ပြိုင်ဘက် ဖြစ်သော်လည်း ဆမ်ဆောင်း ချစ်ပ်များကိုသာ iPhone 5S တွင် သုံးထားရ

Posted in
No comments
Friday, 4 October 2013 By htwe naing


ဆမ်ဆောင်းနှင့် Apple ကုမ္ပဏီတို့သည် လက်ရှိ စမတ်ဖုန်း ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် အဓိကပြိုင်ဘက် ကုမ္ပဏီများ ဖြစ်နေသော်လည်း Apple ၏ နောက်ဆုံး ထုတ်လုပ်ထားသော iPhone 5S အရည်အသွေးမြင့် စမတ်ဖုန်းတွင် ဆမ်ဆောင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ပရိုဆက်ဆာ ချစ်ပ်များကိုသာ အသုံးပြုထားရကြောင်း နည်းပညာသတင်းများက ဖော်ပြသည်။ 

iPhone 5 ထက် နှစ်ဆပိုမြန်သော လုပ်ငန်း စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်သည့် A7 ပရိုဆက်ဆာကို Apple က iPhone 5S တွင် အသုံးပြုထားပြီး ယင်းပရိုဆက်ဆာ ထောက်ပံ့မှုကို အဓိက ကြွားလုံးထုတ် မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း ဆမ်ဆောင်းနည်းပညာ အဖွဲ့အစည်းက အဆိုပါ ပရိုဆက်ဆာကို ဖန်တီးပေးထားခြင်း ဖြစ်ရာ Apple အား ဆမ်ဆောင်းက နည်းပညာ ထောက်ပံ့ပေးနေရသည့်နှယ် ဖြစ်နေသည်။ သို့သော်လည်း Apple အနေဖြင့် ဆမ်ဆောင်းထံမှ ပရိုဆက်ဆာ တစ်မျိုးတည်းကိုသာ မှာယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ပိုင်ဆိုင်သည့် အခြား နည်းပညာများမှာ ကမ္ဘာပေါ်ရှိ မည်သည့်စမတ်ဖုန်း ထုတ်လုပ်သည့် အဖွဲ့အစည်းများမှ မပိုင်ဆိုင်နိုင်ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက iPhone 5S တွင် အသုံးပြုထားသော A7 ချစ်ပ်မှာ Quad Core ပရိုဆက်ဆာ အမျိုးအစား မဟုတ်ဘဲ Dual Core သာ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မြန်ဆန်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ 64 bit နည်းပညာကို အသုံးပြုထားခြင်းကြောင့်ဟု ကုမ္ပဏီက ဆိုသည်။
 
www.myanmarmobileapp.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။