Avatar Land Coming to Disney's Animal Kingdom

Posted in
No comments
Wednesday 16 October 2013 By htwe naing

Avatar Land Artist Concept

James Cameron ရဲ့ Avatar ဇာတ်ကားထဲက Pandora ဂြိုလ်ကြီးရဲ့ ရှုမျှော်ခင်း တွေကို ပုံစံယူပြီး  “Avatar Land” ကို အမေရိကန်နိုင်ငံ Florida ပြည်နယ် မှာရှိတဲ့ Disney ရဲ့ Animal Kingdom မှာဖွင့်လှစ် ပြသတော့မှာ ဖြစ်ပါတယ်။
၂၀၀၉ တုန်းက ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ James Cameron ရဲ့ Avatar ဇာတ်ကားထဲက ဒဏ္ဍာရီ ဆန်ဆန် အံ့ဖွယ် Pandora ဂြိုလ်ကြီးရဲ့ ရှု မျှော်ခင်း တွေကို ပုံစံယူပြီး ကမ္ဘာတုလေး တစ်ခု အနေနဲု့ ဖန်တီး ယူပြီး Disney’s Land မှာထား အုံးမယ်လို့ သိရပါတယ်။ ရင်သက် ရှုမောဖွယ် ကောင်းတဲ့ Pandora ကမ္ဘာလေးကို အပြင် လောကမှာ သက်ဝင် လှုပ်ရှား စေမယ့် အစီအစဉ် တစ်ခုကို Lightstorm Entertainment နဲ့အတူ ဒါရိုက်တာကြီး James Cameron ကိုယ်တိုင် ပူးပေါင်း ပါဝင် အကောင်အထည် ဖော်နေတဲ့ သတင်းကိုတော့ လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက် ကတည်းက Disney ကနေ ထုတ်ပြန် ခဲ့တာပါ။ “Avatar Land” ကိုအမေရိ ကန်နိုင်ငံ Florida ပြည်နယ် မှာရှိတဲ့ Disney ရဲ့ Animal Kingdom မှာ အများပြည်သူ လည်ပတ်စရာ နေရာအဖြစ် ၂၀၁၇ မှာအပြီးသတ် ဖွင့်လှစ် ပြသတော့မှာ ဖြစ်ပါတယ်။ “Avatar Land” တည်ဆောက် ထားရှိမယ့် အကြိုပုံစံ Concept ဓာတ်ပုံ တွေကိုတော့ ဒီအပတ် ထဲမှာ Japan နိုင်ငံမှာ ကျင်းပသွား ခဲ့တဲ့ D23 Expo ပွဲမှာ ပထမဆုံး အ ကြိမ်အဖြစ် အရိပ်အမြွက် အနေနဲ့ ပြသခဲ့ပြီး Walt Disney Parks and Resorts ရဲ့ဥက္ကဌ ဖြစ်သူ Tom Staggs ကနေ အခုလို ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ်။"ကျွန်တော်တို့ အဖွဲ့ဟာ Pandora စိတ်ကူးယဉ် ကမ္ဘာကို တကယ့် နေရာတစ်ခု အဖြစ် ဧည့်သည်တွေ မြင်နိုင်၊ ကြားနိုင်၊ ထိတွေ့နိုင် ဖို့ရည် သန်ပြီး “Imagineering” ဆိုတဲ့ Motto အတိုင်း စိတ်ကူး တွေကို လက်တွေ့ ပြောင်းလဲတဲ့ နေရာမှာ တော်တော်လေး ခရီးရောက် နေပြီလို့ပြော ရမှာပါ။ ဒီ Concept လေးအကောင် အထည်ပေါ်ပြီး တခမ်းတနား တင်ဆက်နိုင် ချိန်မှာတော့ ဧည့်သည်တွေ အနေနဲ့ AVATOR ကမ္ဘာလေး ထဲက အံ့ချီးဘနန်း တောင်ပျံကြီး တွေကို တွေ့မြင်နိုင် တော့မှာ ဖြစ်သလို၊ ညဘက်မှာဆို သက်ဝင် လှုပ်ရှားပြီး အလင်းနဲ့အသံ တွေထုတ်လွှတ် တတ်တဲ့ “Bioluminescent” အပင်လေး တွေအုံ့ဆိုင်း နေတဲ့ တောအုပ်လေး ထဲကို လှည့်လည် ကြည့်ရှုနိုင် အုံးမယ့်အပြင်၊ ဒီဇာတ်ကားရဲ့ အ ထင်ကရ လို့ပြောနိုင်တဲ့ Banshee သတ္တ၀ါကြီး တွေကို စီးပြီး ဝေဟင်ထက်မှာ ၀ဲပျံရတဲ့ ရသမျိုး ကိုပါခံစား နိုင်တော့မှာပါ။" "ဒီဥယျာဉ်ရဲ့ သမိုင်း တစ်လျှောက်မှာ အကြီးမားဆုံး ချဲ့ထွင်သွားမယ့် ကဏ္ဍလေး တွေလဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ထပ်ဖြည့်သွားမယ့် ဖျော်ဖြေရေး အစီအ စဉ်လေး တွေကတော့ ညချမ်း အချိန်တွေ တခမ်းတနား လေးဖြစ်သွားအောင် မြူးကြွတဲ့ တေးသံတွေ၊ မီးပုံး မျှောပွဲတွေ၊ ရေပန်း ပုံရိပ်ဖော် ပြကွက် တွေအပြင် ဟိုဒီယိမ်းနွဲ့ နေမယ့် တိရိစ္ဆာန် ရုပ်ပုံပြကွက် လေးတွေကို ပေါင်းစည်းပြီး Discovery မြစ်ဘက်မှာ တင်ဆက် ပြသမှာ ဖြစ်ပြီး ဧည့်သည်တွေ သေချာပေါက် နှစ်ခြိုက်မယ့် ပွဲလေးတစ်ခု ဖြစ်လာမယ့် အပြင်၊ Disney ရဲ့ Animal Kingdom မှာတင် တစ်နေ့တာ အချိန်ကုန်ဆုံး တဲ့အထိ အပန်းဖြေ နိုင်အောင်စီစဉ်ထား မှာပါ။ နောက်ပြီး ညချမ်းရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ အဖြစ် Discovery Island ပေါ်က မြူးကြွတဲ့ ဖျော်ဖြေမှု တွေအပြင်၊ Kilimanjaro Safari ကိုလည်း ညပိုင်း အတွက် သီးသန့် ကဏ္ဍသစ် အနေနဲ့ မိတ်ဆက်ပေး အုံးမယ်" ဆိုတဲ့အကြောင်း ကိုလည်း ထပ်ဆောင်း ပြောပြသွားခဲ့ပါတယ်။Avatar Land Artist ConceptAvatar ကို Theme အဖြစ် ယူထားတဲ့ ကျေးရွာ လေးဟာ  Africa တောအုပ်နဲ့ Oasis နယ်မြေတို့ အကြားမှာဘဲ တည်ရှိမှာ ဖြစ်ပြီး၊ လက်ရှိ Camp Minnie-Mickey လို့အမည် ရတဲ့ နေရာကို ကျော်လွန် ဖုံးအုပ်တဲ့ အထိ ချဲ့ထွင် သွားမယ် လို့သိရပြီး၊ The Lion King ဇာတ်ကား အခြေ ခံ ပွဲတော်တစ်ခု ဖြစ်တဲ့ မျိုးနွယ်စု အောင်ပွဲခံ ပုံပြကွက် တွေကိုတော့ ဥယျာဉ် ထဲက Africa နယ်မြေမှာ ထားမယ့် ဇာတ်ခုံ အသစ်ဆီကို ပြောင်း ရွှေ့ တင်ဆက် သွားမယ်လို့ သိရပါတယ်။ “အကယ်၍သင် Avatar Land သွားတဲ့အခါ အပြာရောင် အသားအရေ ပိုင်ရှင် Navi’ မျိုးနွယ်စုတွေ ကိုပါ တွေ့နိုင် မလား ဆိုတာကိုတော့ ထည့်မ ပြောပြသွား ပါဘူး။”
Avatar Land Artist Concept

Avatar Land
www.mymclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။