ဖုန်းတစ်လုံးတွင်ပါဝင်သောအစိတ်အပိုင်းများ အပိုင်း(၂)
No comments
Wednesday 10 September 2014 By htwe naing
ဒီနေ့ တော့ ကျွန်တော် Capacitor လေးတွေအကြောင်းပြောပြပါ့မယ်။လျှပ်သိုလို့ ခေါ်တဲ့C လေးတွေဟာelectronic circuit တိုင်းမှာမပါရင်မပြီးတဲ့ပစ္စည်းလေးပါ။အသုံးများသလိုအပျက်လဲများပါတယ်။ဖုန်းတစ်လုံး
 ရှော့ဖြစ်ပြီဆို၇၀% လောက်က
C တွေရှော့ဖြစ်နေတတ်တာပါ။အထူးသဖြင့် battery အ၀င်ငုတ်ဘေးနားက C လေးတွေ pmu ဘေးနား Cလေးတွေ charging ic ဘေးနားက Cလေးတွေရှော့ဖြစ်ပြီးရောက်ရောက်လာတာနေ့ စဉ်နဲ့အမျှဆိုသလိုပါပဲ။
capacitor လေးတွေဟာ ဖုန်းတစ်လုံးမှာနေရာအနံ့ ပါရှိနေပြီးအဓိကလုပ်ငန်းစဉ်
သုံးမျိုးခွဲခြားပြီးတာဝန်ယူပေးကြပါတယ်။အဲဒါတွေကတော့
(၁) Filter capacitor
(၂) Coupling capacitor
(၃) Bypass capacitor တို့ ပဲဖြစ်ပါတယ်။
Filer capacitor တွေကတော့ ပါဝါအိုင်စီကိုအ၀င်ဗို့ ပေးသွင်းတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ loadingပိုင်းလို
ခွပြီးတတ်ဆင်ထားပါတယ်။
အဲဒီC လေးတွေကအ၀င်ဗို့ နဲ့ အထွက်ဗို့ တွေမှာတည်ငြိမ်တဲ့ဗို့ အားတစ်ခုအဖြစ်အားဖြည့်ပေးပါတယ်။
ဖုန်းပတ်လမ်းထဲမှာဆိုရင်အညိုရောင်နဲ့ အ၀ါရောင်အတုံးလေးတွေအဖြစ်တွေ့ ရပါတယ်။အပျက်အများဆုံး C
အမျိုးအစားပါ။ဒီကောင်လေးတွေပျက်ရင်များသောအားဖြင့်ရှော့ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့်ဗို့ လမ်းကြောင်းကိုအပေါင်းနဲ့ အနှတ်ရှော့တိုက်ပေးသလိုဖြစ်သွားပြီးပါဝါ
သေသွားတာပါ။ အဲဒီ C လေးတွေကောင်းမကောင်းပတ်လမ်းပေါ်မှာပဲ မီတာကိုအသုံးပြု
ပြီးရှာနိင်ပါတယ်။ မီတာကို x1 စကေးမှာထားပြီး C လေးရဲ့ငုတ်နှစ်ဖက်ကိုတိုင်းကြည့်ပါ။
မီတာတံအဆုံးထိပြနေရင်အဲဒီကောင်လေးရှော့ဖြစ်နေပါပြီ။သေခြာအောင်အပြင်မှာဖြုတ်တိုင်းကြည့်ပါ။နောက်တစ်နည်းက 5A power supply ကိုသုံးပြီးရှာရင်ပိုလွယ်ကူပါတယ်။ရှော့ဖြစ်နေတဲ့အလုံးလေးဟာသိသိသာသာပူလာပါ
တယ်။အဲဒီအချိန်မှာမီတာနဲ့တိုင်းကြည့်လိုက်ရင်သေခြာပေါက် အဆုံးထိပြနေမှာပါ။တစ်ချို့  C လေးတွေကိုဖြုတ်ပြီးပြန်မတတ်ရင်ရပေမယ့်တစ်ချို့အလုံးတွေကြတော့ပြန်တတ်ပေးမှအဆင်ပြေတာမျိုးလဲရှိပါတယ်။
Coupling capacitor ကတော့ပတ်လမ်းမှာပါဝင်တဲ့ section တစ်ခုနဲ့အခြားတစ်ခုချိတ်ဆက်ပေးတဲ့နေရာတွေမှာသုံးကြပါတယ်။သူကတော့ signal နဲ့  data ပိုင်းလောက်ပဲချိတ်ဆက်ပေးရတဲ့အတွက်အပျက်အစီးနဲပါတယ်။ရေ၀ငိတဲ့ဖုန်းတွေမှာ
display ဖွေးနေတာ၊အသံမလာတာ၊ touch မရတာ စတဲ့ error မျိုးတွေတော့ဖြစ်တတ်ပါတယ်။
Bypass capacitor ကတော့ network ပိုင်းတွေမှာအများဆုံးသုံးကြပါတယ်။
RF signal တွေထဲမှာရောထွေးနေတဲ့ radio frequency တွေကို လိုအပ် baseband
ကိုက်ညီလာတဲ့အထိ sawfilter တွေ bypass capacitor တွေနဲ့ အဆင့်ဆင့်ခံပြီး network ပိုင်းအဆင်ပြေပြေလုပ်နိင်ဖို့ အားဖြည့်ပေးပါတယ်။အဲဒီကောင်လေးတွေကတော့အပူရယ် high frequency ဖြတ်စီးတာတွေကြောင့် coupling ထက်ပိုပျက်စီးတတ်ပါတယ်။ရေ၀င်တဲ့ဖုန်းတွေဆိုရင်တော့ ဖုန်းခေါ်မရတဲ့ပြစ်ချက်မျိုးတွေဖြစ်တတ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်capacitor တွေရဲ့သဘောသဘာဝကိုနားလည်ထားရင်သူတို့ 
ပျက်စီးတဲ့အခါဖြစ်လာနိင်တဲ့ error တွေကိုအချိန်တိုတိုနဲ့ ရှာတွေ့ နိင်မှာဖြစ်ပါတယ်၊ပုံမှာမြင်တွေ့ နေရတာက
SMD capacitor လေးတွေရဲ့ ပုံလေးပါ။
အားလုံးပဲအဆင်ပြေကြပါစေ။
BEGINNING OF MOBILE HARDWARE AND SOFTWARE
Related posts
0 comments:
About the Author
ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။