Smart Phone ရဲ့ ကင်မရာကို အသုံးချနည်းများ

Posted in ,
No comments
Wednesday 3 September 2014 By htwe naing

စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ ဓာတ်ပုံ ၊ ဗီဒီယိုတွေကိုပဲ ရိုက်ကူးဖို့ အသုံးပြုနိုင်တာ မဟုတ်ဘဲ ဘာသာပြန်ဖို့၊ ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့ နေရာ မှာ ရွေးချယ်ဝယ်ယူဖို့ ၊ Scanner အဖြစ် အသုံးပြုဖို့၊ Contacts တွေကို အလွယ်တကူ မှတ်သားဖို့ အပြင် အခြား အလုပ်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

- ဘာသာပြန်ဖို့ အသုံးပြုပါ။
အရင်တုန်းကဆိုရင် မသိတဲ့ နိုင်ငံခြား ဘာသာစကားတစ်ခုကို သိချင်ရင် Dictionary ထဲမှာ ရှာရပါတယ်။ ဒါမှမဟုတ် ကွန်ပြူတာမှာ ရိုက်ပြီး ရှာဖွေရပါတယ်။ အခုတော့ စမတ်ဖုန်းရဲ့ ကင်မရာကို အသုံးပြုပြီး မသိတဲ့ ဘာသာစကား တစ်ခုကို အလွယ်တကူ သိရှိနိုင်ပါပြီ။ Word Lens ဆိုတဲ့ App ကို Android, iOS Device တွေမှာ အသုံးပြုနိုင်ပြီး မသိတဲ့ ဘာသာစကားကို ကင်မရာ ကနေ ချိန်ရွယ်လိုက်တာနဲ့ ဖုန်းမှာ အလိုလို ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ Word Lens ကို အသုံးပြုဖို့ အင်တာနက် ကွန်နက်ရှင် မလိုအပ်ပါဘူး။ ဒါပေမယ့် Word Lens ကို အခမဲ့ မရရှိဘဲ ငါးဒေါ်လာ နဲ့ ၀ယ်ယူ အသုံးပြုရမှာပါ။ မ၀ယ်ယူချင်ရင် အင်တာနက်မှာ Cracked Version ကို ရှာဖွေ အသုံးပြုနိုင်ပါတယ်။ နောက်ထပ် ရွေးချယ်စရာ App တစ်ခုက Google Translate ဖြစ်ပါတယ်။ Google Translate မှာ Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေ ဘာသာပြန်နိုင်ပါတယ်။

- Scanner အဖြစ်အသုံးပြုပါ။
စာအုပ်တစ်ခု ၊ စာရွက်တစ်ခုက စာသားတွေကို Edit လုပ်နိုင်တဲ့ Document အဖြစ်ပြောင်းလဲချင်ရင် ကွန်ပြူတာမှာ အဲဒီ စာသားတွေကို ရိုက်စရာ မလိုတော့ပါဘူး။ Scanner တွေလည်း မလိုအပ်တော့ပါဘူး။ စမတ်ဖုန်း ကင်မရာ ကို Scanner အဖြစ် အသုံးချနိုင်ပါတယ်။ Google Drive, Evernote, Scan To PDF Free စတဲ့ Apps တွေက စာသားတွေကို Scan လုပ်ပေးနိုင်ပြီး PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။

- ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့နေရာမှာ ရွေးချယ်ဝယ်ယူပါ။
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်းရဲ့ ဈေးနှုန်းကို Online Store တွေက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ဖို့အတွက် Application တွေ ရှိပါတယ်။ ကုန်ပစ္စည်းရဲ့ Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့ Price Check က အဲဒီလို ပြုလုပ်ပေးနိုင်ပါတယ်။ RedLaser ကလည်း နောက်ထပ် ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ RedLaser ကို Android, iOS, Windows Phone တို့မှာ အသုံးပြုနိုင်ပါတယ်။

- Contact သတင်းအချက်အလက်တွေကို ဖုန်းမှာ အလွယ်တကူမှတ်သားပါ။
Business Cards တွေဟာ ကောင်းမွန်ပေမယ့် ခေတ်မမီတော့ပါဘူး။ အခုခေတ်မှာ Business Card အစား Contact Information တွေကို စမတ်ဖုန်းမှာပဲ မှတ်သားလို့ ရပါပြီ။ Business Cards တွေက သတင်းအချက်အလက်တွေကို ဖုန်းမှာ ရိုက်ထည့်စရာ မလိုဘဲ ဖုန်း ကင်မရာ ကနေဓာတ်ပုံ ရိုက်လိုက်တာနဲ့ Phone Contact ထဲကို Contact Information တွေ အလွယ်တကူ ထည့်သွင်းပေးမယ့် App တွေရှိပါတယ်။ ဒီလိုအသုံးချဖို့အတွက် CamCard ကို အသုံးပြုနိုင်ပါတယ်။ CamCard ရဲ့ OCR က အနည်းငယ် အားနည်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အနည်းငယ် ပြုပြင်ပေးစရာပဲ လိုအပ်တဲ့အတွက် သတင်းအချက်အလက်တွေကို ကိုယ်တိုင် ရိုက်ထည့်တာထက်စာရင် အလုပ်ရှုပ်သက်သာစေမှာ ဖြစ်ပါတယ်။

- Visual Search ပြုလုပ်ဖို့ အသုံးပြုပါ။
Search Application တွေမှာ စာနဲ့ ရိုက်ပြီး သိချင်တာ ရှာနိုင်သလို ပုံနဲ့လည်း ရှာနိုင်ပါတယ်။ ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင် Product ကို Photo အနေနဲ့ ရိုက်ပြီး အဲဒီ Product ရဲ့ သတင်းအချက်အလက်တွေကို ရှာနိုင်ပါတယ်။ Google Goggles Application မှာ Visual Search ကို သုံးနိုင်ပါတယ်။ ဒါ့အပြင် Google Goggles က Augmented Reality နည်းပညာ ပါရှိပါတယ်။ တည်နေရာ တစ်ခုကို ကင်မရာ ကနေ ချိန်ရွယ်လိုက်တာနဲ့ ပတ်ဝန်းကျင်က တည်နေရာတွေကို ဖော်ပြပေးနိုင်ပါတယ်။ Augmented Reality နည်းပညာက ဖုန်းကင်မရာက တွေ့မြင်ရတဲ့ အရာဝတ္ထု ၊ တည်နေရာတွေကို သိရှိပြီး ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ စားသောက်ဆိုင်လို နေရာမျိုးတွေ ရှာဖွေနိုင်ပါတယ်။

- QR Code တွေကို Scan ပြုလုပ်ပါ။
QR Code ( Quick Response Code) တွေကို Application Store, Billboards, Advertisements, Products တွေမှာ တွေ့မြင်နိုင်ပါတယ်။ အဲဒီ QR Code တွေကို QR Code Scanner Apps တွေသုံးပြီးတော့ Scan လုပ်ပြီး သက်ဆိုင်ရာ ၀က်ဆိုက်တွေမှာ Products တွေရဲ့ သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။ အဲဒီအတွက် ၀က်ဆိုက် လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးစေပါတယ်။

- Remote Control ရဲ့ ဘက်ထရီ အားကုန်နေပြီလား ဆိုတာ ဆန်းစစ်ပါ။
Remote Control တွေမှာ Infrared (IR) Light ပါရှိပြီး သာမာန် လူတွေရဲ့ မျက်စိနဲ့ မမြင်နိုင်ပါဘူး။ Remote Control တွေဟာ TV, Blu-ray Player စတာတွေကို အဆိုပါ IR ကို Signal အနေနဲ့ ပေးပို့ပြီး ခိုင်းစေကြတာ ဖြစ်ပါတယ်။ Remote Control က အလုပ်မလုပ်တော့ရင် ဘက်ထရီ အားကုန် သွားတာလား၊ ဒါမှမဟုတ် အခြား ပြဿနာ တစ်ခုကြောင့်လား ဆိုတာ မသိရှိပါဘူး။ အဲဒီ အခြေအနေမှာ စမတ်ဖုန်း ကင်မရာကို အသုံးချနိုင်ပါတယ်။ Remote Control ရဲ့ IR Light ကို ဖုန်း ကင်မရာရဲ့ Lens ကို ချိန်ရွယ်ပါ။ ဖုန်းက Camera App ကို ဖွင့်ပါ။ Remote မှာ ခလုတ် တစ်ချက်နှိပ်ပါ။ Camera App မှာ အလင်းရောင် မြင်ရရင် Remote ရဲ့ ဘက်ထရီ အားကုန်တာ မဟုတ်ဘဲ အခြား အကြောင်း တစ်ခုကြောင့် ဖြစ်ပါတယ်။ Camera App မှာ အလင်းရောင် မမြင်ရရင်တော့ Remote ရဲ့ ဘက်ထရီ အားကုန်တာ ဖြစ်ပါတယ်။

- Security Camera အနေနဲ့ အသုံးပြုပါ။
Smart Phone ရဲ့ Camera ကို Security Camera အနေနဲ့လည်း သုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ နှစ်သက်ရာ ကွန်ပြူတာကနေ ဖုန်းရဲ့ Video Feed တွေကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။

Smart Phone တွေဟာ အိတ်ကပ် အရွယ်အစားသာရှိတဲ့ Computer တွေ ဖြစ်ပါတယ်။ အဲဒီအတွက် ထူးခြား ဆန်းသစ်တဲ့ Application တွေကို အသုံးပြုပြီး Smart Phone တွေရဲ့ Camera တွေကနေ သာမာန် Phone တွေ၊ Digital Camera တွေထက် ပိုပြီး စွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေကို အသုံးချနိုင်ပါတယ်။

credit to >>>  http://myanmarknowledgebox.com/

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။