နိုကီယာရဲ့  ပထမဆုံး Android ဖုန်းထွက်မည်
Posted in knowledge
No comments
Tuesday, 24 December 2013 By htwe naing

EvLeaks
ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပြီး Nokia ရဲ့  ပထမဆုံး Android
OS သုံး စမတ်ဖုန်း ဖြစ် ကြောင်း သိရပါတယ်။ ဖုန်းရဲ့  codename အနေနဲ့
Normandy လို့အမည်ပေးထားကြောင်း ဆိုပါတယ်။
ဖုန်းက Nokia Lumia လိုပဲ အရောင်စုံ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ သာမန် Android OS သုံးဖုန်းများနဲ့ အတူအောင် ထိပ်တန်း Android Application များကို အသုံးပြုနိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း တစ်လုံး ဖြစ်အောင် ဖန်တီးထားကြောင်း ဆိုပါတယ်။ Android OS ကို အသုံးပြုပြီး ဖုန်းစမ်းသပ်နေ တယ် ဆိုတဲ့ သတင်းက မှန်ကန်စေခဲ့ပြီး ယခုတော့ စမ်းသပ်အဆင့်မှာတင် မဟုတ်တော့ပဲ ဖုန်းပါ ထွက်ရှိ လာစေ တော့မှာ ဖြစ်ပါတယ်။ ဖုန်းမှာ ပါဝင်မယ့် Specification တွေ ကိုတော့ ဖော်ပြ ပေးထားခြင်း မရှိသေး ပါဘူး။
Nokia ကို ၂၀၁၄ မှာ Microsoft သို့အပြီးတိုင် ပြောင်းလဲမှာ ဖြစ်ပါတယ်။
Microsoft ဆိုတာ Nokia အတွက် အသင့်တော်ဆုံး Windows Phone OS ကို
ထောက်ပံ့ပေးခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ယခုတော့ Nokia ဟာ Microsoft ရဲ့ 
ပြိုင်ဘက် ဖြစ်တဲ့ Google ရဲ့  Android OS ကို အသုံးပြုတယ် ဆိုတော့
ဖုန်းအခြေအနေက ဘယ်လိုလာမယ် ဆိုတာ သေချာမသိရ သေး ပါဘူး။ Microsoft အနေနဲ့
၎င်းတို့ လက်အောင်က ဖုန်းတွေ Android အသုံးပြုမှုသာ လက်ခံရင် Windows Phone OS
ကို ပြန်နှိမ်ရာကျတာနဲ့ အတူတူပါပဲ။ Nokia ရဲ့  Android ဖုန်း Project
ထဲမှာ Microsoft တို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း ဆိုပါတယ်။
၂၀၁၄ နှစ်ဆန်းကာလ အတွင်းမှာပဲ Nokia ထုတ် Android ဖုန်းများကို ဖြန့်ဖြူးရောင်းချ သွားမှာ ဖြစ် ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Related posts
- AMOLED နဲ့ IPS တို့ဘာကှာသလဲ ?
- Android Lollipop မှာပါဝင်လာတဲ့ factory reset protection Feature
- အသစ်ထွက်ရုပ်ရှင်ဇာတ်ကားကြီးများကို ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းများ (Android/iOS) ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့်ဆော့ဝဲထွက်ရှိ
- Smart Phone ရဲ့ ကင်မရာကို အသုံးချနည်းများ
- External hard drives နှင့်ပတ်သက်သော ပြဿ နာများအတွက်
Share this post
0 comments: