DOS Comment ဖြင့် ဗိုင်းရပ်စ်ထိသွားတဲ့ USB Pendrive ထဲမှ ပျောက်သွားတဲ့ဖိုင်များ ပြန်ဖေါ်နည်း

No comments
Tuesday 10 December 2013 By htwe naing

     ဗိုင်းရပ်စ်ထိသွားလို့ ဖိုင်တွေပျောက်သွားတဲ့ USB Pendrive တွေအတွက် ဖိုင်တွေ ပြန်ဖေါ်နည်း

      attrib -H -S J:\*.* /S /D /L

၁)- အရင်ဆုံး USB Pendrive ထဲက ဗိုင်းရပ်စ်ကို Antivirus ပရိုဂရမ်တခုခုနဲ့ အရင်သတ်ပါ..။
၂)- ပြီးရင် အပေါ်က DOS Comment စာကြောင်းလေးကို မိမိဝင်းဒိုးရဲ့
        Notepad မှာ copy-paste နဲ့ ကူးထည့်လိုက်ပါ..။
၃)- J-နေရာမှာ ဗိုင်းရပ်စ်ထိသွားတဲ့ USB Pendrive ရဲ့ Drive Letter ကို မှန်အောင် ပြောင်းထည့်ပါ..။
      (Drive Letter ကို ကြည့်တတ်အောင် Computer ကိုဖွင့်လိုက်ရင် Removable Disk (J:) လို စာသား
         မျိုးနဲ့ ပေါ်နေတတ်ပါတယ်..။)
၎)- ပြီးရင်တော့ Notepad ရဲ့ File >> Save as >> ကနေ သွားပြီး Desktop ၊ File Name: မှာ Show Files.bat လို့
      နာမည်ပေးပါ..။ Save as type: မှာ All Files ပြောင်းပေးပြီး Save ကို နှိပ်ပြီး သိမ်းလိုက်ပါ..။
၅)- မိမိဝင်းဒိုးရဲ့ Desktop ပေါ်မှာ ရောက်လာတဲ့၊ အပေါ်ကနည်းနဲ့ သိမ်းလိုက်တဲ့၊ စက်သွားစိပ်ပုံလေးနဲ့ .bat ဖိုင်လေးကို
       Right Click >> Run as administrator နဲ့ Run ပေးလိုက်ရင်.. မိမိ USB Pendrive ထဲက ပျောက်နေတဲ့ ဖိုင်တွေ
         ပြန်ပေါ်လာပါပြီ..။

    တကယ်လို့ အပေါ်ကနည်းနဲ့ လုပ်လို့မှ အဆင်မပြေသေးတဲ့သူများကတော့ အောက်က DOS Comment လေးကို အပေါ်ကနည်းအတိုင်း
  .bat ဖိုင်လေးနဲ့ ဖန်တီးပြီး Unhide File.bat လို့ နာမည်ပေးပြီး အပေါ်ကနည်းအတိုင်း Run ပေးပြီးမှ ၊ အပေါ်ကနည်းကို ပြန်လည်အသုံးပြုပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်..။

attrib -H -S /S /D /L

  http://lwinminbo.blogspot.com/

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။