Bloody Mary
Posted in knowledge
No comments
Sunday, 27 October 2013 By htwe naing
မှန်ရှေ့မှာ ၃ခေါက်တိတိ နာမည်
ရွတ်ဆိုလိုက်ရင် ပေါ်လာတယ်လို့ ယုံကြည် ကြတဲ့ Bloody Mary ကိုရင်းနှီး
ကြမှာပါ။ သူ့ရဲ့ အကြောင်း ရာဇ၀င်က ဘာများ ပါလိမ့်။
အခု
နှစ်ပိုင်းမှာ သရဲကားတွေ အရမ်း ခေတ်စား နေပါတယ်။ အထူးသဖြင့် ရာဇ၀င်
တွင်တဲ့ တကယ့် ဖြစ်ရပ်မှန် တွေကို ဇာတ်လမ်း ဆင်ရိုက် ထားတဲ့ The Conjuiring
လိုကားမျိုး ဆိုရင် အထူး နာမည်ကြီး ပါတယ်။ အခု ဆောင်းပါး မှာလည်း ရာဇ၀င်
တွင်တဲ့ သရဲမ အကြောင်းကိုမိတ် ဆက်ပေးပါရစေ။နှစ်ပေါင်း ရာချီကြာ ခဲ့ပေမယ့်
အခုထိ လူသိများ ထင်ရှားနေတဲ့ Bloody Mary ပါပဲ။
ဒီ Bloody Mary ပုံပြင်ကို စပြော ရရင်တော့ ဟိုရှေးရှေးတုန်းက တောထဲက ကျေးလက်အိမ် သေးသေးလေး တစ်ခုမှာ ဆေးဖက်ဝင် ပစ္စည်း တွေရောင်းတဲ့ ပိန်ခြောက်ခြောက် ရုပ်ဆိုးဆိုး မိန်းမ တစ်ယောက် ရှိပါတယ်တဲ့။ အနီးနား ပတ်ဝန်းကျင်က မြို့သူမြို့သား တွေက သူမကို Bloody Mary လို့ ခေါ်ဝေါ်ကြပြီး သူမဟာ စုန်းမ တစ်ယောက် ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။ အဲဒါကြောင့်လည်း စုန်းအတတ်နဲ့ ဖမ်းစား ခံရမှာ ကြောက်တဲ့ လူတွေဟာ သူမရဲ့ စုန်းအတတ်နဲ့ သူတို့နွား တွေကို သေကြေအောင်၊ စားနပ်ရိက္ခာ တွေကို ဆောင်းမရောက်ခင် ပုပ်သိုး သွားအောင်၊ ကလေးတွေ အဖျားအနာ ကြီးကြီး ရအောင် စတာတွေ လုပ်မှာ စိုးတာကြောင့် သူမရဲ့ရှေ့ကနေ ဒါမှမဟုတ် မြင်ကွင်း ထဲကနေ ဖြတ်သန်း မသွားရဲ ကြပါဘူး။
ဒီ Bloody Mary ပုံပြင်ကို စပြော ရရင်တော့ ဟိုရှေးရှေးတုန်းက တောထဲက ကျေးလက်အိမ် သေးသေးလေး တစ်ခုမှာ ဆေးဖက်ဝင် ပစ္စည်း တွေရောင်းတဲ့ ပိန်ခြောက်ခြောက် ရုပ်ဆိုးဆိုး မိန်းမ တစ်ယောက် ရှိပါတယ်တဲ့။ အနီးနား ပတ်ဝန်းကျင်က မြို့သူမြို့သား တွေက သူမကို Bloody Mary လို့ ခေါ်ဝေါ်ကြပြီး သူမဟာ စုန်းမ တစ်ယောက် ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။ အဲဒါကြောင့်လည်း စုန်းအတတ်နဲ့ ဖမ်းစား ခံရမှာ ကြောက်တဲ့ လူတွေဟာ သူမရဲ့ စုန်းအတတ်နဲ့ သူတို့နွား တွေကို သေကြေအောင်၊ စားနပ်ရိက္ခာ တွေကို ဆောင်းမရောက်ခင် ပုပ်သိုး သွားအောင်၊ ကလေးတွေ အဖျားအနာ ကြီးကြီး ရအောင် စတာတွေ လုပ်မှာ စိုးတာကြောင့် သူမရဲ့ရှေ့ကနေ ဒါမှမဟုတ် မြင်ကွင်း ထဲကနေ ဖြတ်သန်း မသွားရဲ ကြပါဘူး။

ဒီလို
နေထိုင်ရင်း တစ်ချိန် မှာတော့ တောအုပ်နဲ့ အနီးနားက ရွာတစ်ရွာမှာ
အသက်ငယ်ငယ် ကလေးမ လေးတွေ ပျောက်ပျောက် သွားတတ်တဲ့ အဖြစ်မျိုးတွေ ကြုံလာ
ရပါတယ်။ ကလေး ပျောက်ရှာတဲ့ မိသားစု တွေဟာ နီးစပ်ရာ သစ်တောတွေ၊
အဆောက်အဦးတွေ၊ စပါးရုံ တွေကို ရှာပေမယ့် အစအန တောင် ရှာမတွေ့ ပါဘူး။
Bloody Mary ကိုမသင်္ကာတဲ့ ရဲရင့်တဲ့ လူတချို့ ကတော့ သူမအိမ်ကို သွားပြီး
ပျောက်သွားတဲ့ ကလေးမတွေ အကြောင်း မေးပေမယ့် သူမကတော့ မသိကြောင်း ငြင်းဆို
ပါတယ်။ အဲဒီအချိန်မှာ သူမဟာ နဂိုထက် နပျိုလှပ နေတာကို သတိထား မိခဲ့ကြ
ပါတယ်။ သူမနဲ့ အနီးဆုံး နေရာမှာ နေထိုင်ကြ တဲ့သူတွေက သူမကို သံသယနဲ့
စောင့်ကြည့် ခဲ့ပေမယ့် ဘာသံသယ ဖြစ်စရာမှ မတွေ့ခဲ့ ကြပါဘူး။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး လာရင်း သူမဟာ ကံစီမံရာ နာခံရမယ့် တစ်နေ့ကို ရောက်ရှိ လာပါတော့တယ်။ တစ်ည မှာတော့ Miller မိသားစုက သမီးငယ်ဟာ သူကလွဲပြီး ဘယ်သူမှ မကြားနိုင်တဲ့ ခေါ်သံကို နားစွင့်ရင်း အိပ်ယာကနေ အပြင်ကို လျှောက်မိ နေပါတယ်။ အဲဒီ အချိန်မှာ သွားကိုက် ဝေဒနာ ခံစား နေရလို့ ဆေးတစ်ခုခုနဲ့ ကုဖို့ ထလာတဲ့ Miller မိသားစုက အမေ ဖြစ်သူဟာ သမီးဖြစ်သူကို တွေ့မြင်ခဲ့ ပါတယ်။ အဲဒီနောက် ရုတ်တရက် ခင်ပွန်း ဖြစ်သူကို အော်ခေါ်လိုက်ပြီး နှစ်ယောက် စလုံးဟာ သမီးဖြစ်သူကို မသွားအောင် လိုက်လံ တားမြစ် ပေမယ့် ချုပ်နှောင်ထဲက လွတ်အောင် ထွက်သွားပြီး မြင်ကွင်း ရှေ့က ပျောက်သွား ပါတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်တွေ ကြုံနေခိုက် ဆူဆူညံညံ အသံ တွေကြောင့် နိုးလာကြတဲ့ အိမ်နီးချင်း တွေဟာ သူတို့ လင်မယားကို ကူညီဖို့ တဖွဲဖွဲ ရောက်လာ ပါတယ်။

သူတို့တွေ
စုစုရုံးရုံးနဲ့ ကလေးမကို ရှာဖွေ နေတုန်း လယ်သမား တစ်ယောက်ဟာ တောအုပ်စွန်း
တစ်ခုမှာ ထူးထူး ဆန်းဆန်း အလင်းရောင် တစ်ခုကို မြင်လိုက် ရတယ် ဆိုပြီး
ရှာဖွေသူ အပေါင်းကို အော်ဟစ် အသိပေးကာ လူတချို့ နဲ့အတူ သွားရောက် ရှာဖွေကြ
တဲ့အခါမှာ ၀က်သစ်ချပင်အို အနားမှာ ရပ်နေပြီး မှော်နှင်တံ တစ်ခုနဲ့ Miller
မိသားစုအိမ် ရှိရာဘက်ကို ညွှန်ထားတဲ့ Bloody Mary ကိုတွေ့လိုက် ရပါတယ်။
တစ်ဆက် တည်းမှာပဲ သူမဟာ သဘာဝ မဆန်တဲ့ အလင်းရောင် တွေနဲ့ တောက်ပ လာပြီး
Miller မိသားစုက ကလေးမကို စုန်းအတတ် ပညာတစ်ခု ထုတ်သုံး လိုက်ပါတယ်။ အဲဒီ
အဖြစ်အပျက်ကို အစအဆုံး တွေ့လိုက် ရတဲ့ အနီးအနားက ရှာဖွေရေး သမားတွေဟာရရာ
လက်နက် တွေနဲ့ သူမဆီကို ပြေးသွား ကြတာကြောင့် သူမကတော့ ထုတ်သုံး နေတဲ့
စုန်းအတတ်ကို ရုတ်သိမ်းပြီး ရုတ်တရက် သစ်တောထဲ ထွက်ပြေး သွားပါတယ်။
ဒါပေမယ့် သမီးဖြစ်သူ အလားတူ အန္တရာယ်မျိုး မကြုံအောင် ငွေကျည်ဆံ တွေနဲ့
သေနတ်ကို အမြဲဆောင် ထားတဲ့ လယ်သမား တစ်ယောက်က လျင်လျင်မြန်မြန်ပဲ Bloody
Mary ရဲ့နောက်ကျော တင်ပါးကို ထိအောင် ပစ်လိုက်ပြီး သူမဟာ ဆက်မပြေးနိုင်ဘဲ
မြေပေါ်ကို လဲကျသွား ပါတယ်။

အဲဒီအချိန်မှာ ဒေါသထွက် နေကြတဲ့ ရှာဖွေသူ တွေဟာ သူမကို ကွင်းပြင် တစ်ခုမှာ မီးပုံအကြီးကြီး ဖန်တီးပြီး မီးရှို့ပစ် ခဲ့ပါတယ်။ သူမကတော့ မသေခင်မှာ ရွာသားတွေ အတွက် ကျိန်စာတိုက် ခဲ့ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် မှန်ရှေ့မှာ သူမနာမည်ကို ခပ်ကျယ်ကျယ် ခေါ်ဆိုမိရင် သူမရဲ့ ၀ိညာဉ်နဲ့ အသေဆိုးနဲ့ သေအောင် သတ်ပစ်မယ်လို့ ကျိန်စာတိုက် သွားခဲ့ပါတယ်။ သူမသေသွားတဲ့ အခါမှာ ရွာသားတွေဟာ တောထဲက သူမအိမ်ကို ၀င်ရောက် ရှာဖွေကြရာ တစ်ချိန်က ပျောက်သွားတဲ့ ကလေးမ တွေရဲ့ အုတ်ဂူတွေကို တွေ့လိုက် ရပါတယ်။ ယုံကြည်ကြတာ ကတော့ Bloody Mary ဟာကလေးမ တွေရဲ့ သွေးကို သုံးပြီး နုပျိုအောင် လုပ်ပါတယ်တဲ့။ အဲဒီကာလ ကစပြီး အခု အချိန်အထိ သူမ နာမည်ကို မှန်ရှေ့မှာ သုံးခါတိတိ ခေါ်တိုင်း သူမရဲ့ စုန်းဝိညာဉ် ထွက်ပေါ် လာပြီး ခေါ်ဆိုသူကို အပိုင်းပိုင်း အစိတ်စိတ် ခွဲပစ်၊ ၀ိညာဉ်ကိုလည်း အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်ကာ သူမ မီးရှို့ခံ ရတဲ့ နေရာမှာ မီးလောင် ကျွမ်းခံရင်း မှန်ထဲမှာပဲ ထာဝရ ပိတ်ထားမယ်ဆိုတဲ့ ယုံကြည်မှုဟာ တည်မြဲနေ ပါတော့တယ်။

Bloody
Mary လိုမျိုး ပုံပြင် ရာဇ၀င်ရှိတဲ့ သရဲဇာတ်ကောင်တွေ အများကြီး
ရှိပါသေးတယ်။ ယုံကြည်တယ်၊ မယုံကြည်ဘူး ဆိုတာ ကတော့ စာဖတ်သူရဲ့ စိတ်ပေါ်မှာပဲ
မူတည်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ တခြားဇာတ်လမ်း တွေကိုလည်း
လာမှာဆိုတော့ စောင့်မျှော် ကြပါဦးလို့ နှိုးဆော်ရင်း နိဂုံးချုပ်
အပ်ပါတယ်ဗျာ။

Paing Hmu Ko ပာာ Anime, Manga တွေကို ကြိုက်နှစ်သက်သူ ဖြစ်ပြီး သမိုင်းရေးရာ ကိုလည်း စိတ်ပါဝင် စားပါတယ်။ စာရေးတာပာာ ဝါသနာ တွေထဲက တစ်ခုမို့လို MYMHOT အတွက် အံဝင် တဲ့လူငယ် တစ်ယောက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Email | Facebook |
www.mymclub.net
Related posts
Share this post
0 comments: