မြန်မာမိုဘိုင်းမန်းနီး အသုံးပြုပုံအဆင့်ဆင့်
Posted in knowledge
No comments
Saturday, 21 December 2013 By htwe naing

အရင်ဦးဆုံး
မြန်မာမိုဘိုင်းမန်းနီးနဲ့ ဆက်သွယ်ထားတဲ့ ဘဏ်များမှာ (ဗဟိုဘဏ်၊မြ၀တီဘဏ်၊
အင်းဝဘဏ်) တွင် အကောင့်ဖွင့် ငွေသွင်းရမည်ဖြစ်ပါတယ်။
အကောင့်ရှိပြီးသူများလည်း ဖုန်းတွင်သုံးပြီး
ပင်းကုဒ်ရ၇ှိဖို့အတွက်ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးလျှင်
မြန်မာမိုဘိုင်းမန်းနီးApps နဲ့ USSD (*666#) ကိုနှိပ်ပြီး
အသုံးပြုသောနည်းဆိုပြီး ရှိပါတယ်။ Apps ဆိုရင်တော့
အင်တာနက်ရှိမှသာအဆင်ပြေမှာ ဖြစ်ပြီး USSD နည်းက ဖုန်းလိုင်းရှိတဲ့
မည်သည့်နေရာတွင်မဆို ရရှိနိင်ပါတယ်။ Apps အတွက်ကတော့
www.myanmarmobilemoney.com တွင်သွားရောက်ကာ အခမဲ့ရယူနိင်ပါတယ်။ USSD
နည်းကို အသုံးပြုမယ်ဆိုရင် တော့ (*666#) ကိုနှိပ်ကာ အဆင့်ဆင့်
ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ထို (*666#) ကိုနှိပ်လိုက်တာနဲ့
ဘာသာစကားရွေးချယ်မူကနေစပေါ်လာကာ Main Menu >> စတဲ့
အဆင့်ဆင့်လမ်းညွှန်မူတွေကတစ်ဆင့် တစ်ဆင့်စီသွားရောက်ခြင်းဖြင့် နောက်ဆုံး
ပင်းကုဒ် (လျို့ဝှက်နံပါတ်ထည့်တဲ့အထိ) ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
ငွေပို့ချင်တယ်ဆိုရင်တော့ ပင်းကုဒ် မထည့်ခင်မှာ ပေးပို့လိုသူရဲ့
ဖုန်းနံပါတ်ကို မှန်ကန်တိကျအောင်ရိုက်နှိပ်ရမှာ ဖြစ်ပါတယ်။
မိမိတို့တွင်ရှိသော ဖုန်းများဖြင့် (*666#) ကိုနှိပ်ကာ စမ်းကြည့်နိင်ပါတယ်။
လျို့ဝှက်နံပါတ်သိမှ သာ ငွေများကို အသွင်းအထုတ်ပြုလုပ်နိင်သောကြောင်း
ဖုန်းများမတော်တဆပျောက်ရှသွားပါမူ စိုးရိမ်စရာမရှိဘဲ ကုဒ်ကိုသာ
ထိန်းသိမ်းထားဖို့ မမေ့ဖို့ လိုပါလိမ့်မယ်။ ငွေသွင်းငွေထုတ်၊ ငွေလွှဲပို့၊
လစာပေးခြင်း၊
အသေးစားငွေချေလုပ်ငန်း၊ကုန်ပစ္စည်းဝယ်ယူခြင်း၊ဖုန်းပိုက်ဆံဖြင့် မိုဘိုင်း
ဖုန်းငွေဖြည့်ခြင်း၊ အခြားသူများကိုလည်းဖုန်းငွေဖြည့်ပေးနိင်ခြင်း စတဲ့
အချက်များကို လွယ်ကူအဆင်ပြေစွာ လုပ်ကိုင်နိင်မှာ ပဲဖြစ်ပါတယ်။ အသေးစိတ်ကို
Call စင်တာ (၁၂၁၂) တွင် မေးမြန်းစုံစမ်းနိင်ပြီး ယင်းကိုယ်ပိုင်
ဝက်ဆိုက်ဖြစ်သည့် www.myanmarmobilemoney.com တွင်လည်း
စုံစမ်းလေ့လာနိင်ပါတယ်။
Aung Heine (Smart.com.mm)
Related posts
Share this post
0 comments: