Samsung Galaxy S4 သမားများသိစေရန် အရေးကြီးပါတယ် ။

Posted in
No comments
Wednesday 23 October 2013 By htwe naing

Samsung Galaxy S4 သမားများသိစေရန်

အခုလက်ရှိတွင် Official Firmwares Version 4.3 အဆင့်တွေ 4 နိုင်ငံထွက်ရှိလို့လာပါပြီ ။
တစ်ချို့နိုင်ငံတွေက မြန်မာဖောင့်ပါဝင်ပါတယ် ။ မြန်မာစာမှန်ပေမယ့်လဲ အနည်းငယ်ပြသနာရှိနေပါတယ် ။

အရင်ဆုံး Official ထွက်ခဲ့တဲ့ Russia ဖန်ဝဲ 4.3 ကို တင်ပြီးသူများကလဲ မြန်မာဖောင့်တစ်ခါထဲပါဝင်လာတဲ့ Vietnam ဖန်ဝဲကို မတင်ကြပါနဲ့ဦး ။
ဖန်ဝဲက မြန်မာစာပါပါ မပါပါ ကိုယ်တိုင်ပဲထည့်ထည့် ( -ျ ) တွေက ပုံထဲကအတိုင်း စာလုံးရဲ့အလည်နားကို ရောက်နေတာကြီးပါပဲ ။

အဲကြတော့ ဘယ်ဖန်ဝဲပဲ တင်တင် ( -ျ ) ကို မလွဲအောင် Root လုပ်ပြီး Smart Zawgyi နဲ့ ပြန်သွင်းရမှာကြီးပါပဲ ။

အဲတာကြောင့် မြန်မာ Language ပါတဲ့ ထိုင်းနိုင်ငံ 4.3 ထွက်လာမှာကိုပဲ စောင့်ကြပါလို့ပြောချင်ပါတယ် ။ ထိုင်းဖန်ဝဲ 4.3 ထွက်လာခဲ့ရင် Language ပါပါဝင်ပြီးသားဖြစ်တဲ့အတွက် စာမှန်ဖို့များပါတယ် ။ Language ပါတဲ့ဖန်ဝဲဟာ ထိုင်းနိုင်ငံသာအရင်ဆုံးထွက်လာဖို့ပဲရှိပါတယ် ။

အနိမ့်ပြန်ဆင်းလို့မရတဲ့ 4.3 ကိုမက်ပြီး ဖန်ဝဲတင်ရင် သင်ဘာတွေဆုံးရှံးမလဲ ။

Android Version 4.3 တင်ပြီးသွားရင် 4.2.2 ကို ပြန်ဆင်းလို့မရပါဘူး ဆင်းရင် SIM Card ကိုမသိပါဘူး  4.3 နဲ့သုံးမှ SIM Card ကိုသိတော့မှာပါ ။ 

မြန်မာစာပါဝင်ပြီးသားဖြစ်ပေမယ့်လဲ ( -ျ ) တွေချော်နေတဲ့အတွက်ကြောင့် Root လုပ်ကာ Smart Zawgyi ဖောင့်ကို သွင်းရပါမယ် ။ Root လုပ်တဲ့အတွက် သင့်ဖုန်းအာမခံပျက်ပျယ်သွားပါမယ် ။ Smart Zawgyi  သုံးတဲ့အတွက် မြန်မာစာကိုတည့်သွားစေပေမယ့် ထိုင်းဖောင့်ပျောက်ပါမယ် ထိုင်းဖောင့်တွေကို မမြင်ရတော့ပါဘူး ။

ဒါကြောင့် မြန်မာစာပါဝင် Language ပါပြီးမှန်တဲ့ မှန်တဲ့ 4.2.2 နဲ့သာ နေကြပါဦးလို့ ။

@@ အကယ်၍ ထိုင်းနိုင်ငံဖန်ဝဲ 4.3 ထွက်ခဲ့ရင် ကျနော့်ကိုပြောပါ စာမှန်မမှန် ကျနော်စမ်းပြီး တင်ပေးပါ့မယ် https://www.facebook.com/djjoe.man.7

အားလုံးပဲ အဆင်ပြေကြပါစေ..... :)
www.freemobilesharing.blogspot.com

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။