sony xperia ဖုန်းတွေအတွက် Android 5.0 based Xperia Themes apk

Posted in
No comments
By htwe naing

sony xperia ဖုန်းတွေအတွက် နောက်ဆုံးထွက် android version 5.0 lollipop themes apk လေးတွေပါ။ android version 4.3 နဲ့အထက်ရှိတဲ့ xperia ဖုန်းတွေမှာ root လုပ်ထားစရာမလိုပဲသုံးနိုင်ပါတယ်။ကြိုက်နှစ်သက်တဲ့ apk ကို ရွေးပြီးအသုံးပြုနိုင်ပါတယ်။

Theme Purple

 

Download Lollipop_6.apk

Android 5.0 based Xperia Themes
Xperia Android 5.0 Purple Theme

Theme Orange


Download Lollipop_7.apk

Xperia Theme Orange

Theme Blue


Download Lollipop_8.apk

Xperia Theme Blue

Theme Sky Blue


Download Lollipop_9.apk

Xperia Theme Sky Blue

Theme Navy Blue

.
Download Lollipop_10.apk

Xperia Theme Navy Blue

0 comments:

Windows 8 Logon Screen ကို Screenshot ပြုလုပ်ခြင်း

No comments
By htwe naing

Windows 8 အသုံးပြုသူများ အတွက် ကိုယ်အသုံးပြုတဲ့ Windows 8 ရဲ့ Logon Screen ကို Screenshot ပြုလုပ်ချင်တယ်ဆိုရင်  အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ  ဖြစ်ပါတယ်။ Logon Screen ကို Screeshot ပြုလုပ်ချင်သူတွေ အတွက် Windows မှာ Built-in ပါဝင်တဲ့ Tool နဲ့ အသုံးပြုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ Screenshot ပြုလုပ်ဖို့အတွက် Third Party ဆောဖ့်ဝဲကိုတော့ အသုံးပြုရမှာ ဖြစ်ပါတယ်။
Windows 8 Logon Screen ကို Screenshot ပြုလုပ်နိုင်မယ့် ဆောဖ့်ဝဲကတော့ PsExec ဆိုတဲ့ Tool ပဲဖြစ်ပါတယ်။ ဒီ Tool ဟာ Sysinternals suite ရဲ့အစိတ်အပိုင်း Tool လေးတစ်ခုပဲ ဖြစ်ပါ တယ်။ PsExec ကို Download ပြုလုပ်ပြီး ကိုယ့်ရဲ့ ကွန်ပျူတာထဲကို သွင်းလိုက်ပါ။ ကွန်ပျူတာထဲကို သွင်းပြီးသွားပြီဆိုရင် အဲဒီ PsExec ဆိုတဲ့ Tool ကို သွားရောက် ရှာဖွေရမှာဖြစ်ပါတယ်။ Default အနေနဲ့ ဒီဆော့ဖ်ဝဲဟာ C: အောက်က Windows အောက်က System32 ဆိုတဲ့ ဖိုဒါထဲမှာ ရှိမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ Screenshot ပြုလုပ်နိုင်ဖို့အတွက် FSCapture Portable Version ကို Download လုပ်ယူရမှာ ဖြစ်ပါတယ်။ Portable Version ကိုလိုချင်သူတွေအနေနဲ့ http://goo.gl/udmai4  ဆိုတဲ့လိပ်စာမှာ သွားရောက် ရယူနိုင်မှာ ဖြစ်ပါတယ်။ Download လုပ်ပြီးတဲ့ Portable Version ဖိုင်ကို C: အောက်ထဲ ထည့်ထားလိုက်ပါ။
ပြီးသွားရင် Win + X နှိပ်ပြီး Command Prompt ကို  Admin အဖြစ် ရွေးပြီး ဖွင့်လိုက်ပါ။ PsExec နဲ့ FSCapture နဲ့ချိတ်ဆက်ဖို့အတွက် Command Prompt ထဲမှာ Command ရိုက်ထည့်ပေး ရမှာ ဖြစ်ပါတယ်။ လမ်းကြောင်းကိုလည်း C:\Windows\System32 အောက်မှာ ရှိနေစေရပါမယ်။ အသုံးပြုရမယ့် Command ကတော့ psexec -xs c:\PathToFSCapture.exe ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရပါမယ်။ ဒီနေရာမှာ C: အောက်မှာ FSCapture.exe ကို ထားခဲ့တဲ့အတွက် c:\ ဆိုတဲ့ လမ်းကြောင်းကို ညွှန်ထားတာ ဖြစ်ပါတယ်။ အခြား Partition အောက်မှာ ထားမယ်ဆိုရင်အခြား Partition ရဲ့ Drive ကို ညွှန်းပေးရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် Screen Lock ပြုလုပ်ပြီး Alt+Tab ကို တွဲနှိပ်လိုက်ရင် FSCapture box တက်လာပါမယ်။ အဲဒီမှာသွားပြီး Screenshot ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

 http://www.internetjournal.media/

0 comments:

Huawei ဖုန်းအားလုံး unlock code တောင်းနည်း

No comments
By htwe naing

Huawei ဖုန်းတွေ website မှာ ပါတဲ့ဖုန်းတွေက unlock code တောင်းရတာ အဆင်ပြေပေမယ့် မပါတဲ့ဖုန်းတွေကျတော့ တောင်းရတာအခက်အခဲရှိပါတယ်။ အဲ့ဒါတွေကိုဖြေရှင်းဖို့ နည်းနှစ်နည်း တင်ပေးလိုက်ပါတယ်ဗျာ သိပြီးသူတွေရှိပေမယ့် မသိသေးတဲ့သူတွေ အခက်အခဲမဖြစ်ရအောင်ပါ။


Hidden content

ပထမနည်းကတော့ mail ပို့ပြီးတောင်းတာပါ mobile@huawei.com ကို imei တစ်ခုတည်းပို့တာနဲ့ 10 မိနစ်လောက်စောင့်ရင် မေးထဲကို ကုဒ်ပြန်ပို့ပါတယ်။ တစ်ခါတစ်လေတော့ နဲနဲကြာတာပေါ့။
ဒုတိယနည်းကတော့ http://en.club.vmall.com/emotiondownload.php?mod=unlock&action=pre  ဒီကိုသွားလိုက်ပါ။ ပြီးရင် အောက်ပုံမှာပြထားသလို Product Type မှာ smart phone ကိုရွေးပြီး အောက်က Product Model မှာ right click ထောက်ကာ Inspect Element(Q) ကိုရွေးပေးပါ။ ကျွန်တော် G615-U10 ကို နမူနာတောင်းပြပါမယ်။



window အသစ်တစ်ခုနဲ့ ဘောက်ပေါ်လာရင် select ၀င်နေတဲ့စာကြောင်းကို right click ထောက်ပြီး Edit As HTML ကိုရွေးပေးပါ။



box တစ်ခုနဲ့ ကုဒ်တွေပေါ်လာပါမယ်။ အဲ့ထဲက အောက်ဆုံး </select> ရဲ့ ရှေ့မှာ  <option value="HUAWEI G615-U10">HUAWEI G615-U10</option> အဲ့ဒါလေးကို အစားထိုးပေးလိုက်ပါ။ အနီနဲ့ပြထားတဲ့ စာတွေကိုတော့ ကိုယ့်ဖုန်းရဲ့မော်ဒယ်အတိုင်း အကြီးအသေး space bar ကအစ မမှားအောင်ထဲ့ပေးပါ။ အောက်ကပုံအတိုင်းပေါ့။



ပြီးပြီးဆိုရင် အဲ့ box ရဲ့ အပြင်ဘက်ကို click တစ်ချက်နှိပ်ပြီး ပိတ်ပစ်လိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ခုန ကိုယ့်နံပါတ်မပါတဲ့ drop down box ကို နှိပ်ကြည့်လိုက်ပါ။ အောက်ဆုံးမှာ ကိုယ်ဖြည့်ထားတဲ့ နံပါတ်လေးကိုတွေ့ရမှာပါ။ အောက်ကပုံကိုကြည့်ပါ။



ရပြီဆို အောက်ကအချက်အလက်တွေကိုဖြည့်ပြီး submit ကိုနှိပ်ပေးလိုက်ရင် ရပါပြီ။ Product ID ကို ဖုန်းရဲ့ dialer keypad မှာ *#*#1357946#*#* လို့ရိုက်ပြီး ကြည့်နိုင်ပါတယ်။ ကျန်တာတွေကိုတော့ ဖုန်းရဲ့ နောက်ကျောမှာကြည့်ပါ။ Verification Code ကိုတော့ မှန်အောင်ဖြည့်ပေးပေါ့။ မမှန်ဘူးပြောရင်လည်း နောက်တစ်ခါ Verification Code: ထဲ့ပြီးထပ်လုပ်ပါ။ တစ်ခါတစ်လေ လေးငါးခါလုပ်ရပါတယ် ပြီးရင်တော့ အောက်နားလေးမှာ Your unlocking password is:xxxxxxxxxxxxxxxxxxx အဲ့လိုလေး ပေါ်လာပါမယ်။ ဒါဆိုရင်တော့ ဒုတိယနည်းကိုအောင်မြင်စွာပြီးဆုံးပါပြီခင်ဗျာ။

 http://mm-mpxteam.net

0 comments:

2015 New Year လက်ဆောင် ZawgyiOne 2015 နဲ့ Final Solution 3.0

Posted in
No comments
By htwe naing

zaw-gyi-1
New Year 2015 လက်ဆောင် ……..
ZawgyiOne 2015
မြန်မာ(ZG) ကရင် မွန် ရခိုင် ရှမ်း Fonts
Samsung Devices များအတွက်
install ပြီး FontStyle မှာပြောင်းသုံးရန်
ZawgyiOne 2015 apk
 Cool-download-button
Exodus2 apk
 Cool-download-button
အခြားဖုန်းများအတွက်
ifont ( donte ) မှပြောင်းသုံးပါ
Computer မှာလည်း install ပြီး Font Change
သုံးလို့ရပါသည် ..အောက်မှာ ရယူပါ
 Cool-download-button
FinalSolution 3.0
Samsung Devices
Custom Recovery ( cwm or twrp ) မှ install
Clash Of Clan မြန်မာစာ ရေးလို့ရ
Lollipop Support Zawgyi
မြန်မာ ( ZG ) ကရင် မွန် ရခိုင် ရှမ်း စာသုံးလို့ရ
စာထပ် စာလုံးကပ်နေပါက
system / csc ထဲက feature.xml ကိုဖျက်ပေးပါ ။။
Android Version အလိုက်ကြည့်ယူပါ ..
For Android 4.3
Cool-download-button
For Android 4.4.2 and 5.0
 Cool-download-button
လိုအပ်ချက်များရှိနေပါက ပြောပြပေးပါ
ကြိုးစားပါဦးမယ် ..
နှစ်သစ်မှာ ဝမ်းမြှောက်နိုင်ပါစေ ..
လိုအပ်တာတွေကို လိုသလို ယူနိုင်ပါပြီ ..
ပြန်လည်မျှဝေလိုသူတွေ ကျေးဇူးပြု၍ Name တွေကိုတော့ edit မလုပ်ပါနဲ့ ..
Credit – Font Owner Ko Aung Thura (MMUG)
Aung Khaing (MMAS)
http://www.myanmarmobileapp.com/

0 comments:

DriverPack Solution အကြောင်း တစ်စေ့တစောင့်း

No comments
By htwe naing


    Computer ကို ၀င်းဒိုးတင်ဖူးသူတိုင်း အများဆုံးသိကြမှာပါ Deriver Pack Solution ဆိုတာကိုပေါ့… အရင်ဆုံး XP က နေခရီးဆက်ရပါလိမ့်မယ်၊ ယခင် ကျွန်တော်တို့ Window XP SP-1 မှာစသုံးတုန်းကတော့ MB (Mother Board) က 478  Board အမျိုးအစားတွေအများစုပါ။ အဲ့ဒီမှာ အဓိကကွဲပြားခြား နားတာက Chip Set တွေပဲဖြစ်ပါတယ်။ ဆိုလိုတာက AMD Chip Set, Intel Chip Set စသဖြင့် အခြားသော Chip Set    တွေလည်းရှိပါတယ်။ပြည်တွင်းမှာဝယ်ယူတဲ့ Computer တွေ အတွက်ကတော့ Driver ကိစ္စ စိတ်မပူရပါဘူး ဘာလို့လည်း ဆိုတော့ ကွန်ပျူတာ ၀ယ်လိုက်တဲ့ဆိုင်ကနေ Laptop ပဲဝယ် ၀ယ်၊ Desktop ပဲဝယ်ဝယ် ထို စက်နှင့် ပက်သက်တဲ့ Driver CD ကိုတပါတည်းထည့်ပေးလိုက်ပါတယ်။အကယ်လို့များ ပြည်ပမှာဝယ်မယ်ဆိုရင် သူတို့က မိမိကွန်ပျူတာရဲ့ Window     စနစ်ကို Recovery Partition တစ်ခုလုပ်ပေးပီး ဘာအခွေမှ  ပေးလိုက်မှာမဟုတ်ပါဘူး။ ဒီတော့ မိမိက မိမိစက်ကို ၀င်းဒိုး  ပြန်တင်တဲ့အခါမှာ တိုင်စပတ်တာက Driver ပြဿပါပဲ…  စကားတွေများသွားပီ လိုရင်းပဲပြောတော့မယ်ဗျာ… အထူးသဖြင့် ယခင်တုန်းက ကွန်ပျူတာ Services လုပ်တဲ့Services သမားတွေအများစုကြုံတွေ့ရတာ Customer Siteထဲမှာ ၀င်းဒိုးမဖြစ်မနေပြန်တင်ရတဲ့အခါမျိုး၊ Customer က၀င်းဒိုးပဲ ပြန်တင်ချင်တဲ့အခါမျိုးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုက Driver ပြန်သွင်းရတာပါပဲ။ ဒီတော့ ဘယ်လိုနည်းနဲ့လုပ်ကြသလည်းဆိုတော့ Driver Genius လိုမျိုး Driver Backup & Restore လုပ်လို့ရတဲ့ Software နဲ့ ကွန်ပျူတာရဲ့ Driver တွေကိုBackup & Restore လုပ်ရပါတယ်။ အကယ်လို့များ backup မလုပ်ပဲ ၀င်းဒိုးကို တင်လိုက်မယ်ဆိုရင်တော့ အချို့ Driver တွေက မသိပဲ(အထူးသဖြင့် BUS Driver, VGA Chip Driver, Sound Driver) စက်ရဲ့ လုပ်ဆောင်မှုတွေ နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Cobra , Driver 150000 လိုမျိုး Driver ခွေတွေကိုစုစည်းပြီးရှာရတာမျိုးတွေ။ ဒါပေမယ့်လည်း တစ်ခါတစ်လေ 478 ကနေ 775ထိဖြစ်လာတဲ့ ဘုတ်မျိုးတွေမှာဆို တစ်ချို့ Driver တွေကို လုံးဝရှာလို့မရတော့တာမျိုးတွေတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယခုဆိုရင်အဲ့ဒီ Driver အတွက် အများစုက စိတ်မပူရတော့ပါဘူးဘာကြောင့်လည်းဆိုတော့ Driver Pack Solution ဆိုတဲ့ အခွေပေါ်လာကတည်းကDriver တော်တော်များများကို တစ်ခါတည်းသွင်းလို့ရလာပါတယ်။Ati (Radeon), Nvidia (GeForce), Realtek, Intel,Amd, Atheros,တိုကလိုမျိုးပေါ့…၄င်းမှာ Version အလိုက် ကျွန်တော်စသုံးဖူးခဲ့တာကတော့Version 11, 12, 12.3, 13, 14, 14.9 တို့ပဲဖြစ်ပါတယ်။ သူနဲ့ Driverမိတဲ့ Brand တွေကတော့ Asus, Acer, Sony, Samsung, HP, Lenovo,
Toshiba, Fujitsu-Siemens, DELL, eMachines,MSI... စသဖြင့် တခြားသော Brand တော်တော်များများကို လည်း မိနိုင်ါပတယ်။ဘယ်လိုDevices အမျိုးအစားတွေကို အဓိကထားပြီး Driver ရနိုင်သလည်းဆိုတော့ Motherboard, Sound Card, Video Card, Network Card, Wi-Fi, Chipset, Controller, Bluetooth, Modem, Web-camera,
Card Reader, CPU, Input Device,Monitor, Printer, Scanner, USB, နဲ့ အခြားသော Devices တော်တော်များများကို ဖမ်းမိနိုင်ပါတယ်။ကဲ ဒီလောက်ဆိုရင် Driver Pack ရဲ့ အားသာချက်တွေကို သိလောက်
ပြီလို့ ထင်ပါတယ်။ ဒါဆိုရင် ကျွန်တော် အားနည်းချက်ကို ဆက်ပြောပေးပါ့မယ်။အဓိက အားနည်းချက်ကတော့ Version 12 နောက်ပိုင်းကနေစပြီးအထူးသဖြင့် Version 13 မှာစတွေ့တာပါပဲ။ ကျွန်တော်တို့က
Driver တွေတော်တော်များများသိတယ်ဆိုပြီး ပီတိတွေဝေဆာနေတဲ့အချိန် Version 13 မှာ Malware ကပ်ပါလာပါတယ်။ အဲ့ဒီ နှစ်ကောင်က Runouce.exe နဲ့ Reservx.exe ဆိုတဲ့ နှစ်ကောင်ဖြစ်ပါတယ်။သူက Window ရဲ့ System မှာလည်း Default အနေနဲ့ ရှိနေတာမှန်ပေမယ့် အကယ်လို့ သင်ဟာ သင့်ကွန်ပျူတာကို Driver Pack
နဲ့ Driver Update လုပ်ထားတာဆိုရင် ပိုသိသာပါလိမ့်မယ်။ သင့်ရဲ့ Task Manager ကို ဖွင့်ကြည့်လိုက်ပါ။ runouce.exe နဲ့Reservx.exe ဆိုတဲ့ နှစ်ကောင်က RAM, CPU ရဲ့ Process တော်
တော် စားနေတာကိုတွေ့ရပါလိမ့်မယ်။ အကယ်လို့ သင်ဟာ Driverကို Driver Pack မသုံးပဲ Original Driver CD သို့မဟုတ် ၀န်လိုင်းကနေ Official ဒေါင်းပီး တင်ထားတဲ့စက်ဆိုရင် သင့်ရဲ့ ကွန်ပျူတာထဲမှာထိုနှစ်ကောင်က Process အများကြီးမယူထားတာကိုတွေ့ရမှာဖြစ်သလိုတစ်ချို့စက်တွေမှာ လုံးဝတွေ့ရမှာမဟုတ်ပါဘူး။ ဒါဟာလည်း ကျွန်တော်ကိုယ်တိုင်း စက်တော်တော်များများကို စမ်းသပ်ထားပါတယ်။ဒီနေရာမှာ
ဘယ်အပိုင်းကနေအဓိက၀င်သလည်းဆိုတော့ တစ်ချို့ Driver တွေကိုInstall လုပ်နေချိန်မှာ Continue Install Anyway ဆိုတဲ့ Message Boxပေါ်လာတဲ့အချိန်မှာ အများဆုံးညိတတ်ပါတယ်။ ဒီတော့ သင်ကော ဘယ်
လိုနည်းလမ်းဖြင့် သင့်ရဲ့ ကွန်ပျူတာ Driver ကို သွင်းမလည်း…….

အကြံပြုချက်…..
 ကျွန်တော့်ဘလော့ထဲမှာပဲ Driver pack နဲ့ မိမိစက်ထဲက Driver တွေကို
ဘယ်လို Backup လုပ်ထားမလည်းဆိုတာလေး အကြောင်းရေးပေးထား
ထိုနည်းကို မလုပ်ဆောင်ရင် အရင်ဆုံးမိမိစက်ကို Anti
Virus နဲ့အရင်စစ်ဆေးပီး လ်ုပဆောင်ပါလို့ အကြံပြုပါရစေ
အားလုံးကို အစဉ်လေးစားလျှက်
Cristiano Zarni@ဦးဇာနည်

0 comments:

Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း

No comments
By htwe naing


ကျွန်တော်တို့ ကွန်ပျူတာတစ်လုံးမှာ ၀င်းဒိုးပြန်တင်တဲ့အခါမှာအဓိက အာရုံနောက်ရတဲ့အချက်က Driver ပြဿနာပါ။အကယ်လို့ Online ချိတ်ဆက်ထားတယ်ဆိုရင်တော့အကြောင်း
မဟုတ်ပေမယ့်။ Online ချိတ်ဆက်ထားမှုမရှိတဲ့အခါမျိုးမှာ လက်ရှိဝင်းဒိုး စနစ်တစ်ခုမှာ ရှိထားပီးသော Driver တွေကိုတော့ ပြန်လည်သွင်းရမှာ အနည်းငယ်နှောင့်နှေးခက်ခဲမှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်
တို့က Driver Backup လုပ်နည်းများစွာထဲမှာမှ Driver PackSolution 2013 ဖြင့် လက်ရှိ Driver များကို EXE ဖိုင်အဖြစ်Backup & Convert လုပ်နည်းဖြစ်ပါတယ်။ကဲ စကားတွေလည်းများသွားပီဆိုတော့ ဆက်လိုက်ရအောင် အရင်ဆုံး သင့် ကွန်ပျူတာထဲကိုDriver Pack Solution13 ကိုထည့်လိုက်ပါပီးရင်တော့ ထုံးစံအတိုင်း

မျှားအနီပြထားသော DriverPackSolution.exe ဆိုတဲ့ ဖိုင်ကို Double
Click နှိပ်လိုက်ပါမယ်။ဒီအခါမှာတော့ Driver Pack Solution 13 Run
လာတဲ့အခါမှာတော့ အောက်ပါပုံအတိုင်းမှ

Backup ဆိုတာကိုနှိပ်လိုက်ပါမယ်။ဒီအခါမှာတော့

အထက်ပါပုံအတိုင်းမှ Backup from the Datebase ဆိုတဲ့ဘေးမှာမှင်အနီဝိုင်းပြထားတဲ့နေရာလေးမှာ အမှန်ခြစ်တပ်ထားပေးရမှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ သူက .EXE format ကို တန်းပီး Convert
လုပ်ဖို့ဖြစ်ပါတယ်။ အလားတူပဲ Backup from the sytem မှာလည်း အမှန်ခြစ်ထားပေးရပါမယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက နှစ်မျိုးရှိပါတယ်။Database ကနေကော  System ကနေကော Backup လုပ်တာမှာပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကို တစ်ခုချင်းစီ Backup လုပ်ပီးသွားတဲ့
အခါမှာတော့

အထက်ပါပုံအတိုင်း drp.exe နဲ့ win.exe ဆိုပီး ပေါ်လာမှာဖြစ်ပါတယ်။၎င်းဖိုင်နှစ်ဖိုင်အား CD ဖြင့် ဘမ်းထားပီး သင့် စက်ရဲ့ Driver ခွေအဖြစ်သိမ်းဆည်းထားပီး သင့်စက်အားဝင်းဒိုးတင်လိုက်တဲ့အချိန်တိုင်းမှာ ၄င်းExe ဖိုင်နှစ်ခုအား Install လုပ်ပေးခြင်းဖြင့် Driver များကို အလိုအလျောက်သွင်းပေးမှာဖြစ်ပါတယ်။ကဲ ဒီလောက်ဆိုရင်သင့်ကွန်ပျူတာ Laptop ပဲဖြစ်ဖြစ် Desktop ပဲဖြစ်ဖြစ် Driver ကိစ္စများအတွက် အာရုဏ်နောက်ခြင်းမှ ကင်းဝေးပီး အလွယ်တကူ Driver Backup လုပ်နိုင်ကြမှာဖြစ်ပါတယ်
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

0 comments:

Advanced SystemCare PRO v8.0.3.588 Final (pre-activated)

Posted in
No comments
By htwe naing

Iobit ကထုတ်တဲ့ဆော့ဝဲတွေထဲမှာ လူကြိုက်အများဆုံးနဲ့ အသုံးအများဆုံးဖြစ်တဲ့ Advanced
SystemCare PRO နောက်ဆုံးထွက် Version အသစ်လေးကို တင်ပေးလိုက်ပါတယ်။
Malware Protecting,Cleaner,Optimizer နဲ့ စက်ကိုမြန်စေဘို့ speed Up လုပ်ပေးတဲ့ဆော့ဝဲလေးတစ်ခုပါ။ Activate လုပ်ပြီးသားမို့ crack တွေ pach တွေ မလိုပဲ install လုပ်ပြီးတန်းသုံးနိုင်ပါတယ်။

ဒီကောင်လေးကို install လုပ်တော့မယ်ဆိုရင် တစ်ခုသတိထားရမှာက အောက်ကပုံမှာပြထားသလို အမှန်ခြစ်လေးတွေကို ဖြုတ်ဖို့ မမေ့ပါစေနဲ့ တစ်ချို့က software တစ်ခုခုကို install လုပ်တော့မယ်ဆိုရင် ဘာမှ မကြည့်ပဲ next တွေတန်းနှိပ်ပြီးသုံးတက်လို့ပါ။ အဲဒီလို next တွေတန်းနှိပ်သွားတော့ firefox / google chrome browser တွေမှာ ဘယ်ကဘယ်လို search toolbar တွေပါလာလို့ပါလာမှန်းမသိ ဖြစ်မှာဆိုးလို့ပါ။




အစင်ပြေပါစေ။

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။