Semi Restore ကိုအသုံးပြုပြီး iPhone/iPod Touch/iPad ကို Jailbreak မပြယ်စေဘဲ Firmware အသစ်အတိုင်းပြန်ဖြစ်အောင်လုပ်နည်း
Posted in apple
No comments
Thursday, 17 October 2013 By htwe naing
ဒီပို့ စ်ကိုဘာကြောင့်ရေးတာလဲဆိုရင် "ကျွန်တော်နှင့် iPhone ပြဿနာ" ပို့ စ်အတွက်လိုအပ်
လို့ ရေးလိုက်တာပါ။Semi Restore ဆိုတာတော့ထွက်တာကြာပါပီ။Semi Restore လို့ ခေါ်တဲ့ Tool ကိုသုံးပီး IOS 5 မှ 6.1.2 အထိ Jailbreak လုပ်ထား
သော iPhone/iPod Touch/iPad ကို Jailbreak မပြယ်စေဘဲ Firmware အသစ်အတိုင်း
ဖြစ်အောင်လုပ်နည်းကိုပြသမှာဖြစ်ပါတယ်။Firmware ကိုအသစ်အတိုင်းဖြစ်အောင်ပြန်
လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက cydia tweaks တွေနဲ့  ဖုန်းတွင်းရှိ data တွေက
တော့ အကုန်ပျက်သွားမှာ ဖြစ်တဲ့အတွက် iTunes နဲ့  backup လုပ်ထားပါ။
လိုအပ်တဲ့ Tool ကိုအောက်ကလိပ်စာမှာယူလိုက်ပါ။
Download ရယူပီးရင်တော့ Zip ကိုဖြည်လိုက်ပါ။အဲ့ထဲက SemiRestore.exe ကို righ click
နှိပ်ပီး run as administrator နဲ့ ဖွင့်လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာပြီဆိုရင်တော့ မိမိရဲ့  iDevice ကို USB ကြိုးသုံးပီး ကွန်ပြူတာနဲ့ 
ချိတ်လိုက်ပါ။Device မချိတ်ရသေးခင် SemiRestore ဆိုတဲ့ခလုတ်လေးကမှိန်နေပါလိမ့်မယ်။

Device ကိုကွန်ပြူတာနဲ့ ချိတ်ပီးလို့  Device ကို ကွန်ပြူတာက သိသွားပီဆိုရင် SemiRestore
ခလုတ်လေးလင်းလာပါလိမ့်မယ်။အဲ့ဒီကျရင် SemiRestore ခလုတ်ကိုနှိပ်ပါ။
ဒါဆိုရင်တော့ Semi Restore Process စတင်လုပ်ဆောင်နေပီဖြစ်ပီး ခနာ့အကြာမှာ
မိမိတို့ ရဲ့ iPhone/iPad/iPod Touch ကိုအလိုအလျောက် reboot ပြုလုပ်ပါလိမ့်မယ်။
Semi Restore Process ပြီးပြီဆိုရင်တော့ ကွန်ပြူတာမှာ "Semi Restore Complete"
ဆိုတဲ့ message box လေးပေါ်လာရင်တော့ semi restore လုပ်တဲ့နည်းစဉ် အောင်မြင်စွာ
ပြီးဆုံးသွားပါပီ။Close နဲ့ ထွက်လိုက်ပါ။
Ref>>Myanmar Mobile Application Store
DOWNLOAD
+++++++++++++++++++++++++
Semi Restore for iPhone/iPad/iPod Touch (for window)
Semi Restore for iPhone/iPad/iPod Touch (for Mac OSX
အမျိုးကောင်းသား
Related posts
Share this post
0 comments: