ဖုန်းတစ်လုံးတွင်ပါဝင်သောအစိတ်အပိုင်းများ အပိုင်း(၆)

No comments
Sunday 14 September 2014 By htwe naing

ဒီနေ့ တော့ကျွန်တော် အိုင်စီလေးတွေအကြောင်းပြောပြပါ့မယ်။ အိုင်စီများစွာထဲက
ဖုန်းတစ်လုံးမှာအရေးအကြီးဆုံးအပိုင်းလို့ ပြောရင်ရတဲ့ power section ထဲမှာပါဝင်
တဲ့ PMU လေးတွေကိုပြောပြချင်ပါတယ်။သိပြီးသားဆရာသမားများကတော့အားနဲချက်
လေးတွေပါရင်နားလည်ခွင့်လွတ်ပေးကြပါဗျာ။
huawei ဖုန်းတွေမှာတွေ့ နိင်တဲ့ပါဝါအိုင်စီလေးတွေပါ။
(1) PM 7540 -C8650
(2) PM 8029 - MODEL မျိုးစုံမှာတွေ့ ရပါတယ်။
(3) PM 8110 -C8816,Y535,G730-U30,
(4) MT 6320 -G610
(5) MT 6323 -G730,HONOR,511,Y600,G6-----
(6) MT 6329 -G700
(7) Hi 6421 GFU-- honor 3c
(8) 6030B1AD P1,

အဲဒီအိုင်စီတွေထဲက GSM NETWORK ရော CDMA NETWORK ဖုန်းတွေပါ
အသုံးများတဲ့ PM 8029အိုင်စီလေးအလုပ်လုပ်ပုံကိုပြောပြပါ့မယ်။
အရင်ဆုံး battery ကလာတဲ့ 3.5v ဟာ filter capacitor ,zener diode,resistor
လေးတွေကိုဖြတ်ပြီး fet လေးရဲ့ drain ငုတ်ကိုရောက်သွားပါတယ်။တဆက်ထဲမှာပဲ
pmu 8029 ရဲ့ VPH PWR (0r)VDD ဗို့ အ၀င်ငုတ်တွေကိုအသီးသီးရောက်သွားပါတယ်။ output ဗို့ အထွက်တွေကို
တဆင့်ချင်းလိုအပ်သလိုထုတ်ပေးနိင်အောင် design ပြုထုတ်လုပ်ထားတဲ့အတွက်
VDD အ၀င်လိုင်း ၁၂ခုထိ standby volt တွေရောက်နေပါတယ်။ဒီအခြေအနေမှာပါဝါ
မနိုးသေးပါဘူး။ power button ကိုနှိပ်လိုက်တဲ့အခါ fet ရဲ့ control ငုတ်ဖြစ်တဲ့
gate မှာရှိနေတဲ့ ဗို့ အားမြင့်အခြေကနေ ဗို့ အားနိမ့်အခြေကိုရောက်သွားပြီး fet on
သွားပါတယ်၊ဒီအချိန်မှာခုဏကအသင့်ရောက်နေတဲ့ dc3.5v က ပါဝါ on ဗို့ တစ်ခု
အဖြစ် VPH PWR ON အဖြစ် pmu ရဲ့ လိုင်းထုတ်ပတ်လမ်းဖြစ်တဲ့ PWM section ထဲ
ကိုဝင်ရောက်သွားပါတယ်။ဒီအချိန်မှာ crystal လေးရဲ့အကူအညီနဲ့  vco ပိုင်းစတင်အလုပ်လုပ်ပါတယ်။ pwm စဆွဲချိန်မျာ အမ်ပီယာ 0.07 ခန့် ရှိပြီး output
state 1 နဲ့  2 ကနေ ကွိုင်လေးနှစ်လုံးနဲ့  အမ်ပီယာမြင့်တင်ပြီး CPU အိုင်စီအတွက်လိုအပ်တဲ့ vreg 1.2v
ကိုထုပ်ပေးပါတယ်။တစ်ချိန်ထဲမှာပဲ output state 3 ကနေ eMMc ရဲ့
rom starting volt ဖြစ်တဲ့ vreg 1.8v ကိုထုတ်ပေးပါတယ်။ CPU နဲ့  eMMc တို့ 
data transfer အသီးသီးချိတ်ဆက်မိချိန်မှာတော့ output state 4 ကနေ
eMMc ရဲ့ bootloader အပိုင်းကို မောင်းနှင်ရန်လိုအပ်တဲ့ vreg 2.8v ကိုထုပ်ပေးပါ
တယ်။ဒီအချိန်မှာ အမ်ပီယာ 0.17 ခန့်ကိုရောက်နေပါပြီ။ဒီအခြေအနေမှာ loading
ပိုင်းမှာရှော့တစ်ခုခုရှိနေမယ်ဆိုရင် pwm ကလိုင်းထုပ်နေမှုကိုချက်ခြင်းရပ်တန့် ပြစ်ဖို့ 
feed back လမ်းကြောင်းတစ်ခုနဲ့ အာရုံခံပေးထားပါတယ်။
system ပိုင်းတွေချိတ်ဆက်မိချိန်မှာတော့ wifi,bluetooth,touch,အစရှိတဲ့ပတ်လမ်းတွေ
အတွက်လိုအပ်တဲ့ 3v လမ်းကြောင်းပွင့်သွားပါတယ်။sound ,sim,sensor,flach,
အစရှိတဲ့ function တွေလဲအလုပ်လုပ်လာပါတယ်။ဒီချိန်မှာတော့အမ်ပီယာ 0.35
to 0.45 ခန့်ကိုရောက်ရှိသွားပါတယ်။os တစ်ခုလုံးပြီးပြည့်စုံသွားချိန်မှာတော့အမ်ပီယာ
အနဲငယ်ပြန်ကျသွားပြီး 0.35 လောက်မှာငြိမ်သွားပါမယ်။user အနေနဲ့ ဘာမှအသုံးမပြု
ပဲ ထားလိုက်ပါကသတ်မှတ်အချိန်တစ်ခုမှာ shutdown ပြန်ချပေးမယ့် power reset
signal တစ်ခုကို CPU ကပို့ ပေးလိုက်ပါတယ်။ power reset signal ရောက်လာချိန်မှာ
တော့ pwm ရဲ့လိုင်းပတ်လမ်းကိုရပ်တန့် စေပြီး၊ fet ရဲ့ gate ဗို့ အားကို လဲဗို့ အားမြင့်အခြေသို့ ပြောင်းလိုက်ပြီး standby အနေအထားကိုပြန်ရောက်သွားပါတယ်။ဒီလောက်ဆိုရင်တော့ခုမှစတင်လေ့လာမယ့်
ညီလေးတွေအားလုံး ကြေနပ်နိင်မယ်ထင်ပါတယ်။
BEGINNING OF MOBILE HARDWARE AND SOFTWARE

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။