အိမ်တွင်းအလှဆင်ဝါသနာပါသူများအတွက်

Posted in
No comments
By htwe naing

 

 Home Decoration ပေါ့ဗျာ ဘယ်ပစ္စည်းကိုဘယ်နေရာ ဘယ်လို့ချမယ်ဆိုတာကို ပြင်ဆင်ပေးနိုင်မယ့် ဆော့လ်ဝဲ
တစ်ခုဆိုလည်းမမှားပါဘူးစိတ်ကူးထဲမှာနေရာချပြီးမှ အပြင်
မှာအဆင်ပြေအောင်ပြန်ချကြည့်ပေါ့ဗျာ အိမ်တွင်းအလှဆင်
တာနဲပတ်သက်ပြီးတော့ ဝါသနာပါသူများ အတွက်အနည်းငယ်
တော့အသုံးဝင်လိမ့်မယ် ထင်တာပဲ :P


>>Download Here<<

www.aungmyokyaw.tk

0 comments:

Apple ID တွင် Rescue Mail တစ်ခု ထည့်သွင်းခြင်း

Posted in
No comments
By htwe naing

 
Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့ ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည် ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။ ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။

Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။ ဒီအခါမှာ "Email authentication" option ကိုသုံးပြီး Reset ချရတာက ပိုပြီးတော့ လွယ်ကူပါတယ်။

"Rescue Mail" ဆိုသည်မှာ မိမိ၏ Apple ID (သို့) Password ကို မေ့သွားတဲ့ အခါမှာ အလွယ်တစ်ကူပြန်လည် ရယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ (Apple ID အတွက် သုံးထားသော mail account မဟုတ်ပဲ) မိမိရဲ့ အခြား email account တစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် Apple ID တစ်ခု ဖွင့်လှစ်ပါက Email account နှစ်ခု လိုအပ်မည်ဟု ဖော်ပြခဲ့ပါတယ်။

"Rescue Mail" ကို Apple ID စဖွင့်သော အချိန်တွင် Optional အနေနှင့် အောက်ပါအတိုင်း ထည့်သွင်းခွင့်ပေးထားခဲ့ပါတယ်။ အချို့လည်း ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါလိမ့်မယ်..


အကယ်၍ သင့်မှာ Apple ID တစ်ခုရှိနေပြီး "Rescue Mail" မထည့်သွင်းရသေးဘူး ဆိုရင်တော့ အမြန်ဆုံးသာ ထည့်သွင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်...


>>ရှိပြီးသား Apple ID တွင် "Rescue Mail" ထည့်သွင်းရန်<<

၁) သင်၏ web Browser မှတစ်ဆင့် My Apple ID ကို သွားပါ။


၂) "Manage your Apple ID" ကိုနှိပ်ပါ။

၃) Apple ID နှင့် Password သုံးပြီး Sign In လုပ်ပါ။


၎) အောက်ပါပုံအတိုင်း "Password and Security" ကိုရွေးပါ။ ထိုနောက် Security Questions ကို ဖြေဆိုပြီးနောက် "Continue" နှိပ်ပါ။


  • ယခုအဆင့်တွင် မိမိ၏ Security Questions များကို မေ့လျှော့နေခဲ့ပါက ဤနေရာတွင် သွားရောက်ပြီး မိမိ၏ information ကို ပြည့်စုံစွာ ဖြည့်စွက်၍ "Security Question နှင့် Answer ကို Reset လုပ်မည်" ဟု email ပေးပို့ပါ။
  • တစ်ရက် နှစ်ရက်အတွင်း Apple မှ စာပြန်လာပါလိမ့်မည်၊ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။


၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။


၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။ (Inbox တွင် ရှာမတွေ့ပါက Spam ထဲတွင် ရှာပါ)။ "Varify Now >" ကို နှိပ်ပါ။


၇) သင်၏ Email ကို Rescue Mail အဖြစ် Verify ဖြစ်သွားကြောင်းတွေ့ရပါမည်။

 
 
credit - မိုးသိကြား

0 comments:

International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

Posted in
No comments
By htwe naing

 
မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်..


ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၃၂) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၃၂) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်..

>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ <<

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။

  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)


ကဲ... Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်... ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်...


လုပ်ငန်းစဉ်

အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။


အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။


ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။


အဆင့် ၃)
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်)



Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။


အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်)


အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။


အဆင့် ၆)
"Welcome to the iTunes Store" page တွင် "Continue"

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree"

အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။

  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။

  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)

  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။



အဆင့် ၈)
"Provide a Payment Method" တွင် "None" ကိုရွေးပါ။

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။


  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။

  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


အဆင့် ၉)
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။

အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။


အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။


အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။


အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ...


credit - မိုးသိကြား

0 comments:

Apple ID နှင့် Password ကို ပြန်လည်ရယူနည်း..

Posted in
No comments
By htwe naing

 
Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်မှ မေ့သွားတတ်ပါတယ်။
ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်...

ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့) password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

>>Reset Password<<

နည်းလမ်း (၁)

ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။

အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစားကြည့်နိုင်ပါသည်။

၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။


၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။


၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။


၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့်
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ)


၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။





နည်းလမ်း (၂)

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။

၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။


၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။


၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။



၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။


နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ...

*****************************************


>>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။

ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။


Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။


Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication" နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။


  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။


နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။



Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ....

Credit  မိုးသိကြား

0 comments:

iphone device ရဲ့ region codes များ

Posted in
No comments
By htwe naing

Iphone ကိုင်ဆောင် သူတွေ အတွက်  ကိုယ်သိထားတာလေး မျှဝေချင်ပါတယ်..ကိုယ်ကိုင်တဲ့ဖုန်း(device)က ဘယ်နိုင်ငံကလာသလဲ ဆိုတာကို သိချင်သူတွေ အတွက် ဗဟုသုတအနေ နဲ့ တင်ပေးလိုက်ပါတယ်..အောက်မှာ ကိုယ်ဖုန်း မော်ဒယ်လ်နဲ့ တိုက်ကြည့်နိုင်ပါတယ်..ဥပမာ – ကိုယ်ဖုန်းမှာ  Model – MD……X/A ဆိုပြီး ပါတတ်ပါတယ်.X ဆိုတဲ့ အင်္ဂလိပ်အက္ခရာလေးနဲ့ တိုက်ကြည့်ရမှာဖြစ်ပါတယ်..

မျှဝေပေးတဲ့  KO Thet Hmu Swe ကို လည်းကျေးဇူးတင်ပါတယ်..
credit - www.myanmarmobileapp.com
Code Region
AB Egypt, Jordan, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
BR Brazil (Assembled in Brazil)
BZ Brazil (Assembled in China)
C Canada
CH China
CZ Czech Republic
D Germany
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
HB Israel
J Japan
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TA Taiwan
TU Turkey
X Australia, New Zealand
Y Spain
ZA Singapore
ZP Hong Kong, Macau

0 comments:

27th Sea Games Official Mobile app link [ Apple + Android]

Posted in ,
No comments
By htwe naing


ထွေထွေထူးထူး တော့မဟုတ်ပါဘူး 27th SEA Games 2013 ကို  Apple devices နဲ့ Android devices တွေမှာတိုက်ရိုက်ကြည့်ရှူ လို့ရတဲ့ apk လေးတွေရယ် ringtune တွေရယ် နိုင်ငံအလိုက် gold , silver, Bronze ရလဒ်တွေရယ် Animation music video လေးတွေ အားလုံး စုံလင်တဲ့ လင့်တစ်ခုပါ။ အောက်မှာ animation နဲ့ ဖန်တီးထားတဲ့ video လေးမြည်းစမ်းကြည့်ပါ လင့်က video လေးရဲ့အောက်မှာပါ။
 

0 comments:

Activate လုပ်စရာမလို Genuine ဖြစ်ပြီးသား-Windows 8.1 AIO 20in1 x64 Pre-Activated v2 Nov-2013(www.linthit.com)-(3.82 Gb)

Posted in
No comments
By htwe naing

 
Activate လုပ်စရာမလို Genuine ဖြစ်ပြီးသား နောက်ဆုံးထွက် Windows 8.1 AIO 20in1 x64
Pre-Activated v2 Nov2013 ISO ကို တင်ပေးလိုက်ပါတယ်။
Windows 8.1 မှာ Windows 7 ကဲ့သို့ Activated လုပ်ရတာ မလွယ်ကူပါ။မလုပ်တတ်လျှင် ရက်ပိုင်း
လောက်ဘဲ သုံးလို့ ရပါတယ်။အခု တင်ပေးလိုက်တဲ့ Ediition ကတော့ Genuine ဖြစ်ပြီးသားမို့ Boot
လုပ်ပြီးတာနဲ့ ရက် အကန့်အသတ် မရှိ သုံးနိုင်ပါပြီ။

ဖိုင်ဆိုဒ်ကြီးတဲ့ အတွက် RAR (12) ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။Part တခုချင်းကိုပြည့်စုံအောင် သေချာ
စွာ ဒေါင်းလုပ်ယူပါ။Part တခုခုမှာ ဒေါင်းလုပ်မပြည့်စုံရင် Extract လုပ်တဲ့အခါ Error တက်ပါမယ်။
Extract Password - www.linthit.com
အင်စတောလုပ်နည်း...
-Extract လုပ်ပြီး ISO ဖိုင်ကို Power ISO ဖြင့် DVD (or) USB မှာ Bootable Image အဖြစ် Burn လုပ်
 ပြီး Windows Boot လုပ်နိုင်ပါပြီ။
64-Bit System Only

Part 01     Part 02     Part 03     Part 04

Part 05     Part 06     Part 07     Part 08

Part 09     Part 10     Part 11     Part 12 

credit - www.linthit.com

0 comments:

လူငယ်များနှင့် အိုင်တီပစ္စည်း

Posted in
No comments
By htwe naing

 



 ဒီနေ့ခေတ်မှာ အသုံးအများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး အိုင်တီပစ္စည်းကို ပြပါဆိုရင် စမတ်ဖုန်းတွေကို ညွှန်းဆိုရမှာပါ။ စမတ်ဖုန်းထုတ်လုပ်သူတွေ ကလည်းအပြိုင်အဆိုင်၊ နည်းပညာတွေကလည်း အပြိုင်အဆိုင်နဲ့ ၀ယ်ယူသုံးစွဲသူ (Customer) တွေကလည်း ‘ဘယ်ဖုန်းမှကိုင်တာ’ ဆိုပြီး အပြိုင်အဆိုင် လုပ်နေကြတော့ စမတ်ဖုန်းတွေရဲ့ အခန်းကဏ္ဍဟာ တော်တော်လေး ကျယ်ပြန့်လာပါတယ်။
Brand ကောင်းကောင်၊ မော်ဒယ်မြင့်မြင့် စမတ်ဖုန်းတွေဟာ ဈေးကြီးတာမှန်ပေမယ့် သူ့ဟာနဲ့သူ ထိုက်တန်တဲ့ အသုံးဝင်မှုတွေ ရှိကြပါတယ်။ စမတ်ဖုန်းအသစ်တွေ ထုတ်လုပ်လိုက်တဲ့အခါမှာလည်း တစ်ခါတစ်လေ အဆင်မပြေမှုတွေ၊ Error တွေကတော့ အနည်းနဲ့အများ ဆိုသလို ရှိကြစမြဲပါ။
မြန်မာပြည်မှာတော့ စမတ်ဖုန်းအဆင့်မြင့်မြင့်တွေကို လူငယ်တွေ ကိုင်ကြတာ များပါတယ်။ ဖုန်းဆိုင်ကိုလာပြီး ၀ယ်ယူတဲ့အခါမှာလည်း ဒီဇိုင်းလှရဲ့လား? ကင်မရာက ဘယ်လိုလဲ? အင်တာနက်ကော မြန်ပါ့မလား? သီချင်းနားထောင်လို့ ကောင်းလား? ဂိမ်းဆော့လို့ကောင်းလား? အကြမ်းခံလား? စတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပြီး ၀ယ်ယူကြတာပါ။ ၀ယ်ပြီးတဲ့အခါလည်း ဘယ်လောက်အဆင့်မြင့်၊ အသုံးဝင်တဲ့ စမတ်ဖုန်းဖြစ်ဖြစ် အဲဒီအချက်တွေကိုပဲ အဓိက သုံးနေကြတာကို တွေ့ရပါတယ်။
“လူငယ်တွေကတော့ ဓာတ်ပုံရိုက်မယ်၊ သီချင်းနားထောင်မယ်၊ အင်တာနက်သုံးမယ်၊ ဂိမ်းဆော့မယ် ဒါပဲပေါ့ဗျာ.. ပြောရရင် စမတ်ဖုန်းဆိုတာ သူတို့အတွက် အပန်းဖြေတဲ့ ပစ္စည်းတစ်ခုပါပဲ.. တစ်ချို့တွေဆို ဖုန်းလာပြင်တဲ့အခါ ကိုယ့်လက်ထဲ တစ်ရက်တစ်လေလောက် ဖုန်းမရှိတာနဲ့ မနေတတ်တဲ့ လူငယ်တွေတောင် ရှိတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် ဖုန်းဆိုင်တစ်ဆိုင်မှ ပြောကြားခဲ့ပါတယ်။
အဆင့်မြင့် စမတ်ဖုန်းတွေရဲ့ ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကြပြီး လူမှုကွန်ရက်တွေမှာ ဓာတ်ပုံတွေ  တင်နေကြတာလည်း နေ့စဉ်နဲ့အမျှ မြင်နေ၊ တွေ့နေရမှာပါ။ ဒါ့အပြင် လူငယ်အများစုကလည်း အင်တာနက်ကို မိုဘိုင်းဖုန်းကနေပဲ သုံးနေကြတာ ဖြစ်ပါတယ်။ “စာသင်ခန်းထဲမှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကလေးတွေ အများကြီးပဲ။ အင်တာနက်သုံးတယ်ဆိုလို့ သွားကြည့်လိုက်ရင် Facebook နဲ့ Chatting ပဲ.. တစ်ခြားအကျိုးရှိတဲ့ ကိစ္စတွေ လုပ်တယ်ဆိုတာ မတွေ့ရဘူး။ ဂိမ်းဆော့တဲ့လူကဆော့၊ သီချင်းနားထောင်တဲ့လူက နားထောင်၊ လုပ်ချင်တာ လုပ်နေကြတာ.. ကျောင်းသားတွေ အများကြီးဆိုတော့ ပြောလည်းမနိုင်တော့ဘူးလေ.. အတတ်နိုင်ဆုံးတော့ သူတို့ကို ဆုံးမပါတယ်” တက္ကသိုလ်ဆရာတစ်ဦးမှ ပြောကြားခဲ့တာပါ။
နိုင်ငံတကာမှာတော့ စမတ်ဖုန်းနဲ့ Tablet တွေကို ကျောင်းနေစ ကလေးငယ်များပါ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးပြုမှုကိုလည်း နည်းမှန်လမ်းမှန်နဲ့ အကျိုးရှိတဲ့ သုံးစွဲမှုဖြစ်အောင် မိဘတွေက တစ်ခါတည်း သင်ပေးထားတာပါ။
ကလေးတွေကလည်း ကျောင်းကပေးတဲ့ Assignment တွေမှာ Reference ယူဖို့ အိုင်တီပစ္စည်းတွေနဲ့ အင်တာနက်ကို ကောင်းကောင်း သုံးစွဲတတ်ကြပါတယ်။ ဒါဟာ တော်တော်ငယ်တဲ့ အရွယ်မှာတင် အကျိုးရှိရှိအသုံးချတတ်နေတာပါ။ လက်ရှိမြန်မာပြည် ပညာရေးနဲ့ ယှဉ်ရင်တော့ တော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။
တကယ်တော့ ဘယ်ပညာရပ်ကို လေ့လာသင်ယူနေတဲ့ ဘယ်ကျောင်းသားကိုမဆို IT gadgets တွေဖြစ်တဲ့ စမတ်ဖုန်း၊ Tablet တွေက ကောင်းကောင်းကြီး ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ နည်းပညာ၊ စာရင်းကိုင်၊ ဒီဇိုင်းပညာ စတာတွေ အတွက်သာမက ကျန်းမာရေး၊ ဗေဒင်၊ သတင်း စတဲ့အသုံးဝင်မှုတွေ အတွက်ပါ App တွေများစွာ ဖန်တီးရေးဆွဲထားတာပါ။ မိမိလိုရာရှာနိုင်မယ့် အင်တာနက်နဲ့ပါ တွဲဖက်လိုက်ရင်တော့ ဒီပစ္စည်းတွေဟာ အဆင့်မြင့်လေ၊ ကိုယ့်အတွက် အသုံးဝင်လေပါပဲ။
အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်ဟာ တိုးတက်မှုတွေကို အမီလိုက်ဖို့ အများကြီး ကြိုးစားရမှာပါ။ အနာဂါတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတာမို့လို့ ကြိုးစားဖို့ဟာ လူငယ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ ကြိုးစားတယ်ဆိုတဲ့ နေရာမှာ လေ့လာခြင်းပါ တစ်ပါတည်း ပါဝင်နေပြီး အဲဒီလို လေ့လာဆည်းပူးဖို့ IT gadgets တွေကို ဖန်တီးပေးထားတာပါ။
စမတ်ဖုန်းတွေ၊ Tablet တွေကို ထုတ်လုပ်သူတွေဟာ ဖျော်ဖြေရေးသက်သက် ထုတ်လုပ်ထားတာ မဟုတ်ပေမယ့် မြန်မာပြည်မှာတော့ အများစုက ဖျော်ဖြေရေး ပစ္စည်းလိုပဲ သုံးနေကြပါတယ်။  ၎င်းတို့ရဲ့ အသုံးဝင်မှုဟာ များစွာရှိပြီး မိမိအတွက် ဘယ်လိုအထိရောက်ဆုံး အသုံးဝင်မလဲ၊ အကျိုးပြုမလဲ ဆိုတာကိုလည်း လူငယ်တွေ ကောင်းကောင်းလေ့လာ သုံးစွဲသင့်ပါတယ်။

www.myanmarconsumerguide.com

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။