Sony Xperia ဖုန်း​တွေ​မှာ Reboot Option ထ​ည့်နည်း။

Posted in
No comments
By htwe naing


Sony Xperia ဖုန်းတွေမှာများသောအားဖြင့် Reboot Option တွေပါမလာတာများပါတယ် တစ်ခြား sony တွေမှာတော့ မသိပါဘူး ကျွန်တော့ sony မှာတော့ပါမလာပါဘူး။ ကျွန်တော့လိုပဲ Sony Xperia ဖုန်းကိုင်တဲ့သူတွေ Reboot Option လေးထည့်ချင်တယ်ဆိုရင် အောက်ကနည်းလမ်းလေးအတိုင်းလုပ်ကြည့်ပါ။ 

Reboot Option ထည့်ဖို့ဖုန်းမှာ Root ရှိထားဖို့လိုပါတယ်။ အရင်ဆုံးအောက်မှာ Xposed Installer ကိုယူပြီး install လုပ်ထားပါ။


Image result for download xposed installer
Xposed installer ကိုဖွင့် Framework ကိုရွေးပါ။
 Install Update ကိုနှိပ်ပါ။

အောက်ကပုံလိုပေါ်လာရင် OK ကိုနှိပ်ပါ။
 
 ဖုန်း Reboot ကျပြီးပြန်တက်လာရင် xposed installer ကိုဖွင့်ပြီး download ကိုနှိပ်ပါ။



Download ထဲကိုရောက်ရင် Advenced Power Menu + ( APM+ ) ရှာပြီး install လုပ်ပါ။

Download ပြီးသွားရင် ဘေးနားက install ကိုနှိပ်ပါ။
 
install ပြီးသွားရင် Module ကိုပြန်သွားပါ Module ထဲမှာ APM+ ရဲ့ဘေးနားက အကွက်ကို အမှန်ြခစ်လေးပေးပြီး ဖုန်းကို Reboot ချပေးပါ။
 Rrboot ပြန်တက်လာရင် Module ထဲက APM+ ကိုနှိပ်ပါ။အောက်ကပုံလိုပေါ်လာရင် အောက်နားလေးက ( + ) ကိုနှိပ်ပါ။

အောက်က ပုံမှာလိုရောက်ရင် Reboot / Softreboot / Recovery / Bootloader လေးခုမှာ ကျွန်တော်ကတော့ Reboot တစ်ခုကိုပဲလိုချင်တဲ့အတွက် ကျန်တာတွေကို အမှန်ခြစ်ဖြုတ်ထားလိုက်ပါတယ်။ အသုံးလိုတဲ့သူတွေကတော့ ဥပမာ ကိုယ်သုံးတဲ့ဖုန်းမှာ Recovery ရှိတယ်ဆိုရင် Recovery ကိုအမှန်ခြစ်ထားနိုင်ပါတယ်။ ဘယ်ဟာကိုပဲရွေးရွေး ရွေးပြီးရင် ဖုန်းကို Reboot ချပေးဖို့လိုပါတယ်။ 
 လိုချင်တာရပြီဆိုရင် ဖုန်းကို Reboot ချပေးလိုက်ပါ။ ပြန်တက်လာရင် ဖုန်း Power ခလုတ်ကိုဖိထာကြည့်ပါ Reboot Option လေးတွေရမှာပါ။

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။