Android Notification Bar မှာ Calendar ပြပေးမယ့် Calendar Status

Posted in
No comments
Friday 27 December 2013 By htwe naing

Cover art
Android Device တွေမှာ Calendar App တွေ ပါရှိကြပါတယ်။ အလုပ်ကိစ္စတွေ ၊ သူငယ်ချင်းမွေးနေ့တွေ စတာတွေကို Event အနေနဲ့ မှတ်သားထားနိုင်ပါတယ်။ အဲဒီ Calendar ကို Android ရဲ့ Notification Bar မှာ ပြပေးနိုင်ရင် Calendar App ကို ဖွင့်စရာမလိုတော့ဘဲ အလုပ်ရှုပ်သက်သာစေမှာပါ။ ဒီလိုကြည့်ရှုနိုင်ဖို့အတွက် Calendar Status ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။
Calendar Status က သင့် Android Device က Calendar App နဲ့ Sync လုပ်ပေးမှာဖြစ်ပြီး Notification Bar မှာ Event တွေကို ပြပေးမှာဖြစ်ပါတယ်။ Built-In Calendar အပြင် Google Calendar နဲ့လည်း Sync ပြုလုပ်နိုင်ပါတယ်။
Notification Bar ကို ဆွဲချကြည့်ရင် Calendar Status က Events တွေကို ပြပေးမှာဖြစ်ပါတယ်။ Calendar Status ရဲ့ Display ကို Customize လုပ်နိုင်တဲ့ Options တွေများစွာပါရှိပါတယ်။ Background Colors, Event Colors , Styles တွေကို နှစ်သက်သလိုပြောင်းနိုင်သလို Notification Bar မှာ ပြပေးမယ့် Events အရေအတွက်ကို သတ်မှတ်နိုင်ပါတယ်။တစ်ရက်ထဲ အတူတူကျရောက်တဲ့ Events တွေကို ပေါင်းစည်းပြပေးအောင်ပြုလုပ်နိုင်ပါတယ်။
Pro Version ကို တစ်ဒေါ်လာ နဲ့ရောင်းချပေးနေပြီး Calendar ရွေးချယ်နိုင်တာ ၊ Events တွေရဲ့ Layout ကို အကျယ်ချဲ့ပြပေးတာ စတဲ့ Options အနည်းငယ် ထပ်ဆောင်းပါရှိပါတယ်။ Calendar Status ကို Android 4.0 နဲ့ သူ့အထက်က ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ Calendar Status App ရဲ့ Free Version ကိုအောက်က လင့် မှာ အခမဲ့ရယူနိုင်ပါတယ်။

 
 Calendar Status - screenshot

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။