Escape Plan (2013)

Posted in
No comments
Tuesday 19 November 2013 By htwe naing

၈၀ခုနှစ်တွေရဲ့ လျှမ်းလျှမ်းတောက် Action မင်းသာတွေ တွေဖြစ်ခဲ့တဲ့ Stallone နဲ့ Arnold တို့နှစ်ဦး ပြန်လည် ပေါင်း စည်း ထားတဲ့ Escape Plan ထောင်ဖောက်၊ အက်ရှင် ဇာတ်လမ်းကို မြည်းစမ်း ကြည့်ပါဦး။
Genre:        Action, Thriller, Mystery
Release Date:    18 October 2013
Director:        Mikael Håfström
Writers:        Jason Keller, Miles Chapman
MPAA:        Rated R for violence and language throughout
Cast:        Sylvester Stallone, Arnold Schwarzenegger, Jim Caviezel, Curtis "50 Cent" Jackson, Vinnie Jones and Amy Ryan

ယနေ့ကမ္ဘာ တစ်ဝန်းနဲ့ မြန်မာပြည်က ရုပ်ရှင်ရုံ တွေမှာပါ ရုံတင် ပြသနေတဲ့ Escape Plan ထောင်ဖောက်၊ အက်ရှင် ဇာတ်လမ်း ကိုတော့ Revi ew အတွက် တောင်းဆို ထားတဲ့သူ ရှိသလို၊ မြန်မာ ပရိသတ်တွေ အထူး နှစ်ခြိုက်မယ့် ဇာတ်လမ်း အမျိုးအစား ထဲက တစ်ကား အပါအ၀င် လည်း ဖြစ်တာကြောင့်၊ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အတွေးအမြင် လေးကို Movie Review ကဏ္ဍကနေ သတိတရနဲ့ ညွှန်လိုက် ပါတယ်။

Escape Plan (2013)

၁၉၈၀ နှစ်တွေရဲ့ လျှမ်းလျှမ်းတောက် Action Icon တွေလို့ ပြောနိုင်တဲ့ Sylvester Stallone နဲ့ Arnold Schwarzenegger တို့နှစ်ဦး ပြန်လည် ပေါင်းစည်း ထားတဲ့ Escape Plan ဇာတ်ကားမှာ မင်းသားကြီး တွေအနေနဲ့ အက်ရှင် ချစ်သူ ပရိသတ်တွေ ရှေ့မှောက် တကျော့ပြန် ဘယ်လို အပြိုင်ကြဲ ထားကြလဲ။ ပြီးတော့ Hollywood အက်ရှင် လောကရဲ့ ၀ါရင့် မင်းသားကြီး နှစ်ဦး ခေါင်းဆောင် ပါဝင်ထား တာတော့ ဟုတ်ပါပြီ။ ခေတ်ကာလ ပရိသတ်တွေ အမြင်နဲ့ လိုက်ဖက်စေမယ့် အက်ရှင် ဇာတ်ကား တစ်ကားရဲ့ စံနှုန်းမျိုး ကိုရော ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Mikael Håfström ကနေ ဆောင်ကျဉ်း ပေးထားလား ဆိုတာ မပြောခင်မှာ Escape Plan ဇာတ်ကားရဲ့ ဇာတ်လမ်း အကျဉ်းလေးကို အရင် မြည်းကြည့် ရအောင်။

Escape Plan (2013)

Ray Breslin ဟာကမာ့္ဘ ထိပ်တန်းဝင် ကြေးစား ထောက်ဖောက် ၀ိဇ္ဇာတစ်ဦး ဖြစ်ပါတယ်။ သူဟာ လုံခြုံရေး ဆိုင်ရာ အထူး ၀န်ဆောင်မှု ပေးတဲ့ အဖွဲ့အစည်း တစ်ခုမှာ လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်သလို၊ အကျဉ်းထောင် တွေကို လုံခြုံရေး အမြင့်မားဆုံး ဖြစ်အောင် ဒီဇိုင်းယူပုံ ယူနည်း စာအုပ်မျိုး ကိုလည်း ရေးသားခဲ့ ဖူးသူ တစ်ယောက်ပါဘဲ။ သူ့ရဲ့ အလုပ်အပိုင်း ကတော့ လုံခြုံရေး အတင်းကျပ်ဆုံး လို့ယူဆရတဲ့ အကျဉ်း ထောင် တွေရဲ့ လူမသိ သေးတဲ့ အားနည်းချက် တွေကို ရှာဖွေ ဖော်ထုတ် ပေးရတာမျိုး ဖြစ်ပြီး၊ ပထမဆုံး ထောင်တစ်ခုရဲ့ ဖွဲ့စည်းပုံနဲ့ လည် ပတ်နေပုံ တွေကို သိရအောင် အကျဉ်းသား အဖြစ် ရုပ်ဖျက်ပြီး ထောင်ထဲကို ၀င်ရောက် လေ့လာ ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ ကိုယ် လွတ် ရုန်းတဲ့ မျက်လှည့် ပြကွက် ဆန်ဆန် နည်းတွေသုံးပြီး ထောင်ဖောက်ပြေး။ ပြီးမှ အဲ့ဒီထောင်မှာ ဖြစ်ပေါ်နေတဲ့ ပျော့ကွက်၊ ဟာကွက် တွေကို ထောက်ပြ ရတာမျိုး ဆိုပါတော့။ Ray နဲ့ သူ့ရဲ့လုပ်ငန်း အပိုင်းကို ပရိသတ် တွေဆီ မိတ်ဆက်ပြီး သိပ်မကြာခင် မှာဘဲ၊ CIA ကလို့ ယူဆရတဲ့ မချောတစ်ယောက် Ray ရဲ့ Company ကိုအလုပ် အပ်ဖို့ ရောက်လာ ခဲ့ရာကနေ၊ ဇာတ်လမ်း အချိုးအကွေ့ တစ်ခု ရုတ်ချည်း ဆိုသ လို စတင်ပါ တော့တယ်။

Escape Plan (2013)

ကျွမ်းကျင် ပိုင်နိုင်ပြီး ဖြစ်တဲ့ ထောင်လုံခြုံရေး ဟာကွက်ရှာတဲ့ အလုပ်မျိုး ကိုဘဲ လုပ်အားခ နှစ်ဆ ရမှာမို့ အမှတ်မထင် အလုပ် လက်ခံမိရာ ကနေ ဇာတ်လိုက်ကြီး Ray ခမျာ အလုပ်စလျှင် စချင်း ဆိုသလို၊ အကွက်ကျကျ ထောင်ချောက်ဆင် ခံခဲ့ရလေပြီ်။ လူစိမ်း တစ်စုကနေ Ray ကို အငိုက်ဖမ်းပြီး၊ လျှို့ဝှက်နေရာ တစ်ခုမှာ တည်ဆောက် ထားတဲ့ အကျဉ်းထောင် တစ်ခုဆီကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ နောက်မှာ တော့၊ Ray တစ်ယောက် အပြင်လောကနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်ပြီး၊ နောက်ကွယ်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထောက် အပံ့ မျိုးနဲ့ဆို အလျဉ်းဝေး ခဲ့ပါတော့တယ်။ သူရောက်ရှိ သွားတဲ့ ထောင်ဟာ သာမန်အဆင့် လုံခြုံရေး တင်းကျပ်တဲ့ ထောင်မျိုးတော့ မဟုတ်ပါ ဘူး။ ပြန်လမ်းမဲ့ အကျဉ်းစခန်း The Tomb ဟာနိုင်ငံတကာ အစိုးရ အဖွဲ့အစည်း တွေကနေ သူတို့နိုင်ငံ တွေအတွက် အန္တရာယ် အရှိဆုံးလို့ သတ် မှတ် ထားတဲ့ ရာဇ၀တ်ကောင်တွေ၊ အကြမ်းဖက် သမားနဲ့ ဘိန်းရာဇာ စတာ တွေကိုမှ လွှဲပြောင်း အပ်နှံလေ့ ရှိတဲ့၊ မျက် မှောက် ခေတ်ကာလ မှာတောင် မရှိသေးတဲ့ လုံခြုံရေး စနစ်မျိုး တွေနဲ့ ဖွဲ့စည်းထားတဲ့ ထောင်တစ်ခုလို့ ဆိုရမှာပါ။

Escape Plan (2013)

Ray တစ်ယောက် သူအဲ့ဒီထောင်ကို ရောက်သွားရတဲ့ ဖြစ်ကြောင်း ကုန်စင်ကို မသိသေး ပေမယ့် ဖြစ်ပေါ် လာတဲ့ အခြေအနေ တွေကို သုံးသပ် ပြီးနောက်၊ အခန့် မသင့်ရင် The Tomb မှာတစ်ဘ၀တာ သောင်တင် သွားနိုင်တဲ့ သူ့ရဲ့ ကံကြမ္မာကို ရိပ်စားမိ လိုက်ပြီလေ။ ဒါကြောင့်လည်း အတွင်းလူယုံ အကူအညီမျိုး ရယူတဲ့ အနေနဲ့ ဒီထောင်ကို သူ့အရင် စောရောက်နှင့်ပြီး၊ တခြား အကျဉ်းသား တွေက တလေးတစားရှိတဲ့ Emil Rottmayer ဆိုသူနဲ့ သွေးသောက် ဖွဲ့လိုက်ပြီး၊ Emil ရဲ့အကူအညီနဲ့ ထောင်ဖောက် ၀ိဇ္ဇာ Ray ဟာ The Tomb ကနေ ရုန်းထွက် လွတ် မြောက်ဖို့ အစီအစဉ် တစ်ခုကို တတ်သည့် ပညာ မနေသာ ဆိုတဲ့အတိုင်း ဘယ်လို အကွက်ကျကျ ဖန်တီးရေးဆွဲ ဦးမလဲ။ Ray ကိုယ်တိုင် ရေးခဲ့ တဲ့ ထောင်လုံခြုံရေး ဟာကွက်တွေ အကြောင်း လက်စွဲ စာအုပ်ကို ခရေစေ့ တွင်းကျ လေ့လာထား သူတစ်ဦးလည်း ဖြစ်သလို၊ သူတို့ အစီအ စဉ်မှာ အဓိက အတားအဆီး ဖြစ်လာမယ့် The Tomb ရဲ့ဥာဏ်နီ ဥာဏ်နက် များတဲ့ ထောင်မှူး Warden ကိုရော သူတို့နှစ်ဦး လျှော့တွက် မိပြီလား။ Ray ကိုဒီလိုနည်းနဲ့ ထောင်ချောက် ဆင်ခဲ့တဲ့ နောက်ကွယ်က ကြိုးကိုင်သူ ကရော ဘယ်သူ ဖြစ်မလဲ ဆိုတာ ကိုတော့ ငွေရောင် ပိတ်ကား ထက်မှာ ဆက်ပြီး စောင့်မျှော်ကြည့် ပါဦးလား။

Escape Plan (2013)

အကယ်၍ သင်ဟာ Escape Plan ဇာတ်ကားကို အပျော် လောက်ဘဲ မျှော်မှန်း ထားပြီး ရုံမှာ သွားကြည့် ဖြစ်ရင်တော့ ဒီဇာတ်ကား ထဲမှာ သင့်အတွက် အံ့အားသင့် စရာလေး တွေက စောင့်ကြို နေပါလိမ့်မယ်။ Escape Plan ရဲ့ဇာတ်လမ်း ဇာတ်ကွက်ဟာ တစ်ခါတစ်ရံ သူ့ဟာနဲ့သူ လိပ်ပတ် မလည် တာမျိုး တွေ့ရပေမယ့်၊ ဇာတ်လမ်း ကျောရိုး အနေနဲ့ အခိုင်အမာ ရှိတာ တစ်ခုက ကျေနပ်စရာလို့ ဆိုရမှာပါ။ မင်းသားကြီး Stallone သရုပ်ဖော် ပေးထားတဲ့ Ray Breslin ဇာတ်ကောင်ဟာ Rambo ပရိသတ် တွေအတွက် ကျေနပ်မှု အတိုင်းအတာ တစ်ခုထက် ပို စေမှာ ဖြစ်သလို၊  Emil Rottmayer အဖြစ် မင်းသားကြီး Schwarzenegger ကလည်း သူ့ရဲ့ဇာတ်ရုပ် နေရာကို အကောင်းဆုံးနဲ့ ထူးထူး ခြားခြားလေး ဖြစ်အောင် သရုပ်ဖော် ထားပြီး၊ သူတို့ နှစ်ဦးကို ၁၉၈၀နှစ် တွေက စပြီး အားပေး လာခဲ့တဲ့ အမာခံ ပရိသတ် တွေအတွက်၊ ဒီဇာတ် ကား နဲ့အတူ ပြန်ပေးဆပ် တဲ့အလား ကိုယ်စီ အပြိုင်ကြဲ ထားတာ တွေ့ရပါ လိမ့်မယ်။ တရစက် သေနတ်ပစ် ခန်းတွေ၊ တစ်ခါတစ်ရံ လက်နက် မပါဘဲ အကြိတ်အနယ် သတ်ပုတ်ပြတဲ့ ဇာတ်ဝင်ခန်းတွေ၊ Machine Gun ကြီးနဲ့ ရှိသမျှ ရန်သူ ကုန်စင်အောင် အားပါးတရ ပစ်ခတ်ပြ တာတွေ၊ ပြီးတော့ ပရိသတ်တွေ မထင်မှတ် ထားတဲ့ ဇာတ်ဝင်ခန်း တွေမှာ ရယ်စရာ၊ မောစရာ ပြကွက် မျိုးအဖြစ် သရုပ်ဆောင် ပညာနဲ့ ပြောင်းလဲ ဖျော်ဖြေ သွားတာမျိုး တွေဟာ ဒီမင်းသားကြီး နှစ်ဦးရဲ့ Signature တွေပဲမို့၊ ဒီဇာတ်ကား ထဲမှာ ပါမလာမှာ ကိုတော့ မစိုးရိမ်ပါနဲ့။

Escape Plan (2013)

ဒီဇာတ်ကား ထဲက အကြိုက်ဆုံး ဇာတ်ဝင်ခန်း တစ်ခုကို ညွှန်းရရင် မင်းသားကြီး Schwarzenegger တစ်ယောက် သူ့ရဲ့ဇာတိမြေ Austria သုံးဘာသာ စကား တစ်ခုဖြစ်တဲ့ German လိုကောက်ခါငင်ကာ ရေရွတ်ပြီး အမှတ်တမဲ့ ပွဲထိန်းသွားတဲ့ အခန်းကို တော်တော်လေး ဘ၀င်ကျ ပါတယ်။ တစ်ခု ရှိတာက သင့်အနေနဲ့ ဒီဇာတ်ကား ကနေ လျှို့ဝှက် နက်နဲတဲ့ ဇာတ်လမ်း လှည့်ကွက် မျိုးတွေ၊ Bourne ရုပ်ရှင်တွေ ထဲကလို ဒီဘက်ခေတ် စံနှုန်းမျိုးနဲ့ လုပ်ကွက် ကောင်းကောင်း အက်ရှင် ပြကွက် တွေကိုတော့ မျှော်လင့် မထားပါနဲ့။ ဇာတ်ကား ထဲက အဓိက ဇာတ် ကောင်ဖြစ်သူ Ray ရဲ့ထောင်ဖောက် ပြကွက်တွေ ကိုလည်း စေ့စေ့ပေါက်ပေါက် ကြည့်နေရင် သင့်အတွက် ပြက်လုံး တစ်ခု ကြည့်ရသလို ဖြစ်နေ ပါလိမ့်မယ်။ ဥပမာ ပြောရရင် Ray ရဲ့ထောင်ဖောက် ပြတဲ့ လုပ်ကွက် တွေဟာ အစောင့်တွေ တခြားဖက်ကို ငေးနေတဲ့ အချိန်မှာ လုပ်ပြ သွား တာမျိုး ကများပြီး၊ လုံခြုံရေး တင်းကျပ်ပါပေ့ ဆိုတဲ့ထောင်မှာ Ray လိုကိုယ်ခန္ဓာ အချိုးအစားနဲ့ လူတစ်ယောက် တစ်ကိုယ်စာ ၀င်ပြီး အေး အေးလူလူ တွားသွား နိုင်တဲ့ လေ၀င် လေထွက်လိုင်း တွေနဲ့ ဒီဇိုင်းယူ တည်ဆောက် ထားတာ မျိုးတွေ၊ ပြီးတော့ Maximum Security မျိုးချ မှတ် ကျင့်သုံးတဲ့ ထောင်တွေ ဖြစ်လျက်နဲ့ အ၀တ်ဗလာ ကျင်းရှာဖွေ နည်းမျိုး မကျင့်သုံး တာကြောင့် ပစ္စည်းတွေ ကွယ်ဝှက် ယူဆောင်လို့ ရတာ တွေ စသဖြင့် Realism နဲ့လမ်းလွှဲပြီး လိုရာဆွဲ ယူထားတာ လေးတွေကို Escape Plan ရဲ့ထောင်ဖောက် လမ်းစဉ် တွေထဲမှာ ပေါပေါသီ သီ တွေ့ရပါ လိမ့်မယ်။

Escape Plan (2013)

ဇာတ်ကား တစ်ကား လုံးနီးပါး ခြုံငုံရ ရင်တော့ တစ်ခါတစ်ရံ ဟားစရာ ကောင်းတဲ့ လွဲချော်မှု လေးတွေ ရှိပေမယ့်၊ Escape Plan ဇာတ်ကား တောက်လျှောက်မှာ ပရိသတ်တွေ စိတ်ဝင်စားမှု အထူးတလည် ရအောင် ဆွဲဆောင် ထားတဲ့ ပြကွက်လေး တွေလည်း ရောယှက် ပါဝင် နေသလို၊ ရိုက်ချက် တွေက ကောင်းနေပြန်လို့ သူ့နည်း သူ့ဟန်နဲ့ ဟန်ကို တင့်တယ်လို့ ဆိုရမှာ ဖြစ်ပြီး၊ 80's style ထောင်ဖောက် အက်ရှင် ဇာတ်လမ်း ပရိသတ်တွေ အတွက်တော့ လက်မလွတ်တမ်း အားပေး သင့်တဲ့ ဇာတ်ကား တစ်ကားပင် ဖြစ်ပါကြောင်း။


Augus
Augus
www.mumclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။