Scientists Discover New Body Part

Posted in
No comments
Monday 11 November 2013 By htwe naing

University Hospitals Leuven မှခွဲစိတ် ဆရာဝန် နှစ်ဦးဟာ လူ့ဒူးခေါင်း ထဲမှာ ကိုယ်ခန္ဓာ အစိတ်အပိုင်း အသစ် တစ်ခု ဖြစ်တဲ့ အရွတ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။
MRI သံလိုက် ပုံရိပ်ဖမ်းစက်၊ နှလုံးအတု၊ လေဆာဖြင့် မျက်စိခွဲခြင်း ပညာ စသဖြင့် ခေတ်မီ တိုးတက်နေတဲ့ ဆေးပညာ တွေနဲ့ ပြည့်နှက်နေတဲ့ ခေတ်ကြီးမှာ ဆရာဝန် တွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုစီ တိုင်းကို အနည်းဆုံးတော့ ကြားဖူးနားဝ ရှိလိမ့်မယ်လို့ ယူဆရင် လွန်တယ် လို့ မဆိုသာပါ။ ဒါပေမယ့် ဘယ်လ်ဂျီယမ်က ဆရာဝန် တွေရဲ့ တွေ့ရှိချက် အသစ်က ဒီယူဆချက် မှားကြောင်း ပြသခဲ့ ပါတယ်။

New Body Part Discovered

Science Daily မှာအစီရင် ခံထား သလိုပါပဲ University Hospitals Leuven မှခွဲစိတ် ဆရာဝန် နှစ်ဦးဟာ လူ့ဒူးခေါင်း ထဲက အရွတ် တစ်ခုကို ပြသနိုင်ခဲ့ ကြပါတယ်။ ဒီရှာဖွေ တွေ့ရှိချက်ဟာ ACL လို့အတိုကောက် ခေါ်တဲ့ ဒူးတွင်း ရှေ့ပိုင်း ကြက်ခြေခတ် ပုံအရွတ် (Anterior Cruciate Ligament) ထိခိုက် ဒဏ်ရာရခြင်း ကုထုံးကို သိသိသာသာ ပြောင်းလဲ သွားစေ နိုင်ပါတယ်။ Dr Steven Claes နဲ့ Dr Johan Bellemans တို့ ဟာ ခေတ်သစ် ဆေးပညာရဲ့ လျှို့ဝှက် ဆန်းကြယ်မှု တစ်ခုကို လေးနှစ်ကြာ အဖြေရှာ ခဲ့ရပါတယ်။ တချို့ လူနာတွေမှာ ပြုပြင် ကောင်းမွန် ပြီး တာတောင် ဒူးဟာ လည်ချက် ပြောင်းသွား တာကို တွေ့ရပြီး ခန္ဓာကိုယ် လှုပ်ရှားရင် ဒူးဟာ ထိန်းမပေးနိုင်ဘဲ ညွတ်ကျ သွားတတ် ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာကို အဖြေရှာဖို့ သူတို့ဟာ အတိတ်ကို ပြန်တူးဆွ ကြပါတယ်။

New Body Part Discovered

၁၈၇၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဆောင်းပါး တစ်ခုမှာ ပြင်သစ် ခွဲစိတ် ဆရာဝန် တစ်ဦးက လူ့ဒူးရဲ့ ရှေ့ပိုင်းမှာ အရွတ်ပို တစ်ခု ရှိနေနိုင်ကြောင်း တွေးဆခဲ့ ပါတယ်။ ဘယ်လ်ဂျီယမ် ဆရာဝန် နှစ်ဦးဟာ လူသေပေါင်း များစွာကို ခွဲစိတ် လေ့လာပြီးနောက် ဒီတွေးဆချက်ကို သက်သေ ပြနိုင်ခဲ့ ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက် အရ လူတွေရဲ့ ၉၇ရာခိုင်နှုန်းမှာ ဒူးတွင်းရှေ့ပိုင်း ကြက်ခြေခတ်ပုံ အရွတ် (ACL) အပြင် ALL လို့ခေါ်တဲ့ ဒူးရှေ့ပိုင်း ဘေးအရွတ် တစ်ခု (Anterolateral Ligament) ရှိနေပါတယ်။ ဒူးလည်ချက် ပြောင်းသွား တာဟာ အရင်က မသိခဲ့တဲ့ ခန္ဓာကိုယ်ရဲ့ အဲဒီ အ စိတ်အပိုင်း ထိခိုက် ဒဏ်ရာရ သွားလို့ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ဟာ ဘတ်စကက်ဘော၊ ဘောလုံး (soccer)၊ American football စတဲ့ အားက စား တွေမှာ ဖြစ်လေ့ရှိတဲ့ ACL ဒဏ်ရာ ရခြင်းကို ကုသရာမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာ စေမှာပါ။ ဒါပေမယ့် တကယ် ပြုပြင်နိုင် ဖို့ မှန်းထားတယ် ဆိုရင်တော့ ခဏလေး အသက် အောင့်ပြီး စောင့်ပေးပါဦး။ Claes နဲ့ Bellemans တို့ဟာ ALL ကိုပြုပြင်နိုင်ဖို့ ခွဲစိတ်ကု နည်းလမ်းများကို ကြိုးစား ဖော်ထုတ် နေဆဲပါ။ ဒီရလဒ် တွေက နောင်နှစ် အတန်ကြာမှ အဆင်သင့် ဖြစ်မယ်လို့ Science Daily ကသတိပေး ဖော်ပြထား ပါသေးတယ်။

New Body Part Discovered
Tornado
 Tornado
www.mumclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။