Bitstrips Comics on Facebook
Posted in knowledge
No comments
Sunday, 3 November 2013 By htwe naing
Facebook
မှာခုတလော ခေတ်စားနေတဲ့ မိမိတို့ တွေ့ကြုံရတဲ့ အဖြစ်အပျက် တွေကို
ကာတွန်းပုံ လေးတွေနဲ့ ဖန်တီးနိုင် တဲ့ Bitstrips ဆိုတဲ့ app အကြောင်း
မိတ်ဆက် ပေးချင်ပါတယ်။
Facebook
ဟာအချိန် ကာလကြာ လာတာ နဲ့အမျှ တဖြည်းဖြည်း တိုးတက်လို့ လာပါတယ်။
နောက်ပိုင်းမှာ Comment ပေးရင်တောင် Photo Comment လေးနဲ့မှ ဆိုပြီး
ဖြစ်ကုန် ကြပါပြီ။ Facebook ဟာအဲဒီ လုပ်ငန်း တွေအပြင် အခြားအခြားသော app
မျိုးစုံနဲ့ပါ ချိတ်ဆက်ထားပါ သေးတယ်။ သတင်း၊ ဂိမ်း၊ ဖက်ရှင် စသည်ဖြင့် app
တွေထောင်ပေါင်း များစွာ ရှိရာမှာဒီ Bitstrips app ဟာသုံးစွဲသူ တွေရဲ့
နေ့စဉ် ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေ၊ ပတ်ဝန်းကျင်က အဖြစ်အပျက် တွေပါ
ဇာတ်ကောင် လေးတွေနဲ့ တစ်ကွက်စာ ကာတွန်း အဖြစ် ဖန်တီးခွင့် ပေး ထား ပါတယ်။
ကာတွန်းလို ပုံစံမျိုး ဆိုလို့ ပုံဆွဲညံ့သူ တွေအတွက် စိတ်ပူစရာ မလိုပါဘူး။
ပြောရရင် ၀လုံးတောင် ၀ိုင်းအောင် မဆွဲတတ်တဲ့ သူ တွေတောင် သုံးလို့လွယ်တဲ့
app အဖြစ် အသိအမှတ် ပြုကြရမှာပါ။ ဒီ Bitstrips ဆိုတဲ့ နာမည်ကို မကြားဘူး
ကြရင်တောင် ဒီ app ကိုသုံးပြီး တင် တဲ့ ပုံလေး တွေတော့ မြင်ဖူး ကြမှာပါ။
ကဲဒီ app အကြောင်းကို ခဏထားပြီး ဘယ်လို သုံးရမလဲ ဆိုတာ ကြည့်ကြ ရအောင်။

ဒီ
Bitstrips ကိုစသုံးမယ် ဆိုရင် တခြားသော app တွေလိုပဲ မိမိရဲ့ Account နဲ့
app ကိုသူ့ရဲ့ Facebook Page ကနေ တဆင့် ချိတ်ဆက် ရမှာ ဖြစ်ပါတယ်။ မိမိရဲ့
ဓာတ်ပုံ တွေကိုလည်း ဆန္ဒရှိရင် ဒီ app မှာနမူနာ ဇာတ်ကွက် အဖြစ် ပြန်လည်
သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မိမိဇာတ်ကောင် အနေအထားကို စိတ်ကြိုက် ပြင်ရတာလဲ
ပျော်စရာ ပါပဲ။ မျက်နှာ အနေအထား၊ ကိုယ်လုံး အနေအထားနဲ့ အ၀တ်အစား
ပုံစံတို့ကို စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်။ ဒီရွေးတဲ့ လုပ်ငန်းဟာ
စာဖတ်သူတို့ လိုချင်တဲ့ အသေးစိတ် အနေအထား အနည်းအများပေါ် မူတည်ပြီး
အနည်းဆုံး ၈ မိနစ် ကနေ အများဆုံး ၄နာရီ အထိ ကြာနိုင်ပါတယ်။ မိမိ
ဇာတ်ကောင်ကို စိတ်ကြိုက် မွမ်းမံ ပြီးပြီ ဆိုရင်တော့ တစ်ကွက်စာ ကာတွန်းတွေ
ဖန်တီးလို့ ရပါပြီ။ ဇာတ်ကွက် တစ်ခု ဖန်တီးတော့ မယ်ဆိုရင် အပေါ်ဆုံးက Menu
မှာရှိတာ တွေထဲက တစ်ခုကို ရွေးချယ် ပေးရပါမယ်။ "Make a Status Comic" ကို
ရွေးရင်တော့ သင့်ဇာတ်ကောင် တစ်ဦးတည်းသာ ပါတဲ့ ဇာတ်ကွက် တစ်ခုသာ
ဖန်တီးနိုင်ပြီး "Friend Comics" ကိုရွေး ရင်တော့ဒီ Bitstrips app ကို
ချိတ်ထားတဲ့ သူငယ်ချင်းတွေ ပါဝင်တဲ့ စိတ်ကြိုက် ပြောင်းလဲလို့ ရသော
ဇာတ်ကွက် တွေနဲ့စတင် ဖန် တီးလို့ ရပါပြီ။

စာဖတ်သူဟာ
မိမိလိုချင်တဲ့ ဇာတ်ကွက်ကို ဖန်တီးပြီးနောက် မိမိဇာတ်ကောင်ရဲ့ အနေအထားကို
လိုသလို ရွှေ့နိုင်ပြီး တစ်စုံတစ်ခုကို ထင်ရှား အောင် ထည့်တဲ့ အလင်းတန်း
လေးတွေ အပြင် ဇာတ်ကောင် တွေရဲ့ ပြောစကား တွေကို Bubble shaped text
တွေအနေနဲ့ ထည့်သွင်း နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူ တွေက ကာတွန်းတွေ
ဖန်တီးပြီး မိမိရဲ့ ဘ၀ အဖြစ်အပျက်တွေ၊ နေ့စဉ် ကြုံတွေ့နေ ရတာတွေ၊
သူငယ်ချင်း တွေနဲ့ အမှတ်ရဖွယ် အဖြစ်အပျက် တွေကို ဖန်တီးပြီး Facebook မှာ
Share ပါလိမ့်မယ်။ သို့ပေမယ့် ဇာတ်ကွက်မှာ အလိုမတူဘဲ ပါဝင် တင်ဆက် ခံရသူတွေ
နေရာက စဉ်းစား ကြည့်ပါ။ တင်တဲ့သူ အနေနဲ့ အပျော်သဘော ဖြစ်ပေမယ့် အဲဒီ
ကာတွန်း ဇာတ်ကွက် လေးဟာ သူတို့အနေနဲ့ ဖွင့် မပြော ချင်တဲ့ အရှက်ရဖွယ်
ကိစ္စတစ်ခု ဆိုပါတော့။ ဘာပဲ ပြောပြော ခံရသူ တွေအတွက် စော်ကားသလို
ဖြစ်သွားပါတယ်။ ဒီဥပမာ အရဒီ Bitstrips ဟာအသုံး မတတ်ရင် အပျော် သဘောကနေ
မိတ်ဆွေ အချင်းချင်း စိတ်ဝမ်းကွဲ စေမယ့် သဘော ဖြစ်သွားနိုင် တဲ့အပြင် ခဏခဏ
တင်နေလို့လည်း Facebook မှာ Friends ဖြစ်နေတဲ့ သူတွေ အတွက်
စိတ်အနှောက်အယှက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အဲဒီ အတွက်တော့ နည်းတစ်မျိုး
ပေးလိုက် ပါရစေ။ ဒီ Bitstrips ပုံတွေကို သင့်ရဲ့ News Feed ကနေ ပျောက်ကွယ်
သွားစေ ချင်ရင်ဘယ် Bistrips Post မဆိုအဲဒီ Post ရဲ့ညာဘက် အပေါ်ဘက်က Arrow
Icon မှာ "Hide all from Bitstrips" ကိုရွေးချယ် ပြီးနောက် နားအေး ပါးအေး
နေနိုင် ပါတယ်။

အပေါ်က
Bistrips app နဲ့ ပတ်သက်ပြီး Facebook နဲ့သာ ယှဉ်တွဲပြီး ဖော်ပြခဲ့
ပေမယ့်ဒီ app ကို Facebook မှာတင် မကပါဘူး။ Twitter နဲ့ Tumblr မှာလည်း
သုံးစွဲနိုင် ပါတယ်။ Moblie Version အတွက်လည်း App Store နဲ့ Google Play မှာတင်ပေးထား တာကြောင့် စာဖတ် သူများ စမ်းသပ် သုံးစွဲ ကြည့်ကြပါလို့ သတင်းကောင်း ပါးလိုက် ရပါတယ်ဗျာ။
p

www.mymclub.net
Related posts
Share this post
0 comments: