Android မှာ Safe Mode ၀င်နည်းနဲ့ Safe Mode

No comments
Thursday 19 December 2013 By htwe naing

Android မှာ Safe Mode ၀င်နည်းနဲ့ Safe Mode ကနေပီတော့ မိမိတို့ရဲ့ Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ ပြဿနာတွေကိုအဖြေရှာနည်း


မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်ဒီနေ့တော့ Android Device တွေမှာ Safe Mode ၀င်နည်းနဲ့Safe Mode ကနေပီတော့ မိမိတို့ရဲ့ Android Device ကောင်းကောင်း အလုပ်မလုပ်တော့တဲ့ ပြဿနာတွေကို အဖြေရှာနည်းလေးရေးပါမယ် ... Factory Reset မချချင်တဲ့ သူများအတွက် ရည်ရွယ်ပါတယ်ဗျ  ...သိသောသူများ ကျော်သွားလိုက်ပါ  ...


သင်တို့ရဲ့ Android Device မှာ ဆော့ဝဲလ်တွေသုံးနေရင်းနဲ့ ပိတ်သွားတာတို့၊ အသုံးပြုရတာလေးလံလာတာတို့၊
တစ်ချို့ဆော့ဝဲလ်တွေ ကောင်းကောင်းအလုပ်မလုပ်တော့တာတို့၊ Battery ကြာရှည်မခံတာတို့ ဖြစ်တတ်ကြပါတယ် ...
အဲ့မှာတစ်ချို့ကတော့  Data Factory reset ချပါတယ် ...[Data တွေအကုန်ပျက်တော့ အစ/အဆုံးပြန်သွင်းရတာပေါ့နော် ...] ပီမှ Data တွေတစ်ခုချင်းပြန်သွင်း ... အလုပ်ရှုပ်တာပေါ့နော် ... Factory Reset မချချင်တဲ့ user များ ဒီနည်းလမ်းလေးနဲ့ Try ကြည့်ပါ ...

Android Device 4.1 နဲ့အထက်ဖုန်းတွေ Safe Mode ၀င်နည်း

Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ ...Power off ကို ဖိထားပါ ... ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ် ...OK ကိုနှိပ်ပါ ...



Android Device 4.0 နဲ့အောက်ဖုန်းတွေ SafeMode ၀င်နည်း

Power Buttom ကိုနှိပ် Power Off ကိုနှိပ်ပီ ဖုန်းကိုပိတ်ပါ ... ပီရင် Power Buttom ကိုနှိပ်ပီ ဖုန်းကိုပြန်ဖွင့်ပါ ... Logo တက်လာပီဆိုရင် Volume (-) နဲ့ Volume (+)ကိုဖိပေးထားပါ ...
ဖုန်းတက်လာတဲ့အထိ Volume (-) နဲ့ Volume (+) ကိုနှိပ်ပေးထားရပါမယ် ... ပုံထဲမှာပြထားတဲ့အတိုင်း Screen ရဲ့ ဘယ်ဘက်အောက်မှ Safe Mode လို့ပေါ်နေပါမယ် ...


Safe Mode မှာ ပြဿနာတွေကို အဖြေရှာခြင်း ...
အခုကျွန်တော်က Factory Reset မချဘဲနဲ့ Safe Mode ကနေ အဲ့ပြဿနာကို အဖြေရှာကြည့်မှာပါ ... [မရမှ Factory Reset ချပါ ...]
Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာပါ ...
Safe Mode မှာ ခုနကဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာကြည့်ပါ ... [ဥပမာ -Battery ကြာရှည်မခံတာ၊ etc: .. ....]
Safe Mode မှာ အပေါ်ကဖြစ်တဲ့ပြဿနာတွေ မဖြစ်ဘူးဆိုရင် သွင်းထားတဲ့ ဆော့ဝဲလ်တွေကြောင့်ဖြစ်နိုင်သွားပါပီဗျ ...
ဒါဆိုရင် မိမိတို့ဖုန်းမှာ နောက်ဆုံးသွင်းထားတဲ့ဆော့ဝဲလ်တွေကို Unistall လုပ်ကြည့်ပါ ...
Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ် ... ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး Apps ကိုနှိပ်ပါ ...
ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ ...
ပီရင် Normal Mode [ဖုန်းကို Power ပိတ်ပီး ပြန်ဖွင့်လိုက်ပါ ...] ကိုပြန်သွားပီ ခုနကဖြုတ်လိုက် ဆော့ဝဲလ်တွေကိုပြန်သွင်းကြည့်ပီ အဖြေရှာနိုင်မှာဖြစ်ပါတယ် ...

အဲလိုမှမဟုတ်ဘဲ Safe Mode မှာလည်း ပြဿနာအချို့ ဖြစ်သေးတယ်ဆိုရင်တော့ third-party apps ကြောင့် system ပိုင်းမှာ ပြဿနာဖြစ်တာပါ ...
ဒါဆိုရင်တော့ Factory Reset လုပ်ရဖို့ ကြိမ်သေပါပီ ...

ဒီလောက်ဆိုရင်တော့ Brother တို့အဆင်ပြေလောက်ပီထင်ပါတယ် ...
Safe Mode ၀င်နည်းနဲ့ Safe Mode ကနေပီတော့ မိမိတို့ရဲ့ Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ ပြဿနာတွေကိုအဖြေရှာနည်းပြီးပါပီဗျ ...
ကျွန်တော် စမ်းသပ်ချက်လေးကို ရေးပြထားခြင်းဖြစ်တဲ့အတွက် လိုအပ်ချက်များရှိခဲ့ရင် ဖြည့်ပီဖတ်ပေးကြပါလို့ ပြောချင်ပါတယ်ဗျ ....
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ ....

ရေးသားသူ- ဇော်မျိုးဦး (www.mm-mpxteam.net)

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။