samsung galaxy S3 mini Gt-I8190N ကို pattern lock ဖြုတ်နည်း
Posted in Android, နည်းပညာများ
No comments
Tuesday, 23 September 2014 By htwe naing
samsung galaxy S3 mini GT-I8190N ကို pattern lock ဖြုတ်နည်းပါ။ကျွန်တော့်အလုပ်ထဲက ညီလေးတစ်ယောက်ကသူ့ ဖုန်းလေး pattern lock ကျနေလို့ ကူညီပါဆိုလို့ ဟိုရှာ ဒီရှာနဲ့ pattern lock ဖြုတ်နည်းတွေ အများကြီးထဲက ဒီနည်းလေးကပိုအစင်ပြေပါတယ်။ကျွန်တော်လဲ တစ်ခါမှမလုပ်ဖူးပါဘူး ဒါပထမဆုံးပါ။ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။
pattern lock ဖြုတ်မဲ့ဖုန်းမှာ CWM recovery ရှိဖို့လိုပါတယ်။ S3 mini အတွက် CWM recoveyနဲ့ LockScreen_Security_bypass Zip file ကိုအောက်မှာအရင်ဆုံးယူလိုက်ပါ။
၁။ CWM tar & ordin3 v3.09
၂။ LockScreen_Security_bypass Zip file
အပေါ်ကနှစ်ခုလုံးကို Download ပြီးသွားရင် နံပါတ်(၁) က RAR file ကိုဖြည်ပါ အထဲမှာ CWM tar file ရယ် Ordin3 v3.09 ရယ်ပါပါတယ်။
ဖုန်းကို power ပိတ်ထားလိုက်ပါ။ ပြီးရင် Volume Down + Home + Power ခလုတ်သုံးခုကိုတွဲနှိပ်ပါ။ Volume up ကိုထက်နှိပ်ပြီး Download mode ထဲဝင်ပါ။ PC မှာ ordin ကိုဖွင့်ပါ Ordin ရဲ့ AP ဆိုတဲ့အကွက်ထဲမှာ CWM tar file ရှိတဲ့နေရာကိုညွှန်ပေးလိုက်ပါ။ ပြီးရင် PC နဲ့ ဖုန်းကိုချိတ်ပေးလိုက်ပါ။ PC က ဖုန်းကိုသိပြီဆိုရင် Ordin အောက်နားလေးက start ကိုနှိပ်ပြီးရင် Ordin မှာ Pass ဖြစ်တဲ့အထိစောင့်ပါ။

ဖုန်း reboot ပြန်တက်လာပါလိမ့်မယ်။ပြီးရင် ဖုန်းကို Power ပိတ်ပြီး Volume up + Home + Power ကိုတွဲနှိပ်လိုက်ရင် CWM recovery ထဲရောက်သွားပါပြီ LockScreen_Security_bypass

zip file လေးကို SD card ထဲထည့်ပြီး CWM recovery ကနေ Fash လုပ်လိုက်ရင် ဖုန်းထဲမှာ ဘာမှမပျောက်ပျက်ပဲ pattern lock ပြုတ်သွားပါပြီ။ Flash လုပ်ပုံ video ကိုတော့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။
http://youtu.be/rsTBbPKjUE8
http://youtu.be/rsTBbPKjUE8
Related posts
- Windows 8 Logon Screen ကို Screenshot ပြုလုပ်ခြင်း
- DriverPack Solution အကြောင်း တစ်စေ့တစောင့်း
- Driver Package Installer (*.exe) တစ်ခုဖန်တီးခြင်း
- Samsung Galaxy S6 & S6 Edge Model Numbers
- ASUS Fonepad 8 K016 Android 4.4.2 kitkat ကို Root လုပ်နည်း။
- Android ဖုန်းတွေမှာ Developer Option ဖျောက်နည်း။
- Huawei ဖုန်းအားလုံး unlock code တောင်းနည်း
- 2015 New Year လက်ဆောင် ZawgyiOne 2015 နဲ့ Final Solution 3.0
- Sd ပျက်နေသော Vivo ဖုန်းများ Firmware တင်နည်း။
Share this post
0 comments: