ်မမြင်ကြပါနဲ့နော် ဘယ်လိုမှကို သီးခံပြီးကြည့်မရလို့ပါ ကြည့်ဖို့ကြိုးစားပါသေးတယ် ဘယ်လိုမှမရလို့ပါ ကဲဗျာ အောက်မှာ Trailer လေးအရင်ကြည့်လိုက်ပါ နော်

 



0 comments:

iOS 7+ Untethered Jailbreak for All

Posted in
No comments
By htwe naing

iOS 7 ထွက်ခဲ့သော အချိန်ကတည်းက ယခု iOS 7.0.4 ရောက်လာသည်ထိ လပေါင်းများစွာ စောင့်စားခဲ့ရသော iOS 7+ အတွက် Untethered Jailbreak ကို evasi0n အဖွဲ့မှ မနေ့က (တနင်္ဂနွေ) က ထုတ်ပေးလိုက်ပါပြီ။

evasi0n ရဲ့ Jailbreak Tool က iOS 6+ တုန်းကလိုပဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးစီးသွားနိုင်မယ့် အလွယ်ဆုံးသော Jailbreak နည်းလမ်းဖြစ်ပါတယ်။ ယခု evasi0n Jailbreak Tool နှင့် iOS 7 ကစလို့ iOS 7.0.4 တွင်သာမက Apple က Developer များအတွက် စမ်းသပ်နိုင်ရန် ထုတ်ပေးထားသော iOS 7.1 Beta 1,2 versions များကိုလည်း Untethered နည်းနဲ့ Jailbreak လုပ်ပေးနိုင်ပါပြီ...



  • evasi0n သည် iOS 7 နှင့်အထက် သွင်းထားသော iPhone, iPod touch, iPad and iPad mini များ အားလုံးတို့အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ပါလိမ့်မည်။
  • evasi0n ကို အသုံးပြုရန် Windows အတွက် (XP အနိမ့်ဆုံး) နှင့် Mac အတွက် (OSX 10.5/10.6/10.7/10.8) ရှိရန် လိုအပ်ပါသည်။

>>Download evasi0n (Mac)
>>Download evasi0n (Windows)

** Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် SHSH Blobs ကို ချက်ချင်း SAVE လုပ်ပါ **


iOS 7+ အတွက် Jailbreak ထွက်လာပေမယ့် Cydia ကတော့ iOS 7+ အတွက် ပြီးပြည့်စုံစွာ အဆင်သင့်မဖြစ်သေးပါဘူး၊ ဆိုလိုသည်မှာ Cydia ကို install လုပ်သွားပေမယ့် Cydia ၏ အချို့ အဓိကကျတဲ့ Mobile Substrate လို အရေးပါတဲ့ကိစ္စမျိုးတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် သုံးနေကျ နာမည်ကြီး Tweaks အချို့လည်း ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။

ဒါတွေအတွက် Cydia ကို မွမ်းမံပြင်ဆင်ရဦးမှာ ဖြစ်လို့ ယခု Jailbreak အပေါ်မှာ အများကြီး မျှော်လင့်လို့ မရသေးပါဘူး။ တစ်ဆက်ထဲမှာပဲ မြန်မာစာရိုက်နိုင်ဖို့ အတွက် ကီးဘုတ်လည်း အလုပ်မလုပ်သေးပါဘူး (ပြင်ဆင်နေဆဲပါ)။

အထူးသတိပြုစေလိုသည်မှာ Tweaks အများစုမှာ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သေးသည့် အတွက် Error များဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နိုင်ပါလိမ့်မည်။ သတိပြု၍ သွင်းယူကြပါ။


Credit to : evasi0n


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

 မိုးသိကြား

0 comments:

iPhone, iPad Reset Settings များအကြောင်း

Posted in
No comments
By htwe naing

ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...
  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

 မိုးသိကြား

0 comments:

မြန်မာဖောင့် နှင့် ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

Posted in
No comments
By htwe naing

iOS 7+ နှင့် လိုက်ဖက်ညီစေမယ့် "Cydia" version 1.1.9 ကို အခုဆိုရင် Update လုပ်နိုင်ကြပါပြီ...

iOS 7 Themes နဲ့အတူ အမြင်သစ်နှင့် Cydia ကို မြင်တွေ့ကြရပါလိမ့်မယ်၊ Cydia ကို Upgrade လုပ်ရန်အတွက် Cydia icon ကို နှိပ်ပါ၊ pop up message ပေါ်လာပါက "Upgrade Essential" (သို့) "Upgrade Complete" တစ်ခုခုကို ရွေးပေးလိုက်ပါက အလိုလျှောက် Update လုပ်သွားပါလိမ့်မည်..


Cydia အသစ်နှင့်အတူ ၂၀၁၄ ခုနှစ်အတွက် iOS 7+ အတွက် အကောင်းဆုံး Sources အသစ်များကို ဖော်ပြပေးလိုက်ပါတယ်..

၁) Sources များကို သွင်းယူရန် "Cydia" ကို ဖွင့်ပါ။
၂) Manage -> Sources -> Edit -> Add (http:// နှင့် စသောကို သွင်းယူပါ)

**2014 Top Cydia Sources**

  • Mobilefarm: http://cydia.myrepospace.com/mobilefarm/ **မြန်မာစာသွင်းရန်**
  • Repo Cydia: http://RepoCydia.com
  • BiteYourApple: http://repo.biteyourapple.net
  • HackStor repo: http://cydia.myrepospace.com/Hackstore/
  • HackYouriPhone: http://repo.hackyouriphone.org
  • iHacks: http://ihacksrepo.com
  • insanelyi: http://repo.insanelyi.com
  • idwaneo: http://idwaneo.org/repo
  • ihackstore: http://ihackstore.com/repo
  • theiphonespotrepo: http://apt.theiphonespotrepo.net
  • myrepospace (iAP Cracker): http://cydia.myrepospace.com/urus
  • Xsellize: http://cydia.xsellize.com
  • THIS LINK IS FORBIDDEN: http://THIS LINK IS FORBIDDEN.com
  • EasyWakeup.net: http://easywakeup.net/repo/
  • iFone1 Norway: http://c.ifon1.no/
  • Ste: (ScuummVM): http://urbanfanatics.com/cydia/
  • Intelliborn (IntelliScreen) : http://intelliborn.com/cydia
  • Games Team source: http://apt.123Locker.com
  • SOSiPhone: http://cy.sosiphone.com/
  • Pushfix: http://cydia.pushfix.info/

**မြန်မာစာဖောင့်သွင်းယူရန်**

Source: "http://cydia.myrepospace.com/mobilefarm/" ကိုသွင်းယူပါ။
ထိုနောက် ပုံတွင် ပြထားသော "Zawgyi Font iOS" ကို Install လုပ်ပါ။


iOS 7+ နှင့် ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်မယ့် AppSync 7+
Source: " http://cydia.appaddict.org " and Appsync for iOS 7.0 + install.

**Working Tweaks with iOS 7+**

  • Accelerate
  • AirPlayServer
  • BadgeClearer
  • DateCarrier
  • Deck
  • F.lux
  • FireWall iP
  • FolderCloser
  • GridLock
  • Icon Renamer
  • MiniPlayer
  • MyWi
  • NoNewsIsGoodNews
  • NoStoreButton
  • OverAchiever
  • PandoraSkips
  • Plugication
  • Poof
  • PrivaCy
  • Repsring
  • ShakeToUndo Killer
  • Signal 2
  • Signal Booster
  • SIGnify
  • Software Update Killer
  • StatusHUD
  • SwipeSelection
  • TimeForAlarm
  • WelcomeMew
  • Five Icon Dock iOS 7
  • Flipswitch
  • HiddenSettings7
  • iCleaner Pro
  • iPhone4Parallax
  • KillBackground7
  • Mobile Terminal
  • Movie Box
  • Music Box
  • MyFile
  • Open
  • Preference Loader (Must Reinstall after every tweak/cydia app install or reboot)
  • Poof
  • Sicarius
  • Speed Intensifier
  • SwipeToRespring
  • HarlemShake7
  • AirDrop Enabler 7.0+

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

 မိုးသိကြား

0 comments:

အကြီးကျယ်ဆုံး လျှို့ဝှက်နေတဲ့ Pc ပြဿနာ ၂၁

Posted in
No comments
By htwe naing

စာအုပ်အမည်း အကြီးကျယ်ဆုံး လျှို့ဝှက်နေတဲ့ Pc ပြဿနာ ၂၁ ခု
ရေးသာသူး စောကလျာအေး (UCSY)
အမျိုးအစားး bdf
အရွယ်အစားး 1.03MB
ကွန်ပျူတာ သုံးစွဲသူတိုင်း ပြဿနာများကို မလွဲမသွေ ကြိုတွေ့ရမည်ဖြစ်ပါတယ်။ ကြိုတွေ့မည့် ပြဿာများကို ဘယ်လိုဖြေရှင်းမှာလဲဆိုတာ ကွန်ပျူတာသုံးစွဲသူတိုင်း သိထားသင့်ပါတယ်။ ဒီစာအုပ်လေးက အကြီးကျယ်ဆုံး လျှို့ဝှက်နေတဲ့ Pc ပြဿနာ ၂၁ခုကို ရေးသားထားပါတယ်။ စိတ်ဝင်စားရင် အောက်မှာဆင်ပြေတဲ့ Link ကနေ ယူသွားနိုင်ပါတယ်။
 
Download - link 1 / link 2

credit to - ညီနေမင်း

0 comments:

Android Notification Bar မှာ Calendar ပြပေးမယ့် Calendar Status

Posted in
No comments
By htwe naing

Cover art
Android Device တွေမှာ Calendar App တွေ ပါရှိကြပါတယ်။ အလုပ်ကိစ္စတွေ ၊ သူငယ်ချင်းမွေးနေ့တွေ စတာတွေကို Event အနေနဲ့ မှတ်သားထားနိုင်ပါတယ်။ အဲဒီ Calendar ကို Android ရဲ့ Notification Bar မှာ ပြပေးနိုင်ရင် Calendar App ကို ဖွင့်စရာမလိုတော့ဘဲ အလုပ်ရှုပ်သက်သာစေမှာပါ။ ဒီလိုကြည့်ရှုနိုင်ဖို့အတွက် Calendar Status ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။
Calendar Status က သင့် Android Device က Calendar App နဲ့ Sync လုပ်ပေးမှာဖြစ်ပြီး Notification Bar မှာ Event တွေကို ပြပေးမှာဖြစ်ပါတယ်။ Built-In Calendar အပြင် Google Calendar နဲ့လည်း Sync ပြုလုပ်နိုင်ပါတယ်။
Notification Bar ကို ဆွဲချကြည့်ရင် Calendar Status က Events တွေကို ပြပေးမှာဖြစ်ပါတယ်။ Calendar Status ရဲ့ Display ကို Customize လုပ်နိုင်တဲ့ Options တွေများစွာပါရှိပါတယ်။ Background Colors, Event Colors , Styles တွေကို နှစ်သက်သလိုပြောင်းနိုင်သလို Notification Bar မှာ ပြပေးမယ့် Events အရေအတွက်ကို သတ်မှတ်နိုင်ပါတယ်။တစ်ရက်ထဲ အတူတူကျရောက်တဲ့ Events တွေကို ပေါင်းစည်းပြပေးအောင်ပြုလုပ်နိုင်ပါတယ်။
Pro Version ကို တစ်ဒေါ်လာ နဲ့ရောင်းချပေးနေပြီး Calendar ရွေးချယ်နိုင်တာ ၊ Events တွေရဲ့ Layout ကို အကျယ်ချဲ့ပြပေးတာ စတဲ့ Options အနည်းငယ် ထပ်ဆောင်းပါရှိပါတယ်။ Calendar Status ကို Android 4.0 နဲ့ သူ့အထက်က ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ Calendar Status App ရဲ့ Free Version ကိုအောက်က လင့် မှာ အခမဲ့ရယူနိုင်ပါတယ်။

 
 Calendar Status - screenshot

0 comments:

SONY Xperia တွေမှာ Android 4.3 တရားဝင် Update လုပ်နိုင်ပြီ

Posted in
No comments
By htwe naing

နာမည်ကျော် ‘Xperia’ ဖုန်းတွေရဲ့ ထုတ်လုပ်သူ SONY ကတော့ ၎င်းတို့ရဲ့ ‘Xperia Z, ZL, ZR နဲ့ Tablet Z’ စတဲ့ Device တွေ အတွက် တရားဝင် အန်းဒရွိုက်ဗားရှင်း 4.3 (Jelly Bean) ကို ထုတ်လုပ်ပေးလိုက်ပါပြီ။ မကြာသေးခင်ကလည်း Xperia Z1 နဲ့ မျက်နှာပြင်ကျယ် Xperia Z Ultra တို့အတွက် အန်းဒရွိုက်ဗားရှင်း 4.3 Update စီစဉ်ပေးခဲ့တာ မို့လို့ အခုဆိုရင် SONY ဖုန်း တော်တော်များများမှာ Android 4.3 ကို တရားဝင် အသုံးပြုလို့ ရပြီဖြစ်ပါတယ်။
Facebook မှာ ‘Live Streaming Video’ တွေပြုလုပ်နိုင်မယ့် App တွေကို ထောက်ပံ့ပေးနိုင်တဲ့ SONY ရဲ့ ‘Smart Social Camera’ ဆိုတာလည်း ဒီဗားရှင်းမှာ ပါဝင်လာပါတယ်။ ဒါ့အပြင် ၂စက္ကန့်အတွင်း ဓာတ်ပုံပေါင်း ၆၂ပုံလောက် ရိုက်ကူးနိုင်တဲ့ ‘Timeshift Burst’ ဆိုတဲ့ App ကိုလည်း SONY ဖုန်းတွေမှာ အသုံးပြုနိုင်ပါပြီ။ SONY ရဲ့ ကိုယ်ပိုင် App တွေဖြစ်တဲ့ Messaging, MyXperia, Walkman စတာတွေ အတွက်လည်း အချိန်နဲ့ တစ်ပြေးညီ Update လုပ်ဖို့ ပိုမိုလွယ်ကူလာပြီ ဖြစ်ပါတယ်။
အခုလို ဗားရှင်းမြှင့်လိုက်ခြင်းဖြင့် ဖုန်းရဲ့ Battery သက်တမ်းကိုလည်း ပိုမိုရှည်ကြာစေမှာပါ။ SONY ရဲ့ ပြောကြားချက်အရ Xperia Themes အသစ်တွေကိုလည်း ဒီဗားရှင်းအသစ်မှာ ထည့်သွင်းပေးထားပြီး သုံးစွဲရ ပိုမိုဆန်းသစ်အောင် ဖန်တီးပေးထားကြောင်း သိရပါတယ်။ SONY Xperia ပစ္စည်းတွေ အတွက် အခုလို Android 4.3 (Jelly Bean) ကို တရားဝင် Update လုပ်နိုင်ခြင်းဟာ သုံးစွဲသူတို့ရဲ့ နေထိုင်တဲ့နိုင်ငံ၊ Carrier ပေါ်မူတည်ပြီး ကွဲပြားမှုရှိနေပါသေးတယ်။
Android 4.3 မြှင့်ပေးလိုက်တဲ့အပြင် ဒီဗားရှင်းမှာ SONY ရဲ့ ကိုယ်ပိုင်ဖန်တီးမှု တွေလည်း များစွာထည့်သွင်း ပေးထားတာကြောင့် Xperia ပိုင်ရှင်တွေကို တရားဝင် Update လုပ်လိုက်ပါလို့ အကြံပြုပါရစေ။ ဒီ SONY Device တွေအတွက် Andorid 4.4 (KitKat) ကိုလည်း SONY အနေနဲ့ မကြာခင်မှာ တရားဝင် Update လုပ်နိုင်အောင် စီစဉ်ပေးသွားပါလိမ့်မယ်။
Source: Android & ME

0 comments:

နိုကီယာရဲ့  ပထမဆုံး Android ဖုန်းထွက်မည်

Posted in
No comments
By htwe naing

noandriod
EvLeaks ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပြီး Nokia ရဲ့  ပထမဆုံး Android OS သုံး စမတ်ဖုန်း ဖြစ် ကြောင်း သိရပါတယ်။ ဖုန်းရဲ့  codename အနေနဲ့ Normandy လို့အမည်ပေးထားကြောင်း ဆိုပါတယ်။

ဖုန်းက Nokia Lumia လိုပဲ အရောင်စုံ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ သာမန် Android OS သုံးဖုန်းများနဲ့ အတူအောင် ထိပ်တန်း Android Application များကို အသုံးပြုနိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း တစ်လုံး ဖြစ်အောင် ဖန်တီးထားကြောင်း ဆိုပါတယ်။ Android OS ကို အသုံးပြုပြီး ဖုန်းစမ်းသပ်နေ တယ် ဆိုတဲ့ သတင်းက မှန်ကန်စေခဲ့ပြီး ယခုတော့ စမ်းသပ်အဆင့်မှာတင် မဟုတ်တော့ပဲ ဖုန်းပါ ထွက်ရှိ လာစေ တော့မှာ ဖြစ်ပါတယ်။ ဖုန်းမှာ ပါဝင်မယ့် Specification တွေ ကိုတော့ ဖော်ပြ ပေးထားခြင်း မရှိသေး ပါဘူး။
Nokia ကို ၂၀၁၄ မှာ Microsoft သို့အပြီးတိုင် ပြောင်းလဲမှာ ဖြစ်ပါတယ်။ Microsoft ဆိုတာ Nokia အတွက် အသင့်တော်ဆုံး Windows Phone OS ကို ထောက်ပံ့ပေးခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ယခုတော့ Nokia ဟာ Microsoft ရဲ့  ပြိုင်ဘက် ဖြစ်တဲ့ Google ရဲ့  Android OS ကို အသုံးပြုတယ် ဆိုတော့ ဖုန်းအခြေအနေက ဘယ်လိုလာမယ် ဆိုတာ သေချာမသိရ သေး ပါဘူး။ Microsoft အနေနဲ့ ၎င်းတို့ လက်အောင်က ဖုန်းတွေ Android အသုံးပြုမှုသာ လက်ခံရင် Windows Phone OS ကို ပြန်နှိမ်ရာကျတာနဲ့ အတူတူပါပဲ။ Nokia ရဲ့  Android ဖုန်း Project ထဲမှာ Microsoft တို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း ဆိုပါတယ်။
၂၀၁၄ နှစ်ဆန်းကာလ အတွင်းမှာပဲ Nokia ထုတ် Android ဖုန်းများကို ဖြန့်ဖြူးရောင်းချ သွားမှာ ဖြစ် ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

0 comments:

window 8.1 မှာ system rating ဘယ်လိုလုပ်မလဲ?

Posted in
No comments
By htwe naing

 

 ကဲဒီနေ့ ဘုန်းကြီးဟောမဲ့ တရားကတော့(window 8.1 မှာ system rating လုပ်ကြည့်ရအောင် ) ဘာတဲ့လဲပရိတ်သက်ကြီး   ( window 8.1 မှာ system rating လုပ်ကြရအောင် ) ပါဘုရား ကဲစကြရအောင် ဒီ system rating က windows အသစ်တင်လိုက် တိုင်းမှာ မဖြစ်မနေလုပ်ပေးရမဲ့ လုပ်ကိုလုပ်ပေးရမယ့် window feature တစ်ခုပါ။ ဘာဖြစ်လို့ လုပ်ကိုလုပ်ရမယ် လို့ ပြောရလဲဆိုတော့ ကျွန်တော်လေ့လာမိသလောက် ကျွန်တော် Online ပေါ်မှာ ကျွန်တော့ရဲ့ Blogger အကိုကြီးတွေ ပြေပြချက်အရ system rating မလုပ်ထားရင် RAM memory တွေ အပြည့်အဝ အလုပ်မလုပ်တာတွေ | Graphic memory တွေ အလုပ်မလုပ်တော့ game ဆော့လို့မကောင်းတာတွေ ကိုသွားတွေ့တယ် နောက်ပြီး system rating ကိုလုပ်မယ်ဆိုရင် battery power လုပ်လို့မရပါဘူး charger တပ်ပြီး လုပ်မှရပါတယ်     အရင် windows တွေမှာ ပါပေမဲ့ window 8.1 မှာတော့ ဒီ system rating လို့ခေါ်တဲ့ Windows Experience Index feature ကပါ မလာပါဘူး
တစ်ခြား ပါမလာတဲ့ feature တွေ ၅ ခုလောက် ရှိပါသေးတယ် ကယ်လုပ်ကြည့်ရအောင် syatem rating မလုပ်ခင် အရင်ဆုံး this PC /Local Disk C / window / performance /WinSat / DataStore 
DataStore ကိုဖွင့်လိုက် system rating မလုပ်ရသေးရင် အဲဒီ folder ထဲမှာဘာမှမရှိပါဘူး။ပြီးသွားရင် အဆင့်ဆင့်ပြန်ထွက်လိုက်ပါ။ ပထမဆုံး
 window+R
 
ပြီးရင် Run ထဲမှာ cmd လို့ရိုက်လိုက်ပါ။
 
 
 
 
command prompt လေးတက်လာရင် command prompt ထဲမှာ winsat formal ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။
 
 
 
 
 
Windows Experience Index In Windows 8.1 Picture1 
ခဏလေးစောင့်ပေးလိုက်ပါ system rating လုပ်နေပါလိမ့်မယ် ပြီသွားရင် command prompt ကိုပိတ်ပါ 
this PC / local Disk C / window / preformance / Winsat / DataStore ထိရောက်အောင်သွားပြီး Datastore folder ကကိုဖွင်လိုက်ပါ။
Windows Experience Index In Windows 8.1 Picture2
 XML file တွေတွေ့ရပါလိမ့်မယ် အဲဒီ XML file တွေထဲက အောက်ဆုံးမှာ Formal.Assessment (Initial).WinSAT
 ဆိုတဲ့ file လေးကို right click / Open with / internet explore ဖွင့်လိုက်ရင်အောက်ကပုံလေးအတိုင်း PC တစ်လုံးရဲ့ system / memory / graphic / cpu / video / gaming စတာတွေရဲ့ score တွေ့ရပါလိမ့်မယ်
Windows Experience Index In Windows 8.1 Picture3 
အားလုံးပဲအစင်ပြေကြပါစေ

0 comments:

samsung galaxy note 2 N7100 ကို 4.3 jelly bean တင်နည်း

No comments
By htwe naing

 
samsung galaxy note 2 N7100 ကို android 4.3 jellybean တင်ကြရအောင် 
မနေ့က note 2 တစ်လုံး power ဖွင့်လိုက်ရင် samsung logo ကနေတက်မလာတော့လို့  ကျွန်တော် ကလိထားတဲ့ နည်းလေးပါ လုပ်နည်းကတော့လွယ်ပါတယ် ဒီလုပ်နည်းကို android အသုံးပြုသူ တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ သိပြီးသား ကိုကို မမ တွေကျော်ခွသွားလိုက်ပါ မသိသေးတဲ့ ကိုကိုတွေ မမ တွေအတွက်ပါ firmware upgrade မလုပ်ခင် ကျွန်တော်ဆရာ နည်းနည်းလုပ်မယ်နော် firmware upgrade လုပ်မဲ့ laptop / desktop ကိုသွက်သွက်လက်လက် လေးဖြစ်အောင်အရင်လုပ်ထားပါ ဘာမှမဟုတ်ပဲနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အေးအေးဆေးဆေး ပြီးရမယ့်နေရာမှာ ကြန့်ကြာနေမှာစိုးလို့ပါ ကျွန်တော်ကိုယ်တိုင်ကြုံဖူး လို့ပါနော် ကဲလျှာရှည်တာလဲ များသွားပြီ စရအောင်.... အော်ကျန်သေးတယ် firmware upgrade လုပ်ဖို့ ordin multidownloader ကို ပေးထားတဲ့ ordin version ကိုပဲသုံးပါနော် ငါ့မှာရှိပြီးသားဆိုပြီး download ဆွဲရမှာမပျင်းပါနဲ့နော်...
ကဲ firmware တင်ဖို့လိုတာလေးတွေအရင်ယူထားလိုက်




၁။Download ဆွဲပြီးသွားရင် samsung Usb driver ကိုအရင်ဆုံး PC မှာ install လုပ် | ဖုန်း battery ကို 75% ရှိရမယ်နော်

၂။ ပြီးရင် ဖုန်းကို power+volume down+Home အဲဒီသုံးခုကို တစ်ပြိုင်တည်းနှိပ်လိုက်ရင် warning!! စာလေးတွေလိမ့်မယ် volume up : Continue / volume down : cancel (restart phone ) volume up  ဆိုတာကို ရွေး downloading ဆိုပြီး android စက်ရုပ်ပုံလေးပေါ်လာရင် USB ကြိုးနဲ့ PC ချိတ်။ 

၃။ordin3 v3.09 ကိုဖွင့်  ordin ထဲမှာအရင်ကလို PDA မဟုတ်တော့ဘူး AP ဆိုတဲ့ နေရာလေးမှာ  N7100XXUEMK4_N7100ODDEMK1_N7100DDEMJ9_HOME.tar.md5 ကို zip ဖိုင်ဖြည်ပြီး ရွေးပေးလိုက် ပြီးရင် start ဆိုတာကိုနှိပ် သာသာယာယာ လေးထိုင်ကြည့်နေ ထိုင်နေရတာပြင်းရင် facebook လေးဘာလေး နည်းနည်းပွားလိုက် အချိန်တန်လို့ပြန်တက်လာရင် 4.3 Jally bean ရသွားပါပြီ......... 

 Root လုပ်နည်းကတော့ပြောမပြတော့ဘူးနော် အရမ်းလွယ်လို့ Vroot နဲ့တာစော်ထည့်လိုက်
လွယ်လိုက်တာစိုပြီး အထင်တော့ မသေးနဲ့နော် ဒီ Note 2 N7100 ကို တရုတ်ဆိုင်မှာ သွားမေးတာ ပြင်ခ 750 RM ပေးရမယ်လို့ပြောလိုက်တော့ ပိုင်ရှင်ခင်မျှာ အီးပါချင်သလိုလို | သေးပေါက်ချင်သလိုလို | အတိတ်မေ့ချင်သလိုလို | ရွှေပျောက်သလိုလို ဖြစ်သွားတယ်နော် အပိုတွေပြောတာ မဟုတ်ဘူးနော်
 1 Ringgit = 300 ကျပ်
ကိုယ်ဖာသာတွက်ကြည့်


ကဲကလေးတို့ရေ ကုံပြင်လေးကတော့ ဒါပါပဲကွယ်

အားလုံးပဲအစင်ပြေကြပါစေ။



0 comments:

လေးဖြူ (စိတ်ပူတယ်)

Posted in
No comments
By htwe naing

 
 ကိုလေးဖြူရဲ့ စိတ်ပူတယ် ဆိုတဲ့သီချင်းလေး တစ်ပုဒ်ပါ myanmarmp3.net မှာတွေ့လို့ နားထောင်ချင်တဲ့သူငယ်ချင်းတွေနားထောင်လို့ ရအောင်တင်ပေလိုက်ပါတယ်

http://180upload.com/q105u74oi6ns

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။