ခရစ်စမတ်လက်ဆောင်

Posted in
No comments
Thursday 19 December 2013 By htwe naing

ဘလော့ကိုလာလည်တဲ့ ညီအကိုများအတွက် ခရစ်စမတ်လက်ဆောင်လေးတွေပါ ...1/ Funkytone
ဖုန်းအ၀င် call ကို Animation ပုံလေးတွေနဲ့ ဖလမ်းဖလမ်းထအောင်လန်းနိုင်မယ့် ဆော့ဝဲလ်လေးပါ ...
Animation လေးတွေကိုလည်း ကွန်နက်ရှင်ဖွင့်ပီ ဒေါင်းနိုင်ပါတယ်ဗျ ... Free ပေးတာတွေရှိသလို ပိုက်ပိုက်ပေးရတာတွေလည်းပါပါတယ် ... ကျွန်တော်နောက်မှ ပိုက်ပိုက်နဲ့ဝယ်ရတဲ့ Animation တွေကို ဟက်နည်းလေးရေးပြပါမယ် ... အခုတော့ အချိန်ကလည်းမရ၊ လိုင်းကလည်းမကောင်းဆိုတော့ ဒီဆော့ဝဲလ်လေးယူပီ Free Animation လေးတွေဒေါင်းလိုက်ကြပါအုံးဗျ ...

ထွေထွေထူးထူးတော့ မရေးတော့ဘူး ... ပုံလေးတွေကြည့်ပီ ကြိုက်ရင်ဒေါင်းကြပါခင်ဗျာ ... {Android Version 2.1 +}


==> Download Here <==
RAR Password ==> MerryChristmas
Screenshot
ဖုန်းအ၀င်လာရင် ဒီလိုလေးပေါ့ခင်ဗျာ ...
2/ Screen Recorder Pro
ဒီကောင်လေးကတော့ ဖုန်း Screen ကို Video ရိုက်နိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးပါ ... ဘလော့၊ ၀က်ဆိုဒ် ပိုင်ရှင်များအတွက် Video Tutorial လေးပြုလုပ်နိုင်တဲ့ ဆော့ဝဲလ်လေးပါဗျ ... Video Tutorial ကိုလည်း ရုပ်ထွက်ကောင်းမွန်အောင် ဖမ်းယူပေးနိုင်ပါတယ်ခင်ဗျာ ....
ကျွန်တော်တို့တွေ ဆော့ဝဲလ်တွေကိုတင်ပေးတဲ့အခါမယ် Video Tutorial လေးတွေနဲ့ပါ တင်ပေးကြပါတယ် ... အဲ့မှာ ဖုန်း Screen ကို Tutorial လုပ်ဖို့ အခြားဖုန်းတစ်လုံးကနေပီ Video ရိုက်တဲ့အခါမယ် ကြည်လင် ပြတ်သားမှုမရှိနိုင်ပါ ... အဲ့အတွက် Tutorial လေးတွေကို ကြည်ကြည်လင်လင်နဲ့ ဖမ်းယူနိုင်မယ့် SCR Pro ဗားရှင်းလေး ခရစ်စမတ်လက်ဆောင်ပေးလိုက်ပါတယ်ခင်ဗျာ ... {Android Version 4.0.3 +}
==> Dewnload Here <==
RAR Password ==> MerryChristmas
Screenshot

3/ VoII phone {Transparent Dailer}
ဒီဆော့ဝဲလ်ကတော့ လမ်းသွားရင် ဖုန်းပြောတဲ့ သူငယ်ချင်းများအတွက် သင့်တော်မယ်ထင်ပါတယ် ...
ပုံထဲမှာပြထားသလိုပဲ ဒီဆော့ဝဲလ်လေးက နောက်ကင်မရာကို အသုံးပြုရမှာဖြစ်ပါတယ်ဗျ ...
လမ်းသွားရင်နဲ့ ဖုန်းခေါ်ဖို့ ခလုတ်ကိုလည်းနှိပ်ရ .. ခလုတ်တိုက်မှာလည်း စိုးရိမ်လို့ လမ်းကိုကြည့်ရနဲ့ အလုပ်မရှုပ်တော့ဘူးပေါ့ ... {Android Version 2.2 +}
==> Download Here <==   
RAR Password ==> MerryChristmas
Screenshot

4/ LED Dance
ဒါလေးကတော့ မိမိရေးချင်တာကိုရေးပီ LED ဘုတ်တွေလို ဖုန်း Screen မှာပြသပေးနိုင်တဲ့ ဆော့ဝဲလ် လေးပါ ... မိမိရေးချင်တဲ့စာကို မျှားပြထားတဲ့အကွက်ထဲမှာရေးပီ Start ကိုနှိပ်ရပါမယ် ... ရေးထားတဲ့ စာလုံးကို Speed သတ်မှတ်တာ .. Color ပြောင်းတာ .. Bold လုပ်တာ .. Italic လုပ်တာတွေပြုလုပ် နိုင်ပါတယ် ...
မိမိနဲ့ အလှမ်းဝေးတဲ့နေရာက သူငယ်ချင်းတွေကို ကိုယ်ကအချက်ပြချင်တယ်ဆိုရင် အကွက်ထဲမှာ ရေးချင်တာလေးရေးပီ Start ပေါ့ဗျ ... LCD မှာပြတာ English လိုရေးရင် စာလုံးပြတာမှန်ပါတယ် ... မြန်မာလိုဆိုရင်တော့ နည်းနည်းလွဲပါတယ်ခင်ဗျာ ... {Android Version 2.1 +}
==> Download Here <==
RAR Password ==> MerryChristmas
Screenshot
Brother တို့အတွက် ခရစ်စမတ်အကြို ကျွန်တော်ရဲ့ Present လေးတွေပါ ....
အဆင်ပြေပါစေဗျ ...


Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။