ဖုန်းတစ်လုံးတွင်ပါဝင်သောအစိတ်အပိုင်းများ အပိုင်း(၄)

No comments
Friday 12 September 2014 By htwe naing

ဒီနေ့ တော့ ကျွန်တော် coil လေးတွေအကြောင်းပြောပြပါ့မယ်။
Inductor လို့ ခေါ်တဲ့ ကွိုင်လေးတွေဟာဖုန်းတစ်လုံးမှာအရေးပါတဲ့ပစ္စည်းအစိတ်အပိုင်းလေးတစ်ခုပါ။
ကွိုင်လေးတွေကို ပါဝါအိုင်စီရဲ့ဘေးပတ်ပတ်လည်မှာအနဲဆုံး သုံးလုံးကနေ ငါးလုံးခန့် ထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေဟာ ပတ်လမ်းမှာပါဝင်တဲ့အိုင်စီတွေရဲ့ဗို့ အားလိုအပ်ချက်တွေကို တော့တင်းတဲ့အမ်ပီယာ
ရောက်အောင်ကူညီပေးပါတယ်။ကျွန်တော်တို့ စာသင်တုန်းက Faraday’s law of induction ဆိုတဲ့စာလေးကို
မှတ်မိဦးမယ်ထင်ပါတယ်။ wire ကြိုးတစ်ချောင်းကိုဖားရက်ကိုးပေါ်မှာရစ်ပတ်ပေးခြင်းဖြင့် လျှပ်စစ်သံလိုက်စက်
ကွင်းတစ်ခုကိုညို့ယူနိင်ပါတယ်။အဲဒီညှိ့ယူမှုအားကို ဟင်နရီနဲ့ တိုင်းတာသတ်မှတ်ကြပါတယ်။
အောက်ခံကိုးဖော်မှာပေါ်မှာပတ်ထားတဲ့အပတ်ရေအပေါ်မူတည်ပြီးသူတို့ ရဲ့ညှိ့ ယူမှု ကပြောင်းလဲနိင်ပါတယ်။
Battery ကနေရောက်လာတဲ့ dc 3.7v ဟာပါဝါအိုင်စီရဲ့ အတွင်းမှာရှိတဲ့ pwm circuit ပိုင်းကနေ ခုန်လိုင်း
တစ်ခုထုတ်ပေးပါတယ်။ output ပိုင်းကိုထွက်လာတဲ့ ခုန်လိုင်းတစ်ခုကို coil နဲ့  capacitor ပတ်လမ်းက
ခွင်ကျပတ်လမ်းအဖြစ်ညှိ့ ယူပြီး လိုအပ်တဲ့ output ဗို့ ကိုထုတ်ပေးပါတယ်။ output coil လေးတွေရဲ့ဗို့တွေဟာ
1.2v,1.8v,2.5v,3.0v,စသဖြင့် section တစ်ခုခြင်းစီအတွက်သီးသန့် ကွိုင်လေးတွေ တစ်လုံးစီနဲ့ ထုတ်ယူ
ကြပါတယ်။အဲဒီကွိုင်လေးတွေမှာပတ်ထားတဲ့ wire ကြိုးလေးဟာ အင်နာမင်ဆေးတစ်မျိုးအုပ်ပေးထားတဲ့
အတွက်တစ်ပတ်နဲ့ တစ်ပတ် ထိကပ်နေပေမယ့် လျှပ်ကူးခြင်းမရှိပါဘူး။အကြောင်းတစ်ခုခုကြောင့်အပေါ်က
အုပ်ထားတဲ့ဆေးအလွှာလေးပေါက်သွားရင်အပတ်ရေတစ်ခုနဲ့တစ်ခုကြားခံမရှိတော့ပဲရှော့ဖြစ်သွားတတ်ပါတယ်
အထူးသဖြင့် back light coil လေးတွေဟာ ဗို့ များများထုတ်လွတ်ပေးရတဲ့အတွက် အထွက်ပိုင်းတစ်နေရာရာ
မှာရှော့ဖြစ်ရင်အပူကြောင့်သူ့ ကိုအုပ်ထားတဲ့အင်နာမင်ဆေးဟာကျွမ်းသွားပြီး ကွိုင်လေးတွေပျက်စီးကြပါတယ်။
နောက်တစ်ခုက ကွိုင်လေးတွေရဲ့ ဟင်နရီတန်ဖိုးလျှော့နည်းလာရင် အထွက်ဗို့ အားပါလျှော့နည်းသွား
တတ်ပါတယ်။ဖုန်းမှာပါဝင်တဲ့ ကွိုင်လေးတွေဟာအရွယ်အစားသေးငယ်တဲ့အတွက် အစားထိုးလဲလှယ်ပေး
ယုံသာတတ်နိင်ပါတယ်။
ကွိုင်လေးတွေကောင်းမကောင်းကိုတော့မီတာနဲတိုင်းပြီးအကျမ်းဖျဉ်းခန့် မှန်းနိင်ပါတယ်။မီတာမှာ ohm
ပြရင်ကောင်းမယ်၊ဘာမှမပြရင်မကောင်းဘူး၊ရှော့ဖြစ်နေလားမဖြစ်ဘူးလားဆိုတာကိုတော့မီတာနဲ့ အတိအကျ
တိုင်းလို့ မရနိင်ပါဘူး။အပတ်ရေနဲတဲ့အတွက် ohm တန်ဖိုးကလဲ 0 ohm ပဲပြမှာပါ။
ပုံမှာပြထားတာကတော့ backlight coil လေးတစ်ခုရဲ့ပတ်လမ်းပုံလေးပါ။
အားလုံးပဲအဆင်ပြေကြပါစေ။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။