၉၀ ဒီဂရီ အထိကွေးကောက်နိုင်တဲ့ LG G Flex 2 လာမည်

Posted in
No comments
Tuesday 10 December 2013 By htwe naing

တောင်ကိုရီးယား ရဲ့ နည်းပညာ Company ကြီး ဖြစ်တဲ့ LG က မကြာမီ က ရောင်းချခဲ့တဲ့ ကွေးကောက်နိုင်တဲ့ဖုန်း LG G Flex ရဲ့ နောင်တော် LG G Flex 2 နဲ့ နှစ်သစ်ကို ကြိုဆိုမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ LG G Flex 2 ဟာ ၉၀ ဒီဂရီ အထိကွေးကောက်နိုင်တယ်လို့ ဆိုပါတယ်။
ZDNet Korea ၀က်ဆိုက်မှ သတင်းထွက်ပေါ်လာတာဖြစ်ပြီး ကွေးကောက်မျက်နှာပြင် ဖုန်း နဲ့ ခေါက်ချိုးနိုင်တဲ့ နည်းပညာ တို့ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။

LG G Flex နဲ့ Samsung Galaxy Round တို့ကို အာရှ ပြင်ပမှာရောင်းချခြင်းမရှိသေးပါဘူး။

ဒီလို ကြီးမားပြီး ကွေးကောက်လို့ရတဲ့ Phablets ဖုန်း ရဲ့ အသုံးဝင်မှု တွေကတော့ ထင်သာမြင်သာ မရှိသေးပါဘူး။ ဒါပေမယ့် ဒီလို ကွေးကောက်နိုင်တဲ့ ဖုန်းတွေကို ထုတ်လုပ်ရောင်းချနိုင်တဲ့အတွက် Samsung နဲ့ LG တို့ဟာ ဖုန်းထုတ်လုပ်တဲ့ Company တွေကြားမှာ တစ်ပန်းသာ နေတာဖြစ်ပါတယ်။

Samsung ဟာ ကွေးကောက်နိုင်တဲ့ မျက်နှာပြင် တွေကို စမ်းသပ် သုတေသန ပြုလုပ်နေတာကြာပြီဖြစ်ပေမယ့် LG G Flex ဟာ ကမ္ဘာ့ ပထမဆုံး ကွေးကောက် နိုင်တဲ့ ဖုန်းဖြစ်လာပါတယ်။ Samsung Galaxy Round က ကွေးကောက်မျက်နှာပြင်သာပါရှိပြီး ကွေးကောက်ခေါက်ချိုးလို့မရတဲ့အတွက်ဖြစ်ပါတယ်။ LG G Flex 2 ကို ၂၀၁၄ ခုနှစ်မှာ ရောင်းချမယ်ဖို့ LG က စီစဉ်နေတယ်ဆိုတဲ့ မရေရာတဲ့ သတင်းတွေကို ကြားနေရပါတယ်။

LG ရဲ့ Chemical Company ဖြစ်တဲ့ LG Chem ဟာ ကြိုးလိုကွေးကောက်နိုင်တဲ့ ဘက်ထရီ ကို တီထွင်ခဲ့ဖူးပြီး ကြိုးလို ချည်နှောင်လို့တောင်ရပါသေးတယ်။ ဒါပေမယ့် ZDNet Korea ရဲ့ သတင်း မှာတော့ LG G Flex 2 မှာ ကွေးကောက်နိုင်တဲ့ ဘက်ထရီ ပါရှိလာမယ်ဆိုတဲ့ အချက်တော့ မပါရှိပါဘူး။

LG G Flex နဲ့ Samsung Galaxy Round တို့ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချခြင်း မရှိသေးပါဘူး။ အဲဒီအတွက် LG ဟာ LG G Flex 2 ကို တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ ပွဲထုတ်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါမှမဟုတ် Samsung က ပဲ ကွေးကောက်နိုင်တဲ့ ဖုန်းကို ထုတ်လုပ်ရောင်းချမလား ဆိုတာစောင့်ကြည့်ရပါမယ်။
credit to - www.mmconsumer.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။