ဖုန်းတစ်လုံးတွင်ပါဝင်သောအစိတ်အပိုင်းများ

No comments
Wednesday 10 September 2014 By htwe naing

ကျွန်တော်တို့ နေ့ စဉ်အသုံးပြုနေတဲ့ ANDROID ဖုန်းတွေမှာအဓိကအားဖြင့်အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။
(၁) Hardware
(၂) Software
ဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။နှစ်ပိုင်းခွဲထားတယ်ဆိုတာကလဲ စတင်လေ.လာတဲ့သူတွေလွယ်ကူအောင်
ခွဲခြားပေးထားတာပါ။တကယ်တန်းက hardware ရော software ပါကောင်းမွန်နေမှ ပုံမှန်အလုပ်လုပ်နိင်
မယ်ဆိုတာသိထားသင့်ပါတယ်။
ပထမဆုံး hardware ပိုင်းမှာပါဝင်တဲ့ components လေးတွေကိုအရင်ပြောပြပါ့မယ်။
မိုဘိုင်းဖုန်းတွေမှာ တတ်ဆင်ထားတဲ့ ပစ္စည်းသေးသေးလေးတွေကိုခြုံပြီး SMD လို့  အတိုကောက်
ခေါ်ပါတယ်။ အပြည့်အစုံက SURFACE MOUNT DEVICE ပါ။
တစ်ခုခြင်းစီခွဲခြားပြီးပြောရရင်
(၁) SMD Resistor

ပုံမှာပြထားတာကတော့ smd resistor လေးတွေပါ။circuit board ပေါ်မှာ အမဲရောင်နဲ့ အဖြူရောင်
အတုံးသေးလေးတွေအဖြစ်မြင်တွေ့ ရပါမယ်။အဖြူရောင်လေးတွေကတော့ fuse အနေနဲ့ အသုံးများပါတယ်။
resistor လေးတွေကိုပတ်လမ်းတစ်လျှောက်စီးဆင်းနေတဲ့ဗို့ လမ်းကြောင်းတွေ၊အင်တာနာတိုင်ကို
ရိုက်ခပ်ပြီးပုံစံမျိုးစုံနဲ့ ဝင်လာတဲ့ RF signal တွေကိုလိုအပ်သလိုအလျှော့အတိုးလုပ်ချင်တဲ့နေရာတွေမှာ
သုံးကြပါတယ်။ ဗို့ လမ်းကြောင်းပေါ်မှာဆိုရင် battery အပေါင်းဗို့ အ၀င်ငုတ်လေးရဲ့ဘေးမှာ R200 ဆိုတဲ့
resistor လေးတစ်လုံးအထင်အရှားတွေ့ ရပါမယ်။ charging ပတ်လမ်းလေးနဲ့ဆက်သွယ်နေပြီး
battery ကိုအားသွင်းတဲ့ လျှပ်စီးကြောင်းကိုကန့် သပ်ပေးပါတယ်။ဒါကြောင့်တစ်ခါတစ်ရံ အားသွင်းတဲ့
ပုံပေါ်ပြီးအားမ၀င်တဲ့အခါ အဲဒီ R200 လေးကိုစစ်ကြည့်သင့်ပါတယ်။အခြား R လေးတွေကတော့အရွယ်အစား
သေးငယ်ပါတယ်။သူတို့ မှာလဲသတ်မှတ်ထားတဲ့ ohm တန်ဖိုးလေးတွေအသီးသီးရှိကြပါတယ်။
ဒီကောင်လေးတွေကိုမီတာနဲ့ တိုင်းမယ်ဆိုရင် အရင်ဆုံး မီတာကို ohm စကေးဖြစ်တဲ့ x1 မှာထားပြီး
R လေးရဲ့ ခြေတောက်နှစ်ဖက်ကိုအပြန်လှန်တိုင်းကြည့်ပါ။တူညီတဲ့ ohm တန်ဖိုးပြနေရင်အဲဒီ R လေး
ကောင်းမွန်ပါတယ်။တကယ်လို့ လုံးဝမပြရင်တော့ပျက်စီးနေပါပြီ၊အထူးသဖြင့်ရေ၀င်တဲ့ဖုန်းတွေမှာ
ဆားပွင့်ပြီး R လေးတွေပြတ်နေတတ်ပါတယ်။ 8813 လိုဖုန်းတွေမှာ touch ic ကိုပေးထားတဲ့
Vreg 3vလမ်းကြောင်းမှာ ခံပေးထားတဲ့ R လေးပြတ်နေရင် touch အလုပ်လုပ်နိင်မှာမဟုတ်တော့ပါဘူး။
အဲဒီလိုပဲ wifi,Bluetooth တို့ ရှိတဲ့သံပြားအဖုံးလေးထဲရေ၀င်သွားရင် Rလေးတွေဆားပွင့်ပြီးပြတ်နေတတ်တယ်။
R လေးတွေကတော်ရုံနဲ့ ပျက်ခဲပါတယ်။ရေ၀င်တာတို့  charging ဗို့ များသွားတာတို့  စသဖြင့်
အကြောင်းအရာတွေရှိမှပဲပျက်စီးတတ်တာပါ။ အစားထိုးဖို့ ကတော့အလားတူစက်ပြားအဟောင်းလေး
ရှိရင်အကောင်းဆုံးပါပဲ။စက်ပြားတူမရှိရင်တော့ပတ်လမ်းနေအထားကိုကြည့်ပြီးခန့် မှန်းထဲ့ကြရပါတယ်၊
ဥပမာ ဗို့ လမ်းကြောင်းမှာ drop လုပ်ပေးတဲ့ R ဆိုရင် 100 ohm,200ohm ၀န်းကျင်ပေါ့
တကယ်လို့  RF ပိုင်းက R တွေဆိုရင် 10k,20k,လိုohm တန်ဖိုးများတဲ့ R တွေအသုံးများပါတယ်။
အချုပ်အားဖြင့်ပြောရရင် resistor ဆိုတာခုခံမှုတစ်ခုကိုပြုလုပ်ပေးတာပါ။ပတ်လမ်းပေါ်မှာရှိနေတဲ့
resistor တိုင်းဟာ ohm တန်ဖိုးမတူညီကြပေမယ့် အလုပ်လုပ်ဆောင်မှုကတော့အတူတူပါပဲ။
ခုခံမှုအားတစ်ခုကိုဖန်တည်းပြီးလျှော့ချပေးတဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။
ဒီနေ့ တော့ဒီလောက်ပါပဲနောက်နေ့ တွေအချိန်ရရင်ထပ်ပြီးတင်ပေးသွားပါ့မယ်။ဖုန်းတစ်လုံးအလုပ်လုပ်
ပုံကိုချုံငုံပြီးပြောပြသွားပါမယ်။

အားလုံးကိုခင်မင်လျှက် ကိုအောင်
BEGINNING OF MOBILE HARDWARE AND SOFTWARE

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။