New Found Buddha Shrine

Posted in
No comments
Thursday 28 November 2013 By htwe naing

ဗုဒ္ဓ ဖွားမြင်ရာလို့ ယူဆထားတဲ့ နေရာ အောက်မှာ တူးဖော် တွေ့ရှိခဲ့တဲ့ အထောက်အထား တွေက ဗုဒ္ဓ ဖွားမြင်တဲ့ နေ့ ရက်ကို အတိအကျ သိရှိနိုင် ဖို့အတွက် အထောက်အကူ ပေးနိုင်မှာပါ။
ဗုဒ္ဓ ဖွားမြင်ရာ နေရာအဖြစ် အသိအမှတ်ပြု လက်ခံ ထားကြသော နီပေါနိုင်ငံ လုမ္ဗီနီ အတွင်း အုတ်ဘုရား ကျောင်းဆောင် တွေရဲ့ အောက်မှာ သစ်သားနဲ့ ဆောက်လုပ် ထားတဲ့ အဆောက်အဦး တစ်ခုကို တူးဖော် တွေ့ရှိခဲ့ ကြပါတယ်။ အဆိုပါ တွေ့ရှိချက်က ဗုဒ္ဓဖွားမြင်တဲ့ နေ့ရက်ကို အတိအကျ သိရှိနိုင် ဖို့အတွက် ပထမဆုံးသော ရှေးဟောင်း သုသေတန အထောက်အထား တစ်ခု ဖြစ်လာနိုင် ပါတယ်။

Oldest Buddha Shrine Found

လက်ရှိမှာ သမိုင်း ပညာရှင်တွေ အများစု လက်ခံ ထားကြတဲ့ အချက်အလက် တွေအရ ဗုဒ္ဓမယ်တော် ဖြစ်တဲ့ မာယာဒေ၀ီဟာ လုမ္ဗီနီဥယျာဉ် အတွင်းမှာ သိဒ္ဓတ္ထ ဂေါတမ မင်းသား နောင်တစ်ချိန်မှာ ဗုဒ္ဓဖြစ် လာမယ့်သူကို ဖွားမြင် ခဲ့ပါတယ်။ ဒီဥယျာဉ် နေရာကိုတော့ ၁၈၉၆ ခုနှစ်မှာ နီ ပေါ ရှေးဟောင်း သုတေသန ပညာရှင် တွေက ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ၀င်တွေ အလေးအမြတ် ထားရာ နေရာတွေ ဖြစ်တဲ့ သံ ဝေဇနိယ လေးဌာန ထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ လုမ္ဗီနီကို UNESCO ကကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် တစ်ခု အဖြစ် ၁၉၉၇ ခုနှစ် မှာ သတ်မှတ်ခဲ့ ပါတယ်။ လက်ရှိ လက်ခံ ထားကြတဲ့ အချက်အလက် တွေအရ ဗုဒ္ဓဟာ BC 563 ခုနှစ် ၀န်းကျင်မှာ ဖွားမြင် ခဲ့ပြီး BC 483 ခုနှစ် ၀န်းကျင်မှာ ပရိနိဗ္ဗာန် စံဝင်ခဲ့ တယ်လို့ သတ်မှတ် ထားခဲ့ ကြပါတယ်။ တချို့သမိုင်း ပညာရှင် တွေကတော့ BC 4 ရာစု အတွင်းမှာ ဖွားမြင်ခဲ့ပြီး BC 380 လောက်မှာ ပရိနိဗ္ဗာန် စံဝင်ခဲ့ တယ်လို့ ယူဆကြ ပါတယ်။ အဓိက ပြဿနာ တစ်ခုက ဒီအချက်အလက် တွေကို သက်သေ ပြ နိုင်ဖို့ရာ သမိုင်း ဒါမှမဟုတ် ရှေးဟောင်း သုတေသန အထောက်အထား မတွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

New Buddha Shrine Found

နောက်ဆုံး နီပေါမှာ ရှာဖွေ တွေ့ရှိချက်တွေ အရတော့ ဒီအရေးကြီး လှတဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး လက်ရှိ လက်ခံထားတဲ့ အချက် အလက် တွေကို ပြန်လည် ပြင်ဆင် ရေးသားနိုင်ဖို့ နီးကပ်လာပြီ ဖြစ်ပါတယ်။ လုမ္ဗီနီမှာ တွေ့ရတဲ့ အထောက်အထား တွေအရ ဗုဒ္ဓဟာ BC 6 ရာစု လောက်မှာ နေထိုင်ခဲ့ တယ်လို့ ဒီရှာဖွေမှုရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ Professor Robin Coningham of Durham University, U.K., ကဆိုပါတယ်။ Coningham ရဲ့အဆိုရ အခု တွေ့ရှိရတဲ့ ရှေးဟောင်း သစ်သား ကျောင်းဆောင်ကို မာယာဒေ၀ီ အုတ်ကျောင်းဆောင်ရဲ့ အောက်မှာ တွေ့ရှိခဲ့ တာဖြစ်ပြီး အဆောက်အဦး နှစ်ခုဟာ ပုံစံချင်း ဆင်တူပါတယ်။ ဒါ့အပြင် ဒီသစ်သား အဆောက်အဦးဟာ အရင်က သစ်ပင် တစ်ပင် တည်ရှိခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ ဗုဒ္ဓ၀င် သမိုင်းအရ သိဒ္ဓတ္ထ ဂေါတမ မင်းသားဟာ လုမ္ဗီနီ ဥယျာဉ်ထဲ ကသစ်ပင် တစ်ပင် အောက်မှာ ဖွားမြင်ခဲ့ တာဖြစ်ပြီး ဒီအတွက်ကြောင့် ခုတွေ့ရှိတဲ့ သစ်အဆောက်အဦးဟာ ဗုဒ္ဓ ဖွားမြင်တဲ့ နေရာမှာ တည်ဆောက် ထားတယ်လို့ ယုံကြည် ရပါတယ်။

New Buddha Shrine Found

လေ့လာသူ တွေဟာ ဒီရှေးဟောင်း သစ်သား အဆောက်အဦးက သစ်သား အကာတွေဟာ BC 550 ခုနှစ် ၀န်းကျင်က ဖြစ်တယ် လို့ဆိုပြီး ဒါ့ထက်ပိုမို ရှေးကျတဲ့ အုတ် အဆောက်အဦး တစ်ခုကိုလည်း တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒီလေ့လာ တွေ့ရှိချက် တွေအရ တွက်မယ် ဆိုရင် ဗုဒ္ဓ ဖွားမြင်တဲ့ နေ့ဟာ လက်ရှိ ပညာရှင် အများအပြားက လက်ခံ ထားတဲ့ နေ့ထက် ရာစုနှစ် ၁ခုခန့် ပိုမိုစော နေတာ ဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေရဲ့ သက်တမ်းကို သိဖို့အတွက် လေ့လာသူ တွေဟာ radiocarbon dating နဲ့ optically stimulated luminescence နည်းလမ်းတွေ အသုံးပြုပြီး သက်တမ်း သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ ဒီရှာဖွေမှုကို တွေ့ရှိခဲ့တဲ့ နိုင်ငံတကာ ရှေးဟောင်း သုတေသန အဖွဲ့ကို အထူး ခွင့်ပြုချက် ပေးခဲ့တာ ဖြစ်ပြီး ဂျပန်နဲ့ နီပေါက တာဝန်ရှိ သူတွေအပြင် UNESCO ကတာဝန် ရှိသူတွေပါ စောင့်ကြည့် ကူညီပေး ခဲ့တာ ဖြစ်ပါတယ်။

New Buddha Shrine Found


www.mymclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။