အနာဂတ်ရဲ့ Smartphones

Posted in
No comments
Monday 16 December 2013 By htwe naing

ကျွန်တော်တို့ရဲ့ Smartphone တွေဟာ မကြာခင်မှာ ကွေးလို့၊ ချိုးလို့၊ ခေါက်ထား လို့ရတဲ့ ပစ္စည်းတွေ ဖြစ်ကုန်တော့ မလား။ အနာဂတ်ရဲ့ ဖြစ်နိုင်ချေကို တွက်ဆ ကြည့်ရ အောင်ဗျာ။
ခေတ်တွေ ပြောင်းလဲလာ သလို နည်းပညာ တွေလည်း တိုးတက် လာပါတယ်။ အရင်က ဖောင်းကား ကြီးမားတဲ့ ပစ္စည်းတွေဟာ အခုတော့ လက်တစ်ဖ၀ါးစာ လောက်ပဲ ရှိပါတော့တယ်။ အဲဒီလို ပြောင်းလဲ တိုးတက်နေတဲ့ ပစ္စည်းတွေ ထဲမှာပါတဲ့ ကျွန်တော်တို့ရဲ့ Smartphone တွေ ဟာ မကြာခင်မှာ ကွေးလို့၊ ချိုးလို့၊ ခေါက်ထား လို့ရတဲ့ ပစ္စည်းတွေ ဖြစ်ကုန် တော့မလား။ အနာဂတ်ရဲ့ ဖြစ်နိုင်ချေကို တွက်ဆ ကြည့်ကြရ အောင်ဗျာ။



Bendable Smartphones



အနာဂတ်ကို မပြောခင် လက်ရှိ ရောက်နေတဲ့ နည်းပညာ အခြေအနေကို အရင်ကြည့် ရအောင်ဗျာ။ မျှော်မှန်း ထားတဲ့ ကွေး၊ချိုးလို့ ရမယ့် အနာဂတ်နဲ့ ယှဉ်မယ် ဆိုရင် အစလို့ ပြောလို့ရတဲ့ မျက်နှာပြင် ကွေးနဲ့ Smartphone တွေတော့ ပေါ်နေပါပြီ။ Samsung Galaxy Round နဲ့ LG G Flex Smartphone တွေပါ။ ဈေးနှုန်း ကတော့ မြင့်ပါတယ်။ အထူးသဖြင့် Samsung Galaxy Round ဟာဒေါ်လာ ၁၀၀၀တောင် ရှိပါတယ်။ အဲဒီလို ဈေးကြီးရတဲ့ အကြောင်းရင်း ကတော့ မျက်နှာပြင် ထုတ်လုပ်မှု နည်းပညာ ခက်ခဲမှု ကြောင့်ပါ။ ဒီနည်းပညာ ကတော့ Organic Light-emitting diode or OLED လို့ခေါ် ပါတယ်။ ဒီနည်းပညာ စပေါ်တာ ကတော့ ကျွန်တော်တို့ Desktop ကြီးတွေနဲ့ တိုင်ပတ်နေတဲ့ အချိန်က တည်းကပါ။ အဲဒီအချိန် ကတည်းက ကုမ္ပဏီ တွေဟာ OLED ကိုအသုံး ချပြီး အီလက် ထရောနစ် ပစ္စည်းတွေရဲ့ မျက်နှာပြင် တွေကို ပိုပါး လွှာအောင်၊ စွမ်းအင် သုံးစွဲမှု နည်းအောင် လုပ်နိုင်ခဲ့ ကြပါတယ်။ ယခုခေတ် OLED မျက်နှာပြင် တစ်ခု ထုတ်ဖို့ ဒေါ်လာ သန်းပေါင်း များစွာ တန်တဲ့ စက်ပစ္စည်းတွေ လိုပါတယ်။ အဆိုပါ စက်ပစ္စည်း တွေက လေဟာနယ် ထဲမှာ မျက်နှာပြင် တွေကို ပါဝင်တဲ့ အလွှာလိုက် တဖြည်း ဖြည်းချင်း တပ်ဆင် ရပါတယ်။ အမှားယွင်း ဖြစ်နိုင်ချေ ကတော့ လုံးဝ များပါတယ်။ ဖုန်မှုန့်လေး တစ်မှုန့်ဟာ မျက်နှာပြင် တစ်ခုလုံး သုံးမရ အောင် လုပ်နိုင် ပါတယ်တဲ့။



Bendable Smartphones



နောက်အားနည်းချက် တစ်ခု ကတော့ OLED နည်းပညာနဲ့ လုပ်တဲ့ မျက်နှာပြင် တွေဟာ သက်တမ်း ကြာရှည် မခံပါဘူး။ အဲဒါ ကတော့ စ မက်ဖုန်း အတွက် ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတွေဟာ Smartphone တစ်လုံးကို ၂နှစ်လောက် အများ ဆုံးသာ သုံးလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ OLED မျက်နှာပြင် ကွေးတွေ ထုတ်လုပ် တာက ပိုတောင် ရင်လေးဖို့ ကောင်းပါတယ်။ အထူး သဖြင့် ပါးလွှာတဲ့ ဖန်သားကို ပြန့်ပြူးတဲ့ မျက်နှာပြင် ပေါ်က မပြီး ကွေးနေတဲ့ Plastic Sticker လိုအလွှာမှာ ကပ်ရတာဟာ လက်ပေါက် ကပ်တဲ့ အလုပ်ပါပဲ။ ရင်းရတဲ့ အရင်းအနှီးနဲ့ မှားယွင်းဖို့လည်း များပါတယ်။ အနာဂတ်မှာ လာမယ့် ချိုးလို့၊ ခေါက်လို့ရတဲ့ Smartphone တွေ လာဖို့ ကတော့ နည်းပညာပိုင်း ကတော့ စိုးရိမ်စရာ မရှိပါဘူး ဆိုပေမယ့် ဖုန်းအစိတ်အပိုင်း တွေဖြစ်တဲ့ ဖုန်း Battery လိုမျိုးကို ဘယ်လို ကွေးလို့ ကောက်လို့ ရအောင် လုပ်မလဲ ဆိုတဲ့ မေးခွန်း တွေတော့ ရှိနေပါ သေးတယ်။ အဓိက Smartphone ကုမ္ပဏီတွေ ရင်ဆိုင် ရမယ့် ပြဿနာက ထုတ်လုပ်မယ့် စက်ရုံ စက်ပစ္စည်း တွေကို တိုးတက်အောင် လုပ်ဖို့ရယ်၊ စီးပွားဖြစ် အများအပြား ထုတ်ရင် ကုန်မယ့် ကုန်ကျစရိတ်၊ ဖြစ်နိုင်မယ့် ပြဿနာ တွေကို ဘယ်လို နည်းအောင် လုပ်သင့်လဲ ဆိုတာ ကတော့ စိန်ခေါ်မှု တစ်ခုအဖြစ် ရှိနေ သေးကြောင်း တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်ဗျာ။



Bendable Smartphones

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။