Fast & Furious ရုပ်ရှင်များမှ မင်းသား Paul Walker ယာဉ်တိမ်းမှောက် သေဆုံး

Posted in
No comments
Sunday 1 December 2013 By htwe naing

 
Fast & Furious ရုပ်ရှင်များဖြင့် ကမ္ဘာကျော် ဖြစ်လာခဲ့သည့် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား Paul Walker သည် ယနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့) ညနေပိုင်းတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အသက်ဆုံးခဲ့ရသည်ဟု သိရှိရသည်။
မင်းသား Paul Walker သည် ယင်း၏ လူထုဆက်ဆံရေး အရာရှိဖြစ်သူ Ame van Iden ၏ ၂၀၀၅ မော်ဒယ် Porsche 911 GT ပြိုင်ကားအား ကယ်လီဖိုးနီးယာပြည်နယ် ဆန်တာကလာရာမြို့၌ ဖိလစ်ပိုင်မုန်တိုင်း ရန်ပုံငွေပွဲ တစ်ခုသို့အသွား ကားမှာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ပြီး မီးလောက်ကျွမ်းခဲ့ရာ Paul နှင့် Ame တို့ ၂ ဦးစလုံး အသက်ဆုံးခဲ့ ကြရသည်။
ရဲတပ်ဖွဲ့၏ အဆိုအရ ဆိုးရွားလှသည့် ဤဖြစ်ရပ်၏ အဓိကအကြောင်းရင်းမှာ Porsche 911 GT ၏ အမြန်နှုန်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းတို့ မောင်းနှင်လာသည့် လမ်းမ၏ ကန့်သတ်အမြန်နှုန်းမှာ တစ်နာရီ ၄၅ မိုင်နှုန်းဖြစ်သည်။
ယင်းတို့ ၂ ဦးအနေဖြင့် အဖြစ်ဆိုးကြီးအား ရန်ပုံငွေပွဲ ပြုလုပ်နေသည့် အဆောက်အဦနှင့် မီတာ ၃၀၀ ခန့်အကွာတွင် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဖြစ်ပွားရာသို့ ရဲအရာရှိများ ရောက်ရှိလာချိန်တွင် ကားမှာ မီးဟုန်းဟုန်းတောက် နေပြီဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်မှုမှာ မိနစ်အနည်းငယ်သာ ကြာသော်လည်း Paul Walker အတွက်မူ အချိန်နှောင်းသွား ခဲ့ရပြီဖြစ်သည်။
Paul Walker သည် ပြီးခဲ့သည် ရက်ပိုင်းအတွင်းကပင် ယင်း၏ Twitter ပေါ်၌ Fast & Furious 7 ရုပ်ရှင် ရိုက်ကူးမှု စတင်ခြင်းအပေါ် လွန်စွာမှ စိတ်လှုပ်ရှားနေကြောင်း ရေးသားခဲ့သေးသည်။
Paul Walker တစ်ယောက် အသက် ၄၀ အရွယ်၌ အချိန်မတိုင်ပဲ ကွယ်လွန်ခဲ့ရခြင်းအပေါ် Myanmar Consumer Guide အဖွဲ့သားများမှ ယင်း၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း . . .

credit - www.myanamrconsumarguide.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။