TOUCH SCREEN အလုပ်လုပ်ပုံ
Posted in နည်းပညာများ
No comments
Thursday, 18 September 2014 By htwe naing
Touch မှန် (သို့)လက်ပွတ် ကလေးတွေအလုပ်လုပ်ပုံကိုကျွန်တော်လေ့လာမိသလောက်ပြောပြပါ့မယ်။
မသိသေးတဲ့ညီလေးတွေဗဟုသုတရဖို့ အတွက်ပါပဲ။
လက်ပွတ်လေးတွေကို 1977 ခုနှစ်မှာ Bent Stumpe ဆိုတဲ့ electronic engineer တစ်ဦးကစပြီးတည်ထွင်ခဲ့တာပါ။ကျွန်တော်နဲ့ လဲအမျိုးနီးစပ်ပေါ့--P
ဒါပေမယ့်သူ လုပ်ခဲ့တဲ့လက်ပွတ်က ခုလို စမတ်ဖုန်းတွေမှာသုံးတဲ့ လက်ပွတ်မျိုးမဟုတ်သေးဘူး။
သူလုပ်ခဲ့တာက infrared လို့ အများသိကြတဲ့အနီအောက်ရောင်ခြည်ကို အခြေခံပြီးထုတ်လုပ်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ led မီးလုံးလေးတွေနဲ့  photo transistor လေးတွေပေါင်းစပ်ပြီး HP က လက်ပွတ်ကွန်
ပြူတာကိုတည်ထွင်ခဲ့ပါတယ်။
လက်ပွတ်နည်းပညာတွေကိုအခုလိုပဲဆင့်ပွားတည်ထွင်ခဲ့ကြရာမှ ၊ကျွန်တော်ဘကြီးလက်ထက်ရောက်တော့
စမတ် ဖုန်းတွေမှာသုံးတဲ့ capacitive techlonogies ကိုစတွေ့ ခဲ့ပါတယ်။
ပါးလွှာတဲ့မှန်ချပ်လေးပေါ်မှာ ITO လို့ ခေါ်တဲ့ indium tin oxide conductor အလွှာလေးကို
တင်ပြီး အပေါ်ကပလပ်စတစ် ဖလင်ပြားနဲ့ အုပ်ပေးထားပါတယ်။ထိုပါးလျွှာတဲ့အလွှာလေးနှစ်ခုရဲ့ 
ကြားထဲမှာ electrodes လေးတွေဟာထောင့်မှန်ကျကျရွေ့ လျားစေပါတယ်။
လူတွေမှာရှိတဲ့ လျှပ်စစ် အားလေးတွေဟာ လက်ညိုးကတဆင့် လက်ပွတ်ကလေးရဲ့မျက်နှာပြင်ကို
ထိတွေ့ ပေးလိုက်တဲ့အခါ ပလပ်စတစ်ဖလင်ပြားရဲ့အောက်မှာရှိတဲ့ conductor အလွှာကိုလျှပ်စစ်ဓါတ်
အားတစ်ခုသက်ရောက်စေပါတယ်။ဒီအခါမှာ conductor မှာ electrodes လေးတွေရွေ့ လျားသွားပြီး
Capacitive resistance ဗို့ အားလေးတစ်ခုဖြစ်ပေါ်စေပါတယ်။အဲဒီဗို့ အားလေးကိုတိုင်းတာမှုကိုတော့
X ,Y coordinates ပုံစံကိုအခြေပြုပြီးခုခံမှုတန်ဖိုးကိုတွက်ချက်ယူပါတယ်။
X,Y ၀င်ရိုးစွန်းတွေကနေတွက်ချက်ပြီးထွက်လာတဲ့ analog voltageကို (DAC) ပတ်လမ်းကနေ
digital signal အဖြစ်ပြောင်းပေးပြီး CPU ကို UI input signal အဖြစ်ပို့ ပေးလိုက်ပါတယ်။
CPU ကနေ scl,sda,touch reset,နဲ့ touch in လမ်းကြောင်းများနဲ့ဆက်သွယ်ထားပြီး
VDD ဗို့ ကို dc3v ၀န်းကျင်ခန့် အသုံးပြုကြပါတယ်။
အခုနောက်ဆုံးကျွန်တော့လက်ထက်ရောက်တော့ SUPER AMOLED SCREEN ဆိုပြီးထွက်ပေါ်လာပါတယ်။ကျွန်တော်ကဒီအတိုင်းပလပ်စတစ်ပြားနဲ့ လုပ်နေကြရင်အစင်းရာတွေ
ထင်ကုန်လိမ့်မယ်အပေါ်ကတစ်ခုခုတော့အုပ်ထားသင့်တယ်လို့ အကြံပေးလိုက်တော့ နားထောင်သားဗျ။
Gorilla Glass အုပ်ပေးထားတဲ့ လက်ပွတ်တွေပေါ်လာတယ်။ဒီမှန်ကောင်းချက်ကတော့ဗျာ၊ကျွန်တော်
ဝက်အူလှည့်နဲ့ သုံးလေးချက်လောက်ထုတာတောင်မဖြုံဘူးခြစ်ရာလေးတောင်မထင်ဘူးဗျာ။ဒါနဲ့ 
ကျွန်တော်လဲတော်တော်လေးစားသွားပြီးခင်ဗျားတို့ အဲဒီမှန်ကိုဘာတွေနဲ့ လုပ်ထားလို့ ဒီလောက်မှာနေရတာလဲဗျ လို့ မေးလိုက်တယ်။အဲဒီမှာ မှန်ကိုတည်ထွင်တဲ့သူကကျွန်တော့်ဘကြီးရဲ့
ပည့်ဖြစ်နေတယ်လေ။သူကကျွန်တော့်ရဲ့အမေးကိုချက်ချင်းမဖြေသေးပဲ၊တော်တော်စဉ်းစားတယ်ပြီးမှ
ခင်ဗျားကိုတော့ကျွန်တော့်ဆရာရဲ့တပည့်ဖြစ်နေလို့ ပြောပြပါ့မယ်

ဒါပေမယ့်ဘယ်သူ့ ကိုမှဒီနည်းတွေမပေးပါနဲ့ လို
့ကတိတောင်းထားတယ်ဗျာ။ဒါကြောင့်ဒီနည်းပညာကိုကျွန်တော်
မပြောတော့ဘူးနော်။ခွင့်လွတ်နားလည်ပေးကြပါ။
BEGINNING OF MOBILE HARDWARE AND SOFTWARE
Related posts
Share this post
0 comments: