sony firmware တွေကို flashtool သုံးပြီး download ဆွဲမယ်
No comments
Wednesday, 3 September 2014 By htwe naing
ဒီတစ်ခါတော့ Sony xperia ဖုန်းတွေအတွက် firmware တွေကို flashtool သုံးပြီး download ဆွဲမယ် FTF firmware ဖန်တီးကြည့်မယ်။ ဒီနည်းလမ်းလေးကတော့ firmware တွေ download ဆွဲဖို့ဟို ကိုပြေးလိုက် ဒီကိုပြေးလိုက်လုပ်စရာ မလိုပဲ Flashtool တစ်ခုတည်းရှိထားရုံနဲ့ အစင်ပြေတဲ့ နည်းလမ်းလေးပါ။ သိပြီးသားသူတွေကတော့ ကျော်သွားလိုက်ပေါ့နော် မသိသေးတဲ့သူတွေအတွက်ပါ။ ကဲ စလိုက်ကြရအောင်
Flashtool နဲ့ လုပ်မှာဖြစ်တဲ့အတွက် Flashtool ကိုတော့ PC မှာ install လုပ်ထားဖို့လိုပါတယ်။ Flashtool မရှိသေးဘူးဆိုရင် အောက်မှာအရင်ယူလိုက်ပါ။ ကိုယ်အသုံးပြုနေတဲ့ window အလိုက် download ဆွဲထားလိုက်ပါ။ Flashtool ကလဲ မနေ့ကမှ ထွက်လာတဲ့ဗားရှင်းအသစ်ပါ။
Flashtool ကို PC မှာ install လုပ်ပြီးပြီ ဆိုရင် Flashtool ကိုဖွင့်ပြီး Devices / Check Updates ကိုနှိပ်လိုက်ရင် Device Selector ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
Decive Selector ထဲမှာ ဖုန်း model နံပါတ်ရယ် ဖုန်းနံမည်ရယ် ပါ ပါတယ် ကိုလိုချင်တဲ့ ဖုန်းနံမည်တွေ့ပြီဆိုရင် ဖုန်းနံမည်လေးပေါ်ကို Click နှစ်ချက်တောက်လိုက်ပါ။ ကျွန်တော်ကတော့ sony xperia Z ကို ဥပမာထားပြီး လုပ်ပြပါ့မယ်။
Device Update Chacker ဆိုပြီး ထက်ပေါ်လာပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ နိုင်ငံအလိုက် ရွေးပြီး Click နှစ်ချက်နှိပ်ပြီးခဏစောင့်ပါ။ ကျွန်တော်ကတော့ မလေးရှား firmware လိုချင်တဲ့အတွက် custommized MY ကိုရွေးလိုက်ပါတယ်။
ဘေးနားလေးမှာ firmware နာမည်လေးပေါ်လာပါလိမ့်မယ်။
အပေါ်ကပုံမှာလို Customized MY ရဲ့ဘေးမှာ 10.5.A.0.230 ဆိုပြီး firmware နံပါတ်လေးပေါ်လာပြီ ဆိုရင် အဲဒီ Customized MY 10.5.A.0.230 ရဲ့ အပေါ်ကိုထက်ပြီး Click နှစ်ချက်နှိပ်လိုက်ရင် Flashtool မှာ firmware ကို Download စဆွဲနေပါပြီ ။
Firmware Size ကြီးရင်ကြီးသလောက်ကြာနိုင်ပါတယ်။ တစ်ပိုင်းပြီး တစ်ပိုင်း ဆွဲနေပါပြီ ခဏလေးစောင့်ပေးလိုက်ပါ။
download ပြီးသွားပြီဆိုရင် Decryption လုပ်နေပါပြီ
FILESET တွေကိုDecrypting လုပ်လို့ပြီးသွားရင် Bundler ဆိုတဲ့ box လေးပွင့်လာပါလိမ့်မယ်။ အဲဒီ Bundler box လေးထဲက ဘယ်ဘက်ကစာလေးတွေကို select လုပ်ပြီး ညာဘက်ကိုပြောင်းပေးလိုက်ပါ။ ပြီးရင် အောက်နာလေးမှာ Create ကိုနှိပ်ပါ။
FTF firmware တစ်ခုကို creating လုပ်နေပါပြီ
Flashtool ရဲ့ တာဝန်ကတော့ပြီးဆုံးသွားပါပြီ
အပေါ်ကလိုအဆင့်ဆင့် ပြီးဆုံးသွားပြီဆိုရင် sony xperia Z ကို Flash လုပ်ဖို့အတွက် FTF firmware လေးရလာပါပြီ firmware ဘယ်မှာရှိလဲဆိုတာသိချင်ရင် C / Flashtool / Firmwares ဆိုတဲ့နေရာမှာသွားကြည့်လိုက်ပါ။
အစင်ပြေပါစေ။
Related posts
- XperiFirm Xperia Firmware Downloader V3.6a latest
- Sony Xperia Z Ultra 4.4.4 Build .108 Locked Bootloader ကို Custom Recovery ထည့်နည်း
- Sony Xperia ဖုန်းတွေမှာ FM Radio ကို Headset မသုံးပဲနားဆင်မယ်
- Sony Xperia ဖုန်းတွေမှာ Reboot Option ထည့်နည်း။
- Sd ပျက်နေသော Vivo ဖုန်းများ Firmware တင်နည်း။
- Windows 8 Logon Screen ကို Screenshot ပြုလုပ်ခြင်း
- DriverPack Solution အကြောင်း တစ်စေ့တစောင့်း
- Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း
- Samsung Galaxy S6 & S6 Edge Model Numbers
- ASUS Fonepad 8 K016 Android 4.4.2 kitkat ကို Root လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Huawei ဖုန်းအားလုံး unlock code တောင်းနည်း
- 2015 New Year လက်ဆောင် ZawgyiOne 2015 နဲ့ Final Solution 3.0
- Sony ဖုန်း firmware တွေကိုအလွယ်တစ်ကူ ဒေါင်းချင်သူတွေအတွက် Xperifirm 4.6.0
Share this post
0 comments: