ဖုန်းတစ်လုံးတွင်ပါဝင်သောအစိတ်အပိုင်းများ အပိုင်း (၃)

No comments
Thursday 11 September 2014 By htwe naing

ဒီနေ့ တော့ကျွန်တော် diode လေးတွေအကြောင်းပြောပြပါ့မယ်။ဖုန်းတွေမှာပါဝင်တဲ့ diode အမျိုးအစား
တွေထဲမှာလူသိအများဆုံးကတော့ rectifier diode ,zener diode နဲ့  led လို့ အများသိကြတဲ့
light emitting diode တို့ ပဲဖြစ်ကြပါတယ်။
Back light အုပ်စုမှာပါဝင်တဲ့ diode ကို schottky diode လို့ ခေါ်ပါတယ်။ sensor လို့ အများသိကြတဲ့
အရာလေးတွေထဲမှာ photo diode လေးတွေပါဝင်ပါတယ်။ RF ပိုင်းတွေမှာသုံးတဲ့ diode ကြတော့
Tunnel diode လို့ ခေါ်ပါတယ်။ အခြား DAC ပတ်လမ်းတွေမှာ data switch တွေလုပ်ပေးတဲ့ diode
ကြတော့ switching diode လို့ ခေါ်ပါတယ်။
မည်သည့် diode မဆို မီတာနဲ့ တိုင်းလျှင်တစ်ဖက်တည်းသာပြပါတယ်။အကယ်ရ်ျ နှစ်ဖက်စလုံးပြနေရင်တော့
ရှော့ဖြစ်နေပါပြီ။
Diode ကိုတစ်ပိုင်းလျှပ်ကူးအနေနဲ့  P-Type, N-Type semiconductors လို့ သီအိုရီတွေမှာဖော်ပြပါတယ်။
P-Type ဘက်အခြမ်းကို anode လို့ ခေါ်ပြီး N-Type ဘက်ကိုတော့ cathode လို့ ခေါ်ပါတယ်။
diode တွေဟာ လျှပ်စီးကြောင်းကိုတဘက်တည်းသာဖြတ်စီးခွင့်ပေးပါတယ်။အပေါင်းဗို့ အားကို anode
ဖက်ကထဲ့ပြီး cathode ဖက်ကိုဖြတ်စီးခွင့်ပြုပါတယ်။
ac လျှပ်စီးကို diode ထဲဖြတ်စီးပေးလိုက်ရင်တစ်ဖက်ကထွက်လာတဲ့ဗို့ ဟာ dc အဖြစ်အသွင်ပြောင်းပေး
နိင်စွမ်းလဲရှိပါတယ်။ဒါတွေကတော့အခုမှလေ့လာတဲ့ညီလေးတွေ ဗဟုသုတ ရဖို့ ပြောပြပေးရုံသက်သက်ပါ။
ဖုန်းတွေရဲ့ပတ်လမ်းမှာ diode လေးတွေအရွယ်အစားမျိုးစုံတွေ့ ရတတ်ပါတယ်။ဒီအထဲမှာ zener diode
ကိုခွဲခြားသိထားဖို့ လိုအပ်ပါတယ်။အကြောင်းကတော့ zener diode လေးတွေဟာ ဗို့ လမ်းကြောင်းရဲ့
အပေါင်းလိုင်းနဲ့  ground ကိုခွပြီးတတ်ထားပါတယ်။လိုအပ်တဲ့ဗို့ အားတစ်ခုကိုတည်ငြိမ်မှုရှိအောင် zener
diode ကိုအသုံးပြုကြပါတယ်။ zd တွေမှာသတ်မှတ်ထားတဲ့အညွန်းဗို့ အားဆိုတာရှိပါတယ်။ဥပမာ
3.0Vzd ဆိုလျှင်သူ့ရဲ့အညွန်းဗို့ အားဟာ 3v ဖြစ်တဲ့အတွက် အ၀င်ဗို့ ကျော်လွန်နေသော်လည်း
အထွက်ဗို့ ကို 3v မှာတည်ငြိမ်အောင်ထိန်းပေးထားနိင်ပါတယ်။3v ထက်ပိုလာသမျှ ဗို့ အားတွေကို
ground ထဲချပေးလိုက်ပါတယ်။တကယ်လို့ များ ဒီဒိုင်အုပ်လေးမှာခံနိင်ရည်ထက်ကျော်လွန်တဲ့ဗို့ 
တစ်ခုဖြတ်စီးခံရမယ်ဆိုရင်ရှော့ဖြစ်သွားပါတယ်။ အဲဒီလို zd ရှော့ဖြစ်ရင် ပတ်လမ်းရဲ့အပေါင်းလိုင်းနဲ့ 
ground ကိုပူးပေးလိုက်သလိုဖြစ်သွားတဲ့အတွက် ပါဝါမတက်နိင်တော့ပါဘူး။ zener diode နဲ့ 
ရိုးရိုး diode ကို မီတာနဲ့ ခွဲခြားနိင်ပါတယ်။ zener diode တွေဟာ ဗို့ လမ်းကြောင်းကိုခွထားတဲ့အတွက်
ဒိုင်အုပ်ရဲ့ခြေတောက်နှစ်ဖက်ကိုမီတာတံတစ်ခုစီဖြင့်အပေါင်းလိုင်းနှင့်အနှတ်လိုင်းတို့ ဖြင့်အပြန်အလှန်တိုင်း
ကြည့်ပါ။အပေါင်းလိုင်းအနှတ်လိုင်းတို့ နဲ့ ဆက်စပ်နေတဲ့ diode ဟာ zener diode ဖြစ်ပါတယ်။
led လေးတွေဟာလဲdiode အနွယ်ဝင်ပဲဖြစ်ပါတယ်၊မီတာကိုx1 စကေးမှာထားတိုင်းကြည့်လိုက်၇င်မီတာရဲ့
reverse volt ကြောင့် dc3v ထွက်လာပါတယ်။led လေးတစ်လုံးလင်းနိင်ဖို့  ac /dc 3v လိုအပ်ပါတယ်။
backlight volt တွေဖုန်းတစ်လုံးနဲ့တစ်လုံးမတူညီကြတဲ့အကြောင်းအရင်းက led လေးတွေပါဝင်မှုအနဲအများနဲ့ 
တန်းဆက်(သို့ )ပြိုင်ဆက် ဆက်သွယ်ထားခြင်းအပေါ်မှာမူတည်နေပါတယ်။တန်းဆက်၅လုံ့းဆက်ထားရင်
၃x၅=၁၅ဗို့ အနဲဆုံးပေးသွင်းနိင်မှမီးလုံးလေးတွေလင်းနိင်မှာပါ။ပြိုင်ဆက်ဆိုရင်တော့ ၃ဗို့ ပဲလိုအပ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့diode လေးတွေဟာလဲဖုန်းတစ်လုံးမှာအရေးပါတဲ့ပစ္စည်းလေးတွေမို့ 
အသေခြာသဘောပေါက်အောင်လေ့လာသင့်တယ်လို့ ပြောချင်ပါတယ်။ဒါကတော့ SMD Diode လေးတွေ
ရဲ့ပုံပါ။


BEGINNING OF MOBILE HARDWARE AND SOFTWARE

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။