10 Noblest Nobel Prize Winners

Posted in
No comments
Monday 14 October 2013 By htwe naing

Noble နိုဘယ်လ်ဆု ဆိုတာ ကတော့ ဆွီဒင်လူမျိုး တီထွင်သူ Alfred Nobel ကစတင် ချီးမြှင့်တဲ့ ဆုတစ်ခုပဲ ဖြစ်ပါတယ်။ ဆုရခဲ့တဲ့ သူတွေ ထဲမှာမှ သူများထက် သာတဲ့ Noble ဆုပိုင်ရှင် တွေလည်း ရှိပါတယ်။ ဘယ်သူတွေလဲ။
Noble နိုဘယ်လ်ဆု ဆိုတာ ကတော့ ဆွီဒင်လူမျိုး တီထွင်သူ Alfred Nobel ကစတင် ချီးမြှင့်တဲ့ ဆုတစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ မှာရှိတဲ့ လူသား အကျိုးပြု လုပ်ငန်း တွေမှာ စွမ်းစွမ်းတမံ တီထွင် ဆောင်ရွက် နိုင်တဲ့ ပညာရှင် တွေကို နှစ်စဉ် ရွေးချယ် ချီးမြှင့်တာပါ။ Physics, Chemi stry, Physiology or Medicine, Peace and Economics science ဆိုတဲ့ နယ်ပယ်၆ခု ခွဲခြားပြီး ချီးမြှင့်ပါတယ်။ ပေးအပ်တဲ့ ဆုတွေ ကတော့ ရွှေတံဆိပ် တစ်ခု၊ diploma တစ်ခုနဲ့ ဆုပေးအပ်ရေး ကော်မတီက တွက်ချက် ပေးအပ်တဲ့ ငွေသား ပမာဏ တစ်ခုပါ။ နောက်ဆုံး ပေးအပ်တဲ့ ၂၀၁၂အတွက် ဆုတွေမှာ ငွေသား ပမာဏဟာ ဆုတစ်ဆုစီ အတွက် US$ 1.2 mil ရှိပါတယ်။ ဆုတစ်ခု အတွက် တစ်ဦးထက် ပိုတဲ့ ပူးတွဲ ပေးအပ် မှုတွေ ရှိပေမယ့် သုံးဦးထက် ပိုပြီး ပူးတွဲ မပေးပါဘူး။ စတင်တဲ့ အချိန်ကနေ ခုချိန်ထိ စုစုပေါင်း တစ်ဦးချင်း အနေနဲ့ ၈၃၅ ယောက်နဲ့ အဖွဲ့အစည်း ပေါင်း ၂၁ခုကို ပေးအပ်ထား ပြီးပါပြီ။ ဆုရရှိတဲ့ သူတွေထဲ ကမှ တခြားလူ တွေထက် သာလွန် ထူးချွန်စွာ ရရှိခဲ့တဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ ဘယ်သူတွေ ဆိုတာနဲ့ ဘာအောင်မြင်မှု၊ တီထွင်မှုတွေ လုပ်ဆောင် ခဲ့တယ် ဆိုတာ လေ့လာ ကြည့်ရ အောင်လား။
Albert Einstein
Einstein ဆိုတာ ကတော့ ဘယ်သူလဲ ဆိုတာတောင် မေးစရာ မလိုလောက် ပါဘူး။ သူ့ကို ကမ္ဘာ့သမိုင်းမှာ အထင်ရှား အကျော်ကြားဆုံး သိပ္ပံ ပညာရှင် အဖြစ် ညွှန်းဆို ကြပါတယ်။ Einstein ဟာ ‘photoelectric effect’ လို့ခေါ်တဲ့ atoms တွေပေါ်ကို အလင်းရောင် ကျရောက် စေတဲ့ အခါ electrons တွေထုတ်လွှတ် ပေးတဲ့ ဖြစ်စဉ်ကို ရှာဖွေတွေ့ရှိ ခဲ့တဲ့အတွက် 1921 ခုနှစ်မှာ ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့ ပါတယ်။ အလင်း ဟာ atoms တွေစုပ်ယူ ထုတ်လွှတ်တဲ့ particles အမှုန်လေး တွေနဲ့ ဖွဲ့စည်း ထားတယ် ဆိုတဲ့ တွေ့ရှိချက်ဟာ Einstein ရဲ့မြောက်မြား စွာသော ရှာဖွေ တွေ့ရှိချက် တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အများစု ကြားဖူးကြတဲ့ ( E=mc2 ) matter နဲ့ energy ဟာ တူညီမှု ရှိတယ် ဆိုတာနဲ့ theories of special and general relativity တွေကိုလည်း ရှာဖွေ တွေ့ရှိခဲ့ တဲ့သူ တစ်ယောက်ပါ။

Albert Einstein

Marie Curie & Co.
Marie Curie ဟာဆိုရင် နိုဘယ်ဆုကို နှစ်ကြိမ်တိုင် ရခဲ့တဲ့ ပထမဆုံး သူပဲဖြစ်ပြီး မတူညီတဲ့ နယ်ပယ် နှစ်ခုကနေ ဆုနှစ်ခု ရရှိခဲ့တဲ့ နှစ်ဦးထဲက တစ်ယောက် ဖြစ်ပါတယ်။ သူမနဲ့ သူမရဲ့ ခင်ပွန်း Pierre နဲ့ Henri Becquerel တို့ဟာ radioactivity ကိုရှာဖွေ တွေ့ရှိခဲ့တဲ့ အတွက် 1903 ခုနှစ် အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ပါတယ်။ သူမဟာ elements radium, polonium နဲ့သူတို့ရဲ့ ဂုဏ်သတ္တိ တွေကို ရှာဖွေ တွေ့ရှိခဲ့ တာကြောင့် ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆုကို 1911 မှာထပ်မံ ရရှိခဲ့ ပါတယ်။ သူမအပြင် Curies မျိုးဆက် တွေဟာလည်း နိုဘယ်ဆုတွေ ရရှိခဲ့ ပါသေးတယ်။ Marie တို့ရဲ့ သမီးဖြစ်တဲ့ Irene Joliot-Curie နဲ့ ခင်ပွန်းဖြစ်တဲ့ Frederic တို့ဟာ ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆုကို 1935 ခုမှာ ရ ရှိခဲ့ ပါတယ်။ ဒါ့အပြင် Marie Curie ရဲ့ဒုတိယမြောက် သမီးရဲ့ ခင်ပွန်းဟာ 1965 နိုဘယ် ငြိမ်းချမ်းရေး ဆုကို ရရှိခဲ့တဲ့ UNICEF အဖွဲ့ရဲ့ အ ကြီးအကဲ ဖြစ်ပါတယ်။

Marie Curie

Sir Alexander Fleming & Co.
1965 ခုနှစ် ဆေးဘက် ဆိုင်ရာ နိုဘယ်ဆု ကိုတော့ Sir Alexander Fleming, Ernst Chain နဲ့ Sir Howard Florey တို့က မှိုတစ်မျိုး ဖြစ်တဲ့ penicillin နဲ့သူ့ရဲ့ ပိုးသတ်ဆေး ထုတ်လုပ် ရာမှာ အသုံးဝင်ပုံကို တွေ့ရှိခဲ့ တာကြောင့် ရရှိခဲ့ ပါတယ်။ အများပြော စကား တွေအရ Sir Alexan der ဟာဒီတွေ့ရှိချက်ကို မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်ပြီး မှိုတက်နေတဲ့ ပေါင်မုန့်ကို သူစားပြီးနောက် တွေ့ရှိခဲ့တာလို့ ဆိုကြပါတယ်။ တကယ့် အဖြစ်မှန် ကလည်း သူဟာ ဒီမှိုကို မတော်တဆ အနေနဲ့ တွေ့ရှိခဲ့ တာပါ။ Fleming ဟာ 1928 August မှာခရီး ထွက်ခဲ့ပြီး September လ ဆန်းပိုင်းမှာ သူ့ရဲ့ ဓာတ်ခွဲခန်းကို ပြန်ရောက် တဲ့အခါ bacteria ပါတဲ့ ပန်းကန်ပေါ်မှာ မှိုတစ်မျိုး ပေါက်နေတာကို တွေ့ခဲ့ပါတယ်။ မှိုရဲ့ ဘေး ပတ်ပတ် လည်မှာ ရှိတဲ့ bacteria တွေဟာ ချက်ချင်း ဆိုသလို သေဆုံးကုန်ပြီး မှိုရဲ့အဝေး မှာရှိတဲ့ bacteria တွေကတော့ ဘာမှ မဖြစ် တာကို သူတွေ့ခဲ့ တာပါ။ Fleming ဟာနောက်ဆယ်စုနှစ် တွေကို penicillin လို့သူ အမည် ပေးထားတဲ့ မှိုရဲ့ ပိုးသတ် နိုင်တဲ့ စွမ်းရည်ကို ဆက်လက် စမ်းသပ် ခဲ့ပါတယ်။ Chain နဲ့ Sir Florey ကတော့ Penicillin ရဲ့အသုံးဝင် ပုံကို ဆေးရုံ၊ ဆေးခန်း တွေမှာ လက်တွေ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး သက်သေပြ ခဲ့ပါတယ်။ ဒါ့အပြင် ဆေးကို အမြောက်အမြား ထုတ်လုပ် နိုင်ဖို့ ကြိုးပမ်း ခဲ့ပါတယ်။ Penicillin ဟာဆိုရင် staph infections, scarlet fever, pneumonia, meningitis, diphtheria, syphills နဲ့တခြား ကူးစက်ရောဂါ ပေါင်းများစွာကို ကုသပေး နိုင်ပါတယ်။

Sir Alexander Fleming

Hermann Muller
1946 ခုနှစ်မှာ Hermann Muller လို့ခေါ်တဲ့  အမေရိကန် လူမျိုး တစ်ယောက်ဟာ radiation တွေဟာ mutations လို့ခေါ်တဲ့ မျိုးဗီဇ ဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်စေနိုင် တယ်လို့ ရှာဖွေ တွေ့ရှိခဲ့ တာကြောင့် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့ ပါတယ်။ ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ Mullerဟာ 1920 နှစ်ဦးပိုင်း တွေမှာ အမျိုးမျိုးသော သက်ရှိ တွေပေါ်မှာ X-rays တွေရဲ့ သက်ရောက်မှုကို လေ့လာခဲ့ ပါတယ်။ 1926 ခုနှစ်မှာ တော့ radiation နဲ့ mutations ဟာဆက်နွယ်မှု သေချာပေါက် ရှိနေတာ ဆိုတာကို သူတွေ့ရှိ ခဲ့ပါတယ်။ နောက်နှစ် တွေမှာတော့ Muller ဟာ radiation ရဲ့အန္တရာယ်ကို လူတွေ သတိထား မိလာအောင် မနားမနေ ကြိုးစား ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှု တွေကို နိုဘယ်ဆု ပေးအပ်ရေး ကော် မတီက အသိအမှတ် ပြုခဲ့တဲ့ အပြင် ၁၉၄၅မှာ Hiroshima နဲ့ Nagaski မြို့တွေ အပေါ်မှာ အနုမြူ ဗုံးတွေ ကျဲချအပြီး မှာတော့ လူထု ဟာ nuclear fallout တွေရဲ့ ကျန်းမာရေး အပေါ်မှာ ဆိုးကျိုး သက်ရောက်မှု တွေကို သတိထား မိလာ ကြပါတယ်။ Muller ဟာသူ့ရဲ့ ကျန်ရှိတဲ့ သက်တမ်း တလျှောက်လုံးမှာ နျူကလီးယား လက်နက် စမ်းသပ် တာကို ဆန့်ကျင်ရေးနဲ့ နျူကလီးယား စစ်ပွဲ မဖြစ်အောင် ကြိုးစားရေး တို့မှာ အားသွန် ခွန်စိုက် ကြိုးပမ်း ခဲ့ပါတယ်။

Hermann Muller

Watson, Crick and Wilkins
Francis Crick နဲ့ James Watson တို့ဟာ ဆေးဘက် ဆိုင်ရာ နိုဘယ်ဆုကို 1962 ခုနှစ်မှာ ရရှိခဲ့ပြီး DNA ရဲ့ပုံပန်း သဏ္ဍာန်ကို တွေ့ရှိခဲ့တာ ကြောင့်ပါ။ Maurice Wilkins က ဒီဆုကို သူတို့နဲ့ ပူးတွဲ ရရှိခဲ့ပြီး သူဟာ X-ray crystallography လို့ခေါ်တဲ့ နည်းပညာ ကိုသုံးပြီး DNA မော် လီကျူရဲ့ ပုံသဏ္ဍာန်ကို ပုံထုတ်ခဲ့ကာ Crick တို့ရဲ့ တွေ့ရှိချက် မှန်ကန်ကြောင်း လက်တွေ့ သက်သေ ပြခဲ့တာပါ။ ဒါပေမယ့် ဒီဆု ပေးအပ်တဲ့ အ ပေါ်မှာ အငြင်းပွား မှုတွေ ခုချိန်ထိ ရှိနေဆဲပါ။ Watson နဲ့ Crick တို့ဟာ သူတို့ရဲ့ DNA ပုံသဏ္ဍာန် တွေ့ရှိချက်ကို ဇီဝရူပ ပညာရှင် တစ်ဦး ဖြစ်တဲ့ Rosalind Franklin ရိုက်ကူး ထားတဲ့ DNA တစ်ခုရဲ့ X-ray ပုံကို လေ့လာပြီးမှ တွေ့ရှိခဲ့ တာပါ။ Watson တို့ရဲ့ တွေ့ရှိချက် မတိုင်ခင် ထဲက Franklin ဟာ DNA ရဲ့ပုံသဏ္ဍာန် ပေါ်မှာ စာတမ်း တစ်စောင် ပြုစုခဲ့ ပေမယ့် သူမရဲ့ စာတမ်းဟာ အသိအမှတ် ပြုတာ မခံခဲ့ ရပါဘူး။ ဒါကြောင့် Franklin ဟာ ဒီတွေ့ရှိချက်ကို နိုဘယ်ဆု ပေးအပ်ရေး ကော်မတီထံ တင်သွင်းခွင့် မရခဲ့ ပါဘူး။ Watson, Crick နဲ့ Wilkins တို့က ဒီဆုကို သူမ သေဆုံးပြီး လေးနှစ် အကြာမှာ ရရှိခဲ့ ပါတယ်။

Crick, Watson, Wilkins

The Red Cross
အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ နိုဘယ်ဆုကို အကြိမ်ရေ အများဆုံး ရရှိခဲ့ တာဖြစ်ပြီး 1917ခုနဲ့ 1944ခု ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း သူတို့ရဲ့ လုပ်ဆောင်ချက် တွေကြောင့် နိုဘယ် ငြိမ်းချမ်းရေးဆု ၂ကြိမ်တိတိ ရရှိခဲ့ ပါတယ်။ 1963 ခုနှစ်မှာ တတိယ အကြိမ် နိုဘယ် ငြိမ်းချမ်းရေးဆုကို နိုင်ငံတကာ ကြက်ခြေနီ အသင်း အဖွဲ့တွေနဲ့ အတူတူ ရရှိခဲ့ ပါတယ်။ ကမ္ဘာစစ် တွေအတွင်းမှာ ကြက်ခြေနီ အဖွဲ့ဟာ နိုင်ငံ စုံတို့ရဲ့ သုံ့ပန်း စခန်းတွေကို စောင့်ကြည့် လေ့လာခြင်း၊ ပြည်သူ လူထုကို လိုအပ်တဲ့ အကူအညီများ ပေးအပ်ခြင်း၊ သိန်းပေါင်း များစွာ သော သုံ့ပန်းတွေနဲ့ ပျောက်ဆုံးနေသူ တို့အတွက် သတင်းတွေ ဖြန့်ဝေ ပေးခြင်းတို့ကို လုပ်ဆောင် ခဲ့ပါတယ်။

The Red Cross

Martin Luther King Jr.
Martin Luther King Jr. ဟာအသက် ၃၅နှစ်နဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး အသက် အငယ်ဆုံး ရရှိသူ အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။ သူ ဟာ ဒီဆုကို အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေး ခွဲခြားတာတွေ ပပျောက်အောင် အကြမ်း မဖက်ဘဲ ကြိုးစားခဲ့ တာတွေကြောင့် ရရှိခဲ့ တာပါ။ သူ့ရဲ့ “I Have a Dream” ဆိုတဲ့ မိန့်ခွန်းဟာ လူ့အခွင့်အရေး ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူပြောကြား ခဲ့တဲ့ မိန့်ခွန်းတွေ အများ ကြီး ထဲကမှ တစ်ခု ဖြစ်ပါတယ်။

Martin Luther King Jr

Werner Heisenberg
Heinsenberg ဟာရူပဗေဒ နိုဘယ်ဆုကို 1932 ခုနှစ်မှာ quantum mechanics ရဲ့ rule တစ်ခုဖြစ်တဲ့ subatomic particles တွေရဲ့ အပြု အမူကို ရှာဖွေ တွေ့ရှိခဲ့ တာကြောင့် ရရှိခဲ့ ပါတယ်။ Quantum Mechanics ဟာကျွန်တော်တို့ရဲ့ အဖြစ်မှန် ဆိုတဲ့ reality ပေါ်မှာ နားလည် မှုကို လုံးဝ ပြောင်းလဲ ပစ်ခဲ့တာပါ။ Light, electrons, atoms အပါအ၀င် အရာ အားလုံးဟာ particles ရော waves တွေအဖြစ်ပါ ပြုမူနေကြ ပါတယ်လို့ သူက ဆိုပါတယ်။ “uncertainty principle” ကကျွန်တော် တို့ဟာ particle တစ်ခုရဲ့ တည်နေရာနဲ့ အမြန်နှုန်းကို တိတိကျကျ သိရှိနိုင် ဖို့ မဖြစ်နိုင် ပါဘူးတဲ့။ Particle တစ်ခုရဲ့ တည်နေရာကို သိပေမယ့် သူဘယ်ကို သွားမလဲ ဘယ်လောက် အရှိန်နဲ့ သွားမလဲ ဆိုတာကို မသိနိုင် ဘူးလို့ ဆိုပါတယ်။

Werner Heisenberg

Jean-Paul Sartre
Sartre ဟာ၂၀ရာစု ပြင်သစ်ရဲ့ ထိပ်တန်း တွေးခေါ် ပညာရှင် တစ်ယောက် ဖြစ်ပြီး အထူးသဖြင့် Marxism နဲ့ existentialism တွေမှာ ဖြစ်ပါ တယ်။ သူဟာ 1964 ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်ဆု ပေးအပ်ခြင်း ခံရပေမယ့် လက်မခံဘဲ ငြင်းပယ် ခဲ့ပြီး သူ့အကြောင်းပြချက် ကတော့ အ ရှေ့နဲ့ အနောက် ယဉ်ကျေးမှု အားပြိုင်မှု ကြားမှာ ဘက်မလိုက် ချင်တာကြောင့် အနောက် ယဉ်ကျေးမှု နိုင်ငံ တစ်ခုက ချီးမြှင့်တဲ့ ဆုကို လက်မ ခံလိုဘူးလို့ ဆိုပါတယ်။ Sartre ဟာ 1943 မှာ existentialism ဆိုင်ရာ သူ့ရဲ့စာအုပ် ဖြစ်တဲ့ “Being and Nothingess” ကိုထုတ်ဝေ ခဲ့ပါတယ်။ 1957 စာပေဆိုင်ရာ နိုဘယ်ဆုရှင် ပြင်သစ်လူမျိုး စာရေးဆရာ Albert Camus နဲ့ပူးတွဲပြီး existentialism movement အနေနဲ့ လက်ရှိ နေ့စဉ် နေထိုင်မှုကို universal truths တွေ moral obligations တွေထက် အလေးထားဖို့ ဆောင်ရွက် ခဲ့ပါတယ်။

Jean-Paul Sartre

Mother Teresa
India နိုင်ငံသား အယ်ဘေးနီးယား လူမျိုး ရိုမန် ကက်သလစ် သီလရှင် တစ်ဦး ဖြစ်တဲ့ Mother Teresa ဟာ 1950 မှာ Calcutta, India မှာ သာသနာပြု ကျောင်းတွေကို တည်ထောင် ခဲ့ပါတယ်။ သူမဟာ နောက်၄၅နှစ် တိုင်တိုင် ဆင်းရဲ နွမ်းပါး၊ ကျန်းမာရေး ချို့တဲ့တဲ့ လူတွေ၊ မိဘမဲ့ က လေး တွေကို ကြည့်ရှု စောင့်ရှောက် ခဲ့တဲ့အပြင် ဒီလိုမျိုး သာသနာပြု ကျောင်းတွေကို India နိုင်ငံတွင်း အနှံ့နဲ့ နိုင်ငံ ပြင်ပထိ ကျယ်ပြန့် လာအောင် ကြိုးစား ခဲ့ပါတယ်။ သူမ သေဆုံးချိန် 1997 ခုနှစ် မှာတော့ နိုင်ငံပေါင်း ၁၂၃နိုင်ငံမှာ ဒီလို ဂေဟာပေါင်း ၆၁၀ထိ ရှိလာခဲ့ပြီး HIV, leprosy နဲ့ tuberculosis ရောဂါသည် တွေအတွက် ဆေးရုံတွေ၊ အိမ်တွေပါ တည်ဆောက်နိုင် ခဲ့ပါတယ်။ ဒါ့အပြင် မိဘမဲ့ ဂေဟာတွေ ကျောင်းတွေပါ တည်ထောင် ခဲ့ပါတယ်။ Mother Teresa ဟာ 1979 ခုနှစ်မှာ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး သူမ သေဆုံးပြီး နောက်မှာတော့ ပုပ်ရဟန်းမင်းကြီး John Paul II က သူတော်စင် (Saint) အဖြစ်နဲ့ ချီးမြှောက် ခဲ့ပြီး Blessed Teresa of Calcutta ဆိုတဲ့ နာမည် ပေးအပ် ခဲ့ပါတယ်။
Mother Teresam
www.mymclub.net

Related posts

0 comments:

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။