သိထားသင့်သော firefox shortcut key များ

No comments
Monday 1 September 2014 By htwe naing

firefox အသုံးပြုတဲ့သူတိုင်း သိထာသင့်တဲ့ firefox keyboard shortcut key လေးတွေပါ။ ဒီ shortcut key လေးတွေသိထားခြင်း အားဖြင့် firefox browser နဲ့ အလုပ်လုပ်တဲ့အခါ လွယ်ကူလျှင်မြန်စေပါတယ်။သိပြီသား သူတွေကတော့ ကျော်သွားလိုက်ပေါ့နော် 

ပထမဆုံး firefox ကို စဖွင့်ဖို့ keyboard shortcut key လေးတစ်ခု အရင်ဆုံးလုပ်ကြမယ် PC deskop ပေါ်က firefox shortcut ကို rightclick / properties / shortcut ဆိုပြီးသွားလိုက်ပါ။ shortcut key ရဲ့ ဘေးနားကအကွက်လေးထဲမှာ ကိုကြိုက်တဲ့ စာလုံးတစ်လုံးရိုက်ကြည့်လိုက်ပါ။ ကျွန်တော်ကတော့ firefox နဲ့လိုက်ဖက်တဲ့  F   ကိုပဲထားလိုက်ပါတယ်။ Ctrl+ Alt+F ပြီးရင် Apply / Ok ပေါ့ firefox ကိုပိတ်ပြီး keyboard ကနေ Ctrl+ Alt+F ကိုနှိပ်ကြည့်လိုက်ရင် firefox လေးပွင့်လာပါလိမ့်မယ်။ firefox ကို keyboard shortcut key နဲ့ဖွင့်ပြီးသွားပြီဆိုရင် နောက်ထက် fierfox ပွင့်နေတဲ့အချိန်မှာ အသုံးဝင် shortcut key လေးတွေရှိပါသေးတယ်။ဘာတွေလဲ?

Ctrl + T and mouse's middle-click

  firefox ကို new tab ဖွင့်ချင်တဲ့အခါ keyboard ကနေ  Ctrl + T ဒါမှမဟုတ် mouse ဘီးလေးရဲ့ အလယ်တည့်တည့် ကိုဖိလိုက်ရင် firefox မှာ new tab လေးပွင့်လာပါလိမ့်မယ်။

Ctrl + Shift + T


တစ်ချို့တွေ firefox browser မှာ Tab တွေအများကြီးဖွင့်ပြီးသုံးတက်ကြတယ် Tab တစ်ခုက facebook ကိုလဲမလွတ်စေဖို့ တစ်ခုက သတင်းကြည့်ဖို့ ဟိုဟာလဲဖွင့်ဒီဟာလဲဖွင့်ထားရင်း ရောင်ရမ်းပြီး ကိုမပိတ်ချင်တဲ့ Tab တစ်ခုကို ပိတ်မိလိုက်တယ်ဆိုရင် keyboard ကနေ Ctrl + Shift + T ဆိုပြီး နှိပ်လိုက်ပါ။ မှားပိတ်မိတဲ့ လင့်လေး ပြန်ပွင့်လာပါလိမ့်မယ်။

Ctrl + W

 တစ်ကယ်လို့များ ကိုကြည့်နေတဲ့ Tab က လင့်လေးကိုပိတ်ချင်တယ် ဆိုရင် keyboard ကနေ Ctrl + W ကိုနှိပ်ကြည့်လိုက်ပါ။

Ctrl + Tab or Ctrl + Shift + Tab

ကိုဖွင့်သုံးနေတဲ့ Tab တွေအများကြီးကို တစ်ခုပြီးတစ်ခုပြောင်းကြည့်ချင်တယ်ဆိုရင် keyboard ကနေ Ctrl + Tab  ဒါမှမဟုတ် Ctrl + Shift + Tab ကိုနှိပ်ပြီးသွားနိုင်ပါတယ်။

Ctrl + D 

တစ်ကယ်လို့များ ကိုကြည့်နေတဲ့ လင့်လေးကို Bookmark မှာမှတ်ထားချင်တယ်ဆိုရင် keyboard ကနေ Ctrl + D ကိုနှိပ်လိုက်ပါ။ Bookmark popup လေးကျလာပါလိမ့်မယ်။

  Ctrl + B 

Ctrl + D နဲ့ မှတ်ထားတဲ့ Bookmark လေးတွေကို တစ်ခုစီပြန်ကြည့်ချင်တယ်ဆိုရင် Ctrl + B ကိုနှိပ်ကြည့်လိုက်ပါ Firefox ရဲ့ ဘယ်ဘက်ဘေးလေးမှာ Bookmark box လေးတစ်ခုကျလာပါလိမ့်မယ်


Ctrl + <plus>, Ctrl + <minus>, and Ctrl + 0

ဒီနည်းလမ်းလေးကတော့ မျက်လုံးအာနည်းတဲ့သူတွေအတွက် အစင်ပြေစေပါတယ် firefox ကိုသုံးပြီး စာတွေလေ့လာတဲ့အခါ စာလုံးကို ကိုယ်လိုသလို အကြီးကိုသုံးချင်တယ်ဆိုရင် keyboard ကနေ Ctrl + (အပေါင်း)  ၊ စာလုံးအသေးကိုလိုချင်တယ်ဆိုရင် Ctrl + (အနှုတ်) ၊ မူရင်း အတိုင်းပြန်ထားချင်တယ်ဆိုရင် Ctrl +( ဇီးရိုး) ဆိုပြီးလိုသလိုပြောင်းလဲနိုင်ပါတယ်။


Ctrl + J

Android Apk တွေ download လုပ်တဲ့အခါ firefox နဲ့ download ဝင်တာများပါတယ် ကိုယ် download ဆွဲနေတာ firefox ကဘယ်မှာမှန်းမသိရလေအောင် keyboard ကနေ Ctrl + J ဆိုတာကိုနှိပ်လိုက်ရင် download Tab လေးတစ်ခုပွင့်လာပါလိမ့်မယ်။

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။