မိမိရဲ့ Android Phone ကို IP Camer အဖြစ်အသုံးပြုပြီး WiFi စနစ်ဖြင့် မိမိရဲ့ ကွန်ပြူတာကိုချိတ်ဆက်ပြီး အပျော်တမ်း မိမိ အိမ်/ဆိုင် ရဲ့လုံခြုံရေးကိုစောင့်ကြည့်ရအောင်….
Posted in Android
No comments
Friday, 18 October 2013 By htwe naing
မိမိရဲ့ Android Phone ကို IP Camer အဖြစ်အသုံးပြုပြီး WiFi စနစ်ဖြင့် မိမိရဲ့ ကွန်ပြူတာကိုချိတ်ဆက်ပြီး
အပျော်တမ်း မိမိ အိမ်/ဆိုင် ရဲ့လုံခြုံရေးကိုစောင့်ကြည့်ရအောင်….
အောက်ပါ Software များကို download လုပ်ပါ။
IP-Webcam For Phone ကိုယူရန်
webcam 7 For PC ကိုယူရန်
ဒေါင်းပြီးရလာတဲ့ zip files များကို extract လုပ်၍ IP-Webcam ကို Phone တွင် install လုပ်ပါ။
webcam 7 ကို PC တွင် install လုပ်ပါ။
1 မိမိရဲ့ဖုန်း Setting --> More --> Tethering & portable hotspot --> Portable WLAN hotspot ကိုအမှန်ပေးပါ။
Configure WLAN hotspot တွင် Network SSID နေရာတွင် မိမိကြိုက်နှစ်သက်ရာနာမည်တစ်ခုကိုပေးပါ။ Security နေရာတွင် open ထား၍ Save လုပ်ပါ။
2 မိမိ PC ရဲ့ wifi တွင် Network SSID နေရာပေးထားသောနာမည်ဖြင့် တက်လာသောလိုင်းကို connect လုပ်ပါ။
3 မိမိရဲ့ ဖုန်းမှ IP-Webcam ဖွင့်၍ အောက်ပါပုံအတိုင်းပြုလုပ်ပြီး Start Server ကိုနှိပ်ပါ။

IPv4 : http://192.168.43.1:8080 မိမိရဲ့ ဖုန်းမှ ပေါ်လာသော ip address နှင့် port ကိုမှတ်ထားပါ။
4 မိမိရဲ့ PC မှ webcam 7 ကိုဖွင့်၍ Monitor နေရာတွင် right click ကိုနှိပ်
၍ Network Cameras--> Connect --> Android Phones -->IP webcam
--> Next ကိုနှိပ်ပါ။
Hostname or IP address နေရာတွင် ဖုန်း IPv4 တွင်ပေါ်လာသော IP address
ကိုရိုက်ထည့်ပါ။ Max Frame Rate တွင် 5 ကိုရွေးပါ။ Output Resolution တွင်
800-600 ကိုရွေးပြီး ok ကိုနှိပ်ပါ။Source Selection တွင်ပေါ်နေသော Monitor ကို left click ဖြင့်တစ်ချိတ်နှိပ်ပါ။
အောက်ပါပုံအတိုင်း မိမိဖုန်းမှ ပုံရိပ်ကို pc တွင်မြင်တွေ့ရမှာဖြစ်ပါတယ်။
အားလုံးဘဲအဆင်ပြေကြပါစေခင်ဗျာ....
ထီလာမိုဘိုင်း (group)
Related posts
Share this post
0 comments: