Apple Event Introduce New Products

Posted in
No comments
Thursday 24 October 2013 By htwe naing


Apple Event Introduces Products
“We still have a lot to cover” ဆိုတဲ့ စာတန်းနဲ့ အတူ ဖိတ်ကြား ခဲ့တဲ့ Apple ကဒီနေ့ ပစ္စည်းအသစ် မိတ်ဆက်ပွဲမှာ ဘာတွေ ပြသခဲ့ သလဲ ဆိုတာ ဖတ်ကြည့်ပါဦး။
Apple ကပစ္စည်းအသစ် တွေကို ဒီနေ့မှာ ထပ်မံ ထုတ်ဖော် ပြသလိုက် ပါပြီ။ “We still have a lot to cover” ဆိုတဲ့ စာတန်းနဲ့ အတူ ဖိတ်ကြားခဲ့တာ ဆိုတော့ သတင်းကြီး နေတဲ့ new iPads, MacBook Pros, Macs နဲ့အတူ ဘာတွေကို ထပ်ပြီး ပြသခဲ့ သလဲ ဆိုတာ ဖတ်ကြည့် ပါဦး။
ပထမဆုံး Apple ကသူ့ရဲ့ ကိန်းဂဏန်း အချက်အလက် တွေကို တင်ပြသွား ခဲ့ပါတယ်။ Apple က iPhone တွေကို ထုတ်ပြီး တစ်ပတ် အတွင်းမှာ ၉မီလီယံ အထိ ရောင်းချခဲ့ ရပြီး ရောင်းအား စံချိန်သစ် တင်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ iOS7 ကို devices ပေါင်း 200 မီလီယံမှာ အသုံးပြု နေပါပြီတဲ့။ iTunes Radio ကိုနားထောင်သူပေါင်း 20 million ကျော်ရှိပြီး သီချင်းပေါင်း ၁ဘီလီယံလောက် နားထောင်ခဲ့ ကြပါတယ်။ App Store မှာလည်း app ပေါင်း ၁၀သိန်း လောက်ရှိနေပြီး download အကြိမ်ပေါင်း ၆၀ဘီလီယံလောက် ရှိနေပါပြီတဲ့။ iPad ပေါင်း ၁၇၀မီလီယံ လောက်ရောင်းချ ခဲ့ရပြီး ပါပြီတဲ့။ ဒီနေ့ မိတ်ဆက်ခဲ့တဲ့ ပစ္စည်းတွေ အကြောင်း ဆက်ကြည့်လိုက် ရအောင်။



iPad Air
5th Generation iPad ကို iPad Air လို့နာမည်ပေး ထားပြီး 7.5 mm ပဲရှိတာမို့ ရှေ့က generation ထက်၂၀ရာခိုင်နှုန်း ပိုမိုပါးလွှာ ပါတယ်။ အလေးချိန် အားဖြင့် ၁ပေါင်ပဲ ရှိပြီး လက်ရှိ ဆိုဒ်ကြီး tablet တွေထဲမှာ အပါးလွှာဆုံး၊ အပေါ့ပါးဆုံးပါ။ iPad mini ရဲ့ပုံစံကိုပဲ ယူထားတာ ဖြစ်ပြီး အစွန်းမှာ aluminum ပြားနဲ့ ပတ်ထားပြီး 2048 x 1536 resolution Retina display ရှိပါတယ်။ အရှေ့မှာ FaceTime ကင်မရာ ပါပြီး အနောက် မှာတော့ 5 megapixel shooter ပါဝင်ပြီး tablet တွေမှာ ပထမဆုံး အကြိမ်အဖြစ် dual microphone ပါပါဝင် လာပါတယ်။ i5s မှာသုံးထားတဲ့ 64-bit A7 processor၊ M7 motion processor ပါဝင်လာပြီး performance အနေနဲ့ ၈ဆပိုမြန် လာပြီး graphic အနေနဲ့ 72ဆ ပိုမိုသာလွန် ကောင်းမွန် လာပါတယ်တဲ့။ ဘတ်ထရီက ၁၀နာရီကြာ အသုံးပြုလို့ ရပြီး 16GB, 32GB, 64GB, 128GB လေးမျိုး လာပြီး အရောင် အနေနဲ့ White/Silver နဲ့ Space Gray/Black နှစ်ရောင် လာမှာပါ။ ဈေးကတော့ wifi only ဆို $499 ကစပြီး cellular ဆိုရင် $629 ကစ ပါတယ်။
Apple Event Introduces ProductsApple Event Introduces Products
Apple Event Introduces Products
Apple ရဲ့ iPhotos ကအသွင်သစ် ပြောင်းလိုက်တဲ့ iPad ကြောင့်အမြင် တစ်မျိုးဆန်း တော့မှာပါ။ iMovie ကိုလည်း ပြန်ဒီဇိုင်း လုပ်ထားပြီး editing ပိုင်းကို ပိုဇောင်းပေး ထားပါ တယ်တဲ့။ iMovie Theater ကတော့ သင့်ကို ရုပ်ရှင်တွေ၊ trailer တွေကို တစ်နေရာ တည်းမှာ သိမ်းဆည်း ခွင့် ပေးထားပြီး iCloud နဲ့ back up ထားပေး ထားပါတယ်။



iPad mini with Retina
မနှစ်က စထုတ်ကတည်းက iPad mini ကခေတ်စား ခဲ့ပါတယ်။ အခု ထပ်တိုး လာတာက Retina Display ပါ။ 2048 x 1536 resolution screen, A7 chip, CPU လုပ်ဆောင် ချက် ၄ဆ ပိုမြန်ဆန် လာပြီး graphic က၈ဆ ပိုမြန်လာ ပါတယ်။ display ကြောင့်ပါဝါ ပိုစား ပေမယ့် လည်း ဘတ်ထရီက ၁၀နာရီထိ ခံပါတယ်။ ဈေးနှုန်း ကတော့ $399 ကစပါတယ်။ အရင် Original iPad mini ကတော့ $299 က စပါတယ်။ holiday season အမှီ ရမယ်လို့ပဲ ပြောထားပြီး အချိန်တော့ မသိရ သေးပါဘူး။
Apple Event Introduces ProductsMacBook Pro and MacBook Pro with Retina
နောက်ဆုံးပေါ် Intel Haswell processor၊ ဘတ်ထရီ ၈-၉နာရီ အသုံးခံပြီး graphic ပိုင်းက ပိုမို ကောင်းမွန် လာပါတယ်။ ဒီနေ့က စပြီး နှစ်မျိုးလုံးကို $1,299 နဲ့ $1,999 နဲ့ဝယ်ယူလို့ ရပါပြီ။ MacBook Air က၁၃လက်မ၊ ၃.၅ပေါင်၊ ၀.၇၁လက်မ အထူနဲ့ 2.5GHz dual core i5, 4GB of RAM, 128GB of storage and the Intel Iris graphics chip တွေပါဝင် ပါတယ်။ MacBook Pro with Retina ကတော့ ၁၅လက်မ၊ a quad core processor၊ Intel Iris Pro graphics၊ 2.0GHz quad core i7, 8GB of RAM, 256GB of storage ပါဝင် ပါတယ်။


MacBook Pro and MacBook Pro with Retina
နောက်ဆုံးပေါ် Intel Haswell processor၊ ဘတ်ထရီ ၈-၉နာရီ အသုံးခံပြီး graphic ပိုင်းက ပိုမို ကောင်းမွန် လာပါတယ်။ ဒီနေ့က စပြီး နှစ်မျိုးလုံးကို $1,299 နဲ့ $1,999 နဲ့ဝယ်ယူလို့ ရပါပြီ။ MacBook Air က၁၃လက်မ၊ ၃.၅ပေါင်၊ ၀.၇၁လက်မ အထူနဲ့ 2.5GHz dual core i5, 4GB of RAM, 128GB of storage and the Intel Iris graphics chip တွေပါဝင် ပါတယ်။ MacBook Pro with Retina ကတော့ ၁၅လက်မ၊ a quad core processor၊ Intel Iris Pro graphics၊ 2.0GHz quad core i7, 8GB of RAM, 256GB of storage ပါဝင် ပါတယ်။



Apple Event Introduces Products

Apple Event Introduces Products

Mac Pro
Mac Pro အသစ် ကတော့ ဒီဇင်ဘာမှာ စ၀ယ်လို့ ရတော့မှာ ဖြစ်ပြီး 3.7GHz quad-core Xeon, 12GB RAM, dual FirePro D300s, နဲ့ 256GB SSD ပါဝင်ပြီး ဈေးနှုန်းက $2,999 သတ်မှတ် ထားပါတယ်။ ဆလင်ဒါ ပုံစံရှိပြီး အသံလုံးဝ ငြိမ်ပါ တယ်တဲ့။ Intel Xeon E5 CPU၊ AMD FirePro graphics cards၊ super-fast solid-state storage drives နဲ့ Thunderbolt 2 ports တွေနဲ့ တည်ဆောက် ထားပါတယ်။ Operating System အသစ် OS X Mavericks ကိုဒီနေ့က စပြီး free ပေးတော့ မှာပါ။

Apple Event Introduces Products

ဒီနေ့ မိတ်ဆက် ပေးခဲ့တဲ့ ပစ္စည်း တွေကတော့ ဒီလောက်ပါပဲ။ လာမယ့် holiday season အမှီ လူတွေကို ၀ယ်စရာ ရှိအောင် apple ကတော့ လုပ်ဆောင် ပေးထား ပြီးပါပြီ။ 

အာလူး 
www.mymclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။