Kaspersky Lab Products Remover ver. 1.0.678

Posted in ,
No comments
Tuesday 16 September 2014 By htwe naing

အကြောင်းအမျိုးမျိုးကြောင့် Kaspersky တွေကို PC ကနေပြန်ထုတ်မရတဲ့သူတွေအတွက်  Kaspersky Lab Products Remover ပါ။ ဒီနေ့သူငယ်ချင်းတစ်ယောက် အကူညီတောင်းလာလို့ ဒီကောင်လေးနဲ့အစင်ပြေတာနဲ့ တစ်ခြားသူတွေပါအစင်ပြေအောင်တင်ပေးလိုက်ပါတယ်။အောက်မှာယူလိုက်ပါ။

 

ဒေါင်းလို့ရလာတဲ့ Zip file ကိုဖြည်ပြီး exe လေးကို  Run ပေးလိုက်ပါ။

 
 အောက်ကပုံမှာလို Kaspersky Lab Products Remover ver. 1.0.678 လေးပွင့်လာပြီဆိုရင် ပထမဆုံးအကွက်ထဲမှာ code နံပါတ်ထည့်ပါ။ code နံပါတ်ကဘယ်မှလိုက်ရှာစရာမလိုပါဘူး code နံပါတ်ထည့်ရမည့် အကွက်လေးရဲ့အပေါ်ကပုံလေးထဲမှာပါ။

 
  code နံပါတ်ထည့်ပြီးသွားရင် အောက်က remove ကိုနှိပ်ပြီးစောင့်နေလိုက်ပါ။နည်းနည်းတော့ကြာပါတယ် remove လုပ်လို့ပြီးသွားရင်တော့ အောက်ကပုံလေးလိုပေါ်လာရင် PC ကို restart ချပေးလိုက်ပါ။ ဖြုတ်မရတဲ့  Kaspersky တွေလစ်သွားပါပြီ

 အစင်ပြေပါစေ။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။