Chrome,Firefox မှာ Tab တွေ ကို Hide/Restore လုပ်မယ်။
Posted in Browser
No comments
Thursday, 3 October 2013 By htwe naing
Browser တွေကနေ ၀က်ဆိုက်တွေ ကြည့်ရင်း Tab တွေများပြားလာတဲ့ အခြေအနေမျိုးကိုကြုံဖူးမှာပါ။ Tab တွေအများကြီးဖွင့်ထားတာဟာ System Memory ကို စားသုံးတဲ့အတွက် စက်လေးလံလာတတ်ပါတယ်။နောက်ပြီး Tab တွေများပြားတဲ့အတွက် Browsing လုပ်ရတာလည်း သိပ်ပြီးအဆင်မပြေတော့ပါဘူး။နောက်တစ်ချက်က သင့်ရဲ့  Privacy ကိုကာကွယ်ချင်ရင် Tabs တွေကို အမြန် Hide လုပ်နိုင်ဖို့ လိုပါတယ်။အဲဒီလို လုပ်ဖို့ အတွက် Chrome , Firefox မှာ Tab Management Extension တွေရှိပါတယ်။
Chrome မှာ OneTab ဆိုတဲ့ Extension က Tab တွေကို အမြန် Hide/Restore လုပ်ပေးနိုင်ပါတယ်။ OneTab ကိုအင်စတောလုပ်ပြီးရင် OneTab icon ကို URL Bar မှာတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ရင် ဖွင့်ထားတဲ့ Tabs တွေအားလုံးကို Tab တစ်ခုထဲမှာစုစည်းပေးထားမှာပါ။ သိမ်းပေးထားတဲ့ Tab တွေအားလုံးကိုပြန် Restore လုပ်နိုင်သလို တစ်ခုချင်းစီရွေးပြီးလည်း Restore လုပ်နိုင်ပါတယ်။မလိုအပ်တာတွေကိုလည်း Delete လုပ်နိုင်ပါတယ်။OneTab က သိမ်းထားတဲ့ Tabs တွေကို ရက်စွဲအလိုက် Group တွေခွဲပြီးသိမ်းပေးနိုင်တဲ့အတွက်နောက်နေ့ တွေ မှာပြန်အသုံးပြုချင်ရင်လည်းအဆင်ပြေစေပါတယ်။
Firefox
Firefox မှာ OneTab လို မျိုး Tabs တွေကို Hide/Restore လုပ်ဖို့ အတွက် TabStash ကိုသုံးနိုင်ပါတယ်။ TabStash ကိုအင်စတောလုပ်ပြီးရင် Firefox ရဲ့ ညာဘက်အောက်က Status Bar မှာ T button ကိုတွေ့ နိုင်ပါတယ်။အဲဒါကိုနှိပ်ရင် Tabs တွေအားလုံးကို Hide လုပ်ပေးမှာပါ။ လက်ရှိဖွင့်ထားတဲ့ Tab ကို တော့ဖွင့်ထားမြဲဖွင့်ပေးထားမှာပါ။ Tabs တွေကို ပြန် Restore လုပ်ချင်ရင်အဲဒီ T Button ကိုပြန်နှိပ်ပေးရုံပါပဲ။

Install OneTab From Chrome Web Store
Install OneTab From Chrome Web Store
Related posts
Share this post

Myanmar Kyat Converter
0 comments: